ၾကားသိသမွ်

စစ်ဗျူဟာပညာရှင်များကိုယ်တိုင် အံ့ဩသွားစေခဲ့သော စစ်ကိုင်းတိုင်း

စစ်ဗျူဟာပညာရှင်များကိုယ်တိုင် အံ့ဩသွားစေခဲ့သော စစ်ကိုင်းတိုင်း

မြန်မာပြည်မှာ PDF စပေါ်ပြီး လက်နက်ကိုင်တော်လှန်ရေးစချိန်မှာ ပညာရှင်ဆိုသူများကလက်ရှိတပ်ဟာ နှစ် ၇၀ ကျော်အတွေ့အကြုံရှိလို့

မနိုင်နိုင်ဘူးပြောကြတပါတယ်။

နောက်ပညာရှင်ဆိုသူများကလဲ တရုတ်၊ အိန္ဒိယနဲ့ ထိုင်းက လက်နက်ထောက်ပံ့တာကို အားပေးမှာမဟုတ်လို့ မအောင်မြင်နိုင်ဘူးဆိုပါ

တယ်။ စင်ကာပူ ဝန်ကြီးဟောင်းက အမေရိကန်စစ်တပ်က မလာနိုင်ကြောင်း

ဒါကြောင့်စစ်ရေးအရ မဖြစ်နိုင်ကြောင်း အင်တာဗျူးမှာ ပြောခဲ့ကြပါတယ်။ အချို့ပညာရှင်များက လစ်ဗျားလို အနောက်ကဝင်လဲ မ

အောင်မြင်နိုင်သလို ဆီးရီးယားလို ထောက်ပံ့လဲ မအောင်မြင်နိုင်ကြောင်း ပြောခဲ့ကြပါတယ်။ ဒါက ဖေဖော်ဝါရီလမှာပါ။

သူတို့ပြောတာတွေက အမှန်လား? မှန်သင့်သလောက်မှန်ပါတယ်။ အမေရိကန်တပ် ဝင်မလာခဲ့ပါ။ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ အမေရိကန်၊

အင်္ဂလိပ်တို့က လက်နက်မထောက်ခဲ့ပါ။

ဒါဆိုရင်မအောင်မြင်တော့ဘူးလား? မြန်မာဟာ လစ်ဗျား၊ ဆီးရီးယားမဟုတ်ပါ။ မြန်မာလူမျိုးတွေဟာ လွတ်လပ်တဲ့လူမျိုးတွေပါ။ မြန်မာ

ပြည်မှာ ပထမဆုံး လစ်ဗျား၊ ဆီးရီးယားနဲ့မတူတာကတရားဝင်အစိုးရရှိပြီးသားပါ။


နောက် အာဆတ်တပ်ဟာ သူ့လူမျိုးအပေါ်မူတည်ပြီး ဖွဲ့ထားတာဖြစ်ပေမယ့် မအလတပ်က အချောင်သမား၊ မုဒိမ်းကောင်များနဲ့သာ ဖွဲ့ထား

တာပါ။အခြေခံစိတ်ဓာတ်မအလတပ်မှာ မရှိတော့ပါ။ စီစီဝမ်တာပန်တိုက်ခဲ့တဲ့ စိတ်ဓာတ်က ရာဇဝင်ထဲမှာ ကျန်ခဲ့ပါပြီ။

မအလတပ်ဟာ ဆန္ဒပြသူတွေကို ရက်စက်စွာ နှိမ်နင်းပြီးနောက်မှာ ပြည်သူအများစုကလက်နက်ကိုင်ဖို့ ဆုံးဖြတ်လိုက်ပုံပါ။ ဒီနေရာမှာ နဂို

ကလဲ တိုင်းရင်းသားဒေသတွေမှလက်နက်ကိုင်တွေရှိခဲ့ပါတယ်။

သူတို့တွေက လူမျိုးရေးအခြေခံဖွဲ့ထားလို့ သူတို့အင်အားကလူမျိုးကို အခြေခံရပါတယ်။ ယခင်ပွဲတွေက ဗမာမပါခဲ့ပါ။ ဒီပွဲမှာ ဗမာ့

