ၾကားသိသမွ်

ရုရှားနှင့် စစ်ဖြစ်မည့် အလားအလာ ရှိနေပြီဟု ယူကရိန်းသမ္မတ ပြော

ယူကရိန်းနယ်စပ်အနီးမှာ ရုရှားတပ် ထောင်ပေါင်းများစွာ တပ်ချထားပြီး၊ စစ်ပြင်ဆင်မှုတွေ အကြီးအကျယ် လုပ်နေပြီး နှစ်နိုင်ငံကြား စစ်

ဖြစ်တော့မယ့် အလားအလား ရှိနေတယ်လို့ ယူကရိန်းသမ္မတက ပြောပါတယ်။

သမ္မတ ဇီလန်စကီးက “ရုရှားကျူးကျော်သူတွေရဲ့ရန်ကနေ နိုင်ငံအချုပ်အခြာနဲ့ လွတ်လပ်မှုကို ကာကွယ်ဖို့ ယူကရန်းတပ်သားတွေဟာ

အရေးကြီးဆုံးမစ်ရှင်ကို အစွမ်းကုန် ထမ်းရွက်ကြလိမ့်မယ်” လို့ ပြောပါတယ်။


ရုရှားဘက်ကတော့ ယူကရိန်းကို တိုက်ခိုက်တော့မယ်ဆိုတာဟာ မှားယွင်းစွာပုံဖော် ချဲ့ကားပြောဆိုမှုတွေသာ ဖြစ်တယ်လို့ ပြောပါတယ်။

သမ္မတ ဇီလန်စကီးဟာ ဒန်းယက်စ်ဒေသ ရှေ့တန်းစစ်မျက်နှာကိုသွားရောက်ပြီး ယူကရိန်းစစ်သား တွေကို အားပေးခဲ့ပါတယ်။

ဒန်းယက်စ်မှာ ၂၀၁၄ ခုနှစ်က ယူကရိန်းတပ်နဲ့ ရုရှားတပ်တွေ ပဋိပက္ခဖြစ်ခဲ့ပြီး လူ ၁၄၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။


ဇီလန်စကီးက ယူကရိန်း အရှေ့မြောက်ဘက် ခါကိမြို့ရှိ လက်နက်၊ တင့်ကားနဲ့ စစ်ယဉ်တွေ ထုတ်လုပ်တဲ့ စက်ရုံတွေကိုလည်း သွားခဲ့ပါ

တယ်။နေတိုးမဟာမိတ်အဖွဲ့အကူအညီနဲ့ စစ်လက်နက်တွေ တပ်ဆင်နိုင်တာကို ဂုဏ်ယူနေပါတယ်။


ယူကရိန်းဟာ တင့်ကားဖျက်ဒုံးယာဉ်တွေကို အမေရိကန်နဲ့ အခြားခေတ်မီ ဒရုန်းတွေကိုတော့ တူရကီဆီက ရရှိထားပြီး တောင်ဘက်ကမ်းရိုး

တမ်းတလျှောက်မှာလည်း ဗြိတိန်အကူအညီနဲ့ ရေတပ်သစ်တည်ဆောက်နေပါတယ်။


ယူကရိန်းနိုင်ငံ မြို့ကြီးတွေမှာလည်း ၁၉၉၁ ဆိုဗီယက်ယူနီယံအောက်က လွတ်လပ်ရေးရ ပြီးနောက် လွတ်လပ်သောစစ်တပ် တည်ထောင်

ခွင့်ရရှိမှု နှစ် ၃၀ ပြည့်အထိမ်းအမှတ်ကို ကျင်းပနေပါတယ်။

Zawgyi

ယူကရိန္းနယ္စပ္အနီးမွာ ႐ုရွားတပ္ ေထာင္ေပါင္းမ်ားစြာ တပ္ခ်ထားၿပီး၊ စစ္ျပင္ဆင္မႈေတြ အႀကီးအက်ယ္ လုပ္ေနၿပီး ႏွစ္နိုင္ငံၾကား စစ္ျဖစ္ေတာ့မယ့္ အလားအလား ရွိေနတယ္လို႔ ယူကရိန္းသမၼတက ေျပာပါတယ္။

သမၼတ ဇီလန္စကီးက “႐ုရွားက်ဴးေက်ာ္သူေတြရဲ့ရန္ကေန နိုင္ငံအခ်ဳပ္အျခာနဲ႔ လြတ္လပ္မႈကို ကာကြယ္ဖို႔ ယူကရန္းတပ္သားေတြဟာ အေရးႀကီးဆုံးမစ္ရွင္ကို အစြမ္းကုန္ ထမ္းရြက္ၾကလိမ့္မယ္” လို႔ ေျပာပါတယ္။

႐ုရွားဘက္ကေတာ့ ယူကရိန္းကို တိုက္ခိုက္ေတာ့မယ္ဆိုတာဟာ မွားယြင္းစြာပုံေဖာ္ ခ်ဲ႕ကားေျပာဆိုမႈေတြသာ ျဖစ္တယ္လို႔ ေျပာပါတယ္။

သမၼတ ဇီလန္စကီးဟာ ဒန္းယက္စ္ေဒသ ေရွ႕တန္းစစ္မ်က္ႏွာကိုသြားေရာက္ၿပီး ယူကရိန္းစစ္သား ေတြကို အားေပးခဲ့ပါတယ္။

ဒန္းယက္စ္မွာ ၂၀၁၄ ခုႏွစ္က ယူကရိန္းတပ္နဲ႔ ႐ုရွားတပ္ေတြ ပဋိပကၡျဖစ္ခဲ့ၿပီး လူ ၁၄၀၀၀ ေက်ာ္ ေသဆုံးခဲ့ပါတယ္။

ဇီလန္စကီးက ယူကရိန္း အေရွ႕ေျမာက္ဘက္ ခါကိၿမိဳ႕ရွိ လက္နက္၊ တင့္ကားနဲ႔ စစ္ယဥ္ေတြ ထုတ္လုပ္တဲ့ စက္႐ုံေတြကိုလည္း သြားခဲ့ပါတယ္။ေနတိုးမဟာမိတ္အဖြဲ႕အကူအညီနဲ႔ စစ္လက္နက္ေတြ တပ္ဆင္နိုင္တာကို ဂုဏ္ယူေနပါတယ္။

ယူကရိန္းဟာ တင့္ကားဖ်က္ဒုံးယာဥ္ေတြကို အေမရိကန္နဲ႔ အျခားေခတ္မီ ဒ႐ုန္းေတြကိုေတာ့ တူရကီဆီက ရရွိထားၿပီး ေတာင္ဘက္ကမ္းရိုးတမ္းတေလၽွာက္မွာလည္း ၿဗိတိန္အကူအညီနဲ႔ ေရတပ္သစ္တည္ေဆာက္ေနပါတယ္။

ယူကရိန္းနိုင္ငံ ၿမိဳ႕ႀကီးေတြမွာလည္း ၁၉၉၁ ဆိုဗီယက္ယူနီယံေအာက္က လြတ္လပ္ေရးရ ၿပီးေနာက္ လြတ္လပ္ေသာစစ္တပ္ တည္ေထာင္ခြင့္ရရွိမႈ ႏွစ္ ၃၀ ျပည့္အထိမ္းအမွတ္ကို က်င္းပေနပါတယ္။