ၾကားသိသမွ်

ရဲမှူးချုပ် တင်ကိုကိုက ရှမ်းပြည်နယ်အတွင်းမှ ရဲတပ်ဖွဲ့ဝင်အားလုံး ဘေးကင်းရေး နတ်တင် ဆုတောင်း

ရဲမှူးချုပ် တင်ကိုကိုက ရှမ်းပြည်နယ်အတွင်းမှ ရဲတပ်ဖွဲ့ဝင်အားလုံး ဘေးကင်းရေး နတ်တင် ဆုတောင်း

ရှမ်းပြည်နယ်အတွင်းမှ ရဲတပ်ဖွဲ့ဝင်များအားလုံး ဘေးကင်းရေးအတွက်ဟုဆိုကာ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၏ ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကို

နှင့် ဇနီးက ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၉)ရက်နေ့က သီပေါမြို့ရှိ တုံစင့်ဘိုးဘိုးကြီးနတ်နန်းတွင် အုန်းပွဲငှက်ပျောပွဲတင်ကာ ဆုတောင်းနေရ

ကြောင်း သိရသည်။


သီပေါမြို့ရှိ တုံစင့် ဘိုးဘိုးကြီးနတ်နန်းတွင် “ရဲမှူးချုပ်တင်ကိုကိုနှင့် ဇနီး ဒေါ်အိအိထွန်း – “ရှမ်းပြည်နယ် ရှေ့၊ တောင်၊ မြောက်၊ တစ်ခွင်ရှိကြ

သော ရဲတပ်ဖွဲ့ဝင်အားလုံး လုပ်ငန်းများ အဆင်ပြေကြပါစေ။ ဘေးအန္တရာယ်အပေါင်း၊ ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးကြပါစေ၊ ကပ်ရောဂါ

ဘေး ကျော်လွှားနိုင်ကြပါစေ”ဟု စာသားချိတ်ထားသည့် အုန်းပွဲငှက်ပျောပွဲ တင်ထားသည်ကို တွေ့ရကြောင်း သိရသည်။


ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကိုသည် ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်ကြီးမြို့အပါအဝင် ဒေသအတွင်းမှ အာဏာသိမ်းမှုကိုဆန့်ကျင်

သူများအား ပစ်ခတ်နှိမ်နှင်း၊ ဖမ်းဆီးရာ၌ အမိန့်ပေးစေခိုင်းသူတစ်ဦးလည်းဖြစ်ပြီး အစည်းအဝေးများတွင် ယင်းကဲ့သို့ ပစ်ခတ်ဖမ်းဆီးပုံများ

ကို အားပါးတရပြန်လည်ပြောဆိုတတ်သူဖြစ်ကြောင်း သိရသည်။

ရဲမႉးခ်ဳပ္ တင္ကိုကိုက ရွမ္းျပည္နယ္အတြင္းမွ ရဲတပ္ဖြဲ႕ဝင္အားလုံး ေဘးကင္းေရး နတ္တင္ ဆုေတာင္း

ရွမ္းျပည္နယ္အတြင္းမွ ရဲတပ္ဖြဲ႕ဝင္မ်ားအားလုံး ေဘးကင္းေရးအတြက္ဟုဆိုကာ ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕၏ ရဲတပ္ဖြဲ႕မႉး ရဲမႉးခ်ဳပ္ တင္ကိုကိုႏွ

င့္ ဇနီးက ၂၀၂၁ ခုႏွစ္ ဒီဇင္ဘာလ (၉)ရက္ေန႔က သီေပါၿမိဳ႕ရွိ တုံစင့္ဘိုးဘိုးႀကီးနတ္နန္းတြင္ အုန္းပြဲငွက္ေပ်ာပြဲတင္ကာ ဆုေတာ

င္းေနရေၾကာင္း သိရသည္။

သီေပါၿမိဳ႕ရွိ တုံစင့္ ဘိုးဘိုးႀကီးနတ္နန္းတြင္ “ရဲမႉးခ်ဳပ္တင္ကိုကိုႏွင့္ ဇနီး ေဒၚအိအိထြန္း – “ရွမ္းျပည္နယ္ ေရွ႕၊ ေတာင္၊ ေျ

မာက္၊ တစ္ခြင္ရွိၾကေသာ ရဲတပ္ဖြဲ႕ဝင္အားလုံး လုပ္ငန္းမ်ား အဆင္ေျပၾကပါေစ။ ေဘးအႏၲရာယ္အေပါင္း၊ ရန္သူမ်ိဳးငါးပါးေဘးမွ က

င္းေဝးၾကပါေစ၊ ကပ္ေရာဂါေဘး ေက်ာ္လႊားနိုင္ၾကပါေစ”ဟု စာသားခ်ိတ္ထားသည့္ အုန္းပြဲငွက္ေပ်ာပြဲ တင္ထားသည္ကို ေ

တြ႕ရေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕မႉး ရဲမႉးခ်ဳပ္ တင္ကိုကိုသည္ ရွမ္းျပည္နယ္ေတာင္ပိုင္းရွိ ေတာင္ႀကီးၿမိဳ႕အပါအဝင္ ေဒသအတြင္းမွ အာဏာသိမ္းမႈကို

ဆန႔္က်င္သူမ်ားအား ပစ္ခတ္ႏွိမ္ႏွင္း၊ ဖမ္းဆီးရာ၌ အမိန႔္ေပးေစခိုင္းသူတစ္ဦးလည္းျဖစ္ၿပီး အစည္းအေဝးမ်ားတြင္ ယင္းကဲ့

သို႔ ပစ္ခတ္ဖမ္းဆီးပုံမ်ားကို အားပါးတရျပန္လည္ေျပာဆိုတတ္သူျဖစ္ေၾကာင္း သိရသည္။