သူရဲကောင်းတွေ မွေးထုတ်လေ့ရှိတဲ့ စစ်ကိုင်းနဲ့ မကွေးမြောက်ပိုင်း၊

မန္တလေးအချို့ဒေသတွေက ပါဝင်လာခဲ့ကြပါတယ်။ အစပိုင်းမှာ တူမီးလောက်သာရှိခဲ့ပါတယ်။ ငွေကြေးမလုံလောက်လို့ PDF တိုင်း

လက်နက်မရှိပါ။ ဒီနေရာမှာ မြန်မာလူမျိုးများက လက်နက်တွေကို စတင်ပြီး မိမိဖာသာထုတ်လုပ်လာခဲ့ကြပါတယ်။


မိုင်းတွေကိုလဲ စတင်တီထွင်ပြီး ခွဲလာခဲ့တာ တစ်ပွဲထက်တစ်ပွဲအားပိုကောင်းလာပါတယ်။ မအလတပ်က ရွာတွေမီးရှို့ လူတွေသတ် တုန့်ပြန်

ခဲ့ပေမယ့် လင်သေရင် မယားက PDF၊ အဖေသေရင် သားက PDF ဖြစ်လာခဲ့ပါတယ်။

ယခုဆိုရင် PDF ကပြည်ပအားမကိုးဘဲ လက်နက်ကြီး အသေးစားတွေတောင် စထွင်လာတာကို စစ်ကိုင်းတိုက်ပွဲတွေမှာ တွေ့လာနေရပါပြီ။

ယခင်က မိုင်းကြောက်နေရတဲ့ မအလတပ်ဟာ

ဘယ်ကမှန်းမသိတဲ့ လက်နက်ကြီးထိပြီး ဆေးရုံရောက်တာတွေ စရှိလာနေပါပြီ။ ဒါက ပြည်ပနိုင်ငံများက မကူညီတဲ့ကြားက

ကိုယ့်အားကိုယ်ကိုးပြီး ဖြစ်လာတဲ့ မြန်မာ့တော်လှန်ရေးပါ။


ဒီနေ့ဆိုရင် စစ်ကိုင်းမှာ PDF က ကုန်ကားတွေ အခွန်ဆောင်တာ စစ်နိုင်တဲ့အဆင့်အထိအုပ်ချုပ်မှုက မြင့်မားလာနေပါပြီ။ မအလကရက်

စက်စွာ တုန့်ပြန်နေပေမယ့်

သူမသိတာကစစ်ကိုင်းအနီးနားပတ်ဝန်းကျင်က မြန်မာ့သူရဲကောင်းတွေ ထွက်လေ့ရှိပြီး နိုင်ငံတော်သစ်ပေါ်လေ့ရှိတယ်ဆိုတာပါ။ နောက်

တော်လှန်ရေးမှာလက်နက်ကိုင်အဖွဲ့များစွာ ကွဲနေတာဟာရေရှည်မှာ ပြဿနာရှိနိုင်ပေမယ့် ရေတိုမှာစရဖကလိုက်မရဖြစ်စေခဲ့ပါတယ်။

စရဖက NUG ပို့တဲ့ လက်နက်အချို့ကို မိခဲ့ရင်တောင် အောက်ကအဖွဲ့တိုင်းက NUG အောက် မရှိသေးလို့အကုန်မမိနိုင်ခဲ့ပါ။ နောက် NUG

အောက်မဟုတ်တဲ့


အဖွဲ့အချို့ရှိလို့ ပြည်သူက မုန့်ဟင်းခါးကျွေးချင်လဲ NUG နဲ့ မပတ်သက်ဘဲ ပြည်ပနိုင်ငံတွေကို မျက်နှာပူစရာမလိုဘဲ ကျွေးလို့ရခဲ့ပါတယ်။

ဒါကအဖွဲ့ကွဲနေချင်းရဲ့ ရေတိုအားသာချက်ပါ။

တော်လှန်ရေးဟာ လွယ်သလားဆိုတော့ မလွယ်ပါ။ ပေးဆပ်ရတာတွေများပါတယ်။ ပေးဆပ်မှုတွေလဲ ရှိနေဆဲပါ။ ကားနဲ့အတိုက်ခံရတာ မီး

နဲ့အရှို့ခံရတာတွေက စိတ်မကောင်းစရာပါ။

ဒါပေမယ့် မအလတပ်ထဲမှာလဲ အထူးသဖြင့် စစ်ကိုင်းမှာသေတာက အများကြီးပါ။ တပ်တွေပိတ်မိတာ၊ ကျွံသွားတာတွေ ခဏခဏ ဖြစ်နေ

တာပါ။ဒါတွေကို ဒီလိုမျိုးအထိ ပြည်သူ့တပ်မတော် PDF က တိုက်နိုင်လိမ့်မယ့်လို့ ဘယ်ထင်ထားပါ့မလဲ။ တပ်ထဲက ရခိုင်စစ်မြေပြင်က

ပြန်လာသူအချို့တောင် ရခိုင်ကထက် ရဟတ်ယဉ်အကြိမ်များစွာခေါ်ပြီး ပစ်ကူတောင်းနေရတာ ဝန်ခံကြပါတယ်။

ဗျူဟာမှူးလဲလိုက် တိုက်လိုက် လုပ်နေပေမယ့် သေဆုံးနှုန်းက မအလတပ်မှာ မကျသွားခဲ့ပါ။ ယခုဆိုရင် ပညာရှင်ဆိုသူများက PDF က

အားကြီးလာပြီး မအလထွက်ပေးပြီး ဆွေးနွေးမှရမယ်လို့ လေသံပြောင်းလာကြပါပြီ။


ယခုအချိန်မှာ ပြည်ပရောက် မြန်မာလူမျိုးများကလဲ နေ့စဉ်နေ့တိုင်း လှူနေကြလို့ NUG ကလဲ လက်နက်တွေပို ဝယ်လာနိုင်မှာပါ။ နယ်မြေ

ထိန်းနိုင်ဖို့က NUG မှာ လက်နက်ကြီးတွေ၊ လေယဉ်ပစ်လက်နက်တွေလိုပါတယ်။

အနောက်နိုင်ငံတွေက ဒီနေ့ပေးရင် မကွေးကနေ ကချင်အထိ ချက်ခြင်းလွတ်လပ်ရေးရသွားမှာပါ။ မပေးရင် ပြည်ပက မြန်မာတွေရဲ့

ထောက်ပံ့မှုအပေါ် မှီခိုနေရလို့အချိန်ကြာပေမယ့် ပိုက်ဆံစုပြီး

လက်နက်ကြီးဝယ်တဲ့ပုံစံမိုလို့ အချိန်ကြာလာလေ ငွေများလာလေဖြစ်မှာပါ။ အချိန်ယူရနိုင်ပေမယ့် ယခုဆိုရင် စစ်ကိုင်းမှာ အချုပ်အခြာ

အာဏာကို NUG က စပြလို့ရနေပါပြီ။ စစ်ကိုင်းမှာ တရုတ်ကုမ္ပဏီ၊

အာဆီယံကုမ္ပဏီတွေဟာ NUG ကိုအသိအမှတ်ပြု အခွန်ဆောင်ရတော့မှာပါ။ အခွန်မဆောင်ရင် တရုတ်ပြည်မှာ၊ အာဆီယံမှာအခွန်မ

ဆောင်တဲ့သူတွေဟာ တည်ဆဲဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူခံရမှာပါ။ သူတို့ကိုအရေးယူနိုင်မှာပါ။ အရေးတော်ပုံက အောင်နေပါပြီ။

Crd..myattunoo

Zawgyi

စစ္ဗ်ဴဟာပညာရွင္မ်ားကိုယ္တိုင္ အံ့ဩသြားေေစခဲ့ေသာ စစ္ကိုင္းတိုင္း

ျမန္မာျပည္မွာ PDF စေပၚၿပီး လက္နက္ကိုင္ေတာ္လွန္ေရးစခ်ိန္မွာ ပညာရွင္ဆိုသူမ်ားကလက္ရွိတပ္ဟာ ႏွစ္ ၇၀ ေက်ာ္အေတြ႕အၾကဳံရွိလို႔ မနိုင္နိုင္ဘူးေျပာၾကတပါတယ္။

ေနာက္ပညာရွင္ဆိုသူမ်ားကလဲ တ႐ုတ္၊ အိႏၵိယနဲ႔ ထိုင္းက လက္နက္ေထာက္ပံ့တာကို အားေပးမွာမဟုတ္လို႔ မေအာင္ျမင္နိုင္ဘူးဆိုပါတယ္။ စင္ကာပူ ဝန္ႀကီးေဟာင္းက အေမရိကန္စစ္တပ္က မလာနိုင္ေၾကာင္း

ဒါေၾကာင့္စစ္ေရးအရ မျဖစ္နိုင္ေၾကာင္း အင္တာဗ်ဴးမွာ ေျပာခဲ့ၾကပါတယ္။ အခ်ိဳ႕ပညာရွင္မ်ားက လစ္ဗ်ားလို အေနာက္ကဝင္လဲ မေအာင္ျမင္နိုင္သလို ဆီးရီးယားလို ေထာက္ပံ့လဲ မေအာင္ျမင္နိုင္ေၾကာင္း ေျပာခဲ့ၾကပါတယ္။ ဒါက ေဖေဖာ္ဝါရီလမွာပါ။

သူတို႔ေျပာတာေတြက အမွန္လား? မွန္သင့္သေလာက္မွန္ပါတယ္။ အေမရိကန္တပ္ ဝင္မလာခဲ့ပါ။ တ႐ုတ္၊ အိႏၵိယ၊ ထိုင္း၊ အေမရိကန္၊ အဂၤလိပ္တို႔က လက္နက္မေထာက္ခဲ့ပါ။

ဒါဆိုရင္မေအာင္ျမင္ေတာ့ဘူးလား? ျမန္မာဟာ လစ္ဗ်ား၊ ဆီးရီးယားမဟုတ္ပါ။ ျမန္မာလူမ်ိဳးေတြဟာ လြတ္လပ္တဲ့လူမ်ိဳးေတြပါ။ ျမန္မာျပည္မွာ ပထမဆုံး လစ္ဗ်ား၊ ဆီးရီးယားနဲ႔မတူတာကတရားဝင္အစိုးရရွိၿပီးသားပါ။

ေနာက္ အာဆတ္တပ္ဟာ သူ႔လူမ်ိဳးအေပၚမူတည္ၿပီး ဖြဲ႕ထားတာျဖစ္ေပမယ့္ မအလတပ္က အေခ်ာင္သမား၊ မုဒိမ္းေကာင္မ်ားနဲ႔သာ ဖြဲ႕ထားတာပါ။အေျခခံစိတ္ဓာတ္မအလတပ္မွာ မရွိေတာ့ပါ။ စီစီဝမ္တာပန္တိုက္ခဲ့တဲ့ စိတ္ဓာတ္က ရာဇဝင္ထဲမွာ က်န္ခဲ့ပါၿပီ။

မအလတပ္ဟာ ဆႏၵျပသူေတြကို ရက္စက္စြာ ႏွိမ္နင္းၿပီးေနာက္မွာ ျပည္သူအမ်ားစုကလက္နက္ကိုင္ဖို႔ ဆုံးျဖတ္လိုက္ပုံပါ။ ဒီေနရာမွာ နဂိုကလဲ တိုင္းရင္းသားေဒသေတြမွလက္နက္ကိုင္ေတြရွိခဲ့ပါတယ္။

သူတို႔ေတြက လူမ်ိဳးေရးအေျခခံဖြဲ႕ထားလို႔ သူတို႔အင္အားကလူမ်ိဳးကို အေျခခံရပါတယ္။ ယခင္ပြဲေတြက ဗမာမပါခဲ့ပါ။ ဒီပြဲမွာ ဗမာ့သူရဲေကာင္းေတြ ေမြးထုတ္ေလ့ရွိတဲ့ စစ္ကိုင္းနဲ႔ မေကြးေျမာက္ပိုင္း၊

မႏၲေလးအခ်ိဳ႕ေဒသေတြက ပါဝင္လာခဲ့ၾကပါတယ္။ အစပိုင္းမွာ တူမီးေလာက္သာရွိခဲ့ပါတယ္။ ေငြေၾကးမလုံေလာက္လို႔ PDF တိုင္းလက္နက္မရွိပါ။ ဒီေနရာမွာ ျမန္မာလူမ်ိဳးမ်ားက လက္နက္ေတြကို စတင္ၿပီး မိမိဖာသာထုတ္လုပ္လာခဲ့ၾကပါတယ္။

မိုင္းေတြကိုလဲ စတင္တီထြင္ၿပီး ခြဲလာခဲ့တာ တစ္ပြဲထက္တစ္ပြဲအားပိုေကာင္းလာပါတယ္။ မအလတပ္က ရြာေတြမီးရွို႔ လူေတြသတ္ တုန႔္ျပန္ခဲ့ေပမယ့္ လင္ေသရင္ မယားက PDF၊ အေဖေသရင္ သားက PDF ျဖစ္လာခဲ့ပါတယ္။

ယခုဆိုရင္ PDF ကျပည္ပအားမကိုးဘဲ လက္နက္ႀကီး အေသးစားေတြေတာင္ စထြင္လာတာကို စစ္ကိုင္းတိုက္ပြဲေတြမွာ ေတြ႕လာေနရပါၿပီ။ ယခင္က မိုင္းေၾကာက္ေနရတဲ့ မအလတပ္ဟာ

ဘယ္ကမွန္းမသိတဲ့ လက္နက္ႀကီးထိၿပီး ေဆး႐ုံေရာက္တာေတြ စရွိလာေနပါၿပီ။ ဒါက ျပည္ပနိုင္ငံမ်ားက မကူညီတဲ့ၾကားက ကိုယ့္အားကိုယ္ကိုးၿပီး ျဖစ္လာတဲ့ ျမန္မာ့ေတာ္လွန္ေရးပါ။

ဒီေန႔ဆိုရင္ စစ္ကိုင္းမွာ PDF က ကုန္ကားေတြ အခြန္ေဆာင္တာ စစ္နိုင္တဲ့အဆင့္အထိအုပ္ခ်ဳပ္မႈက ျမင့္မားလာေနပါၿပီ။ မအလကရက္စက္စြာ တုန႔္ျပန္ေနေပမယ့္

သူမသိတာကစစ္ကိုင္းအနီးနားပတ္ဝန္းက်င္က ျမန္မာ့သူရဲေကာင္းေတြ ထြက္ေလ့ရွိၿပီး နိုင္ငံေတာ္သစ္ေပၚေလ့ရွိတယ္ဆိုတာပါ။ ေနာက္ေတာ္လွန္ေရးမွာလက္နက္ကိုင္အဖြဲ႕မ်ားစြာ ကြဲေနတာဟာေရရွည္မွာ ျပႆနာရွိနိုင္ေပမယ့္ ေရတိုမွာစရဖကလိုက္မရျဖစ္ေစခဲ့ပါတယ္။

စရဖက NUG ပို႔တဲ့ လက္နက္အခ်ိဳ႕ကို မိခဲ့ရင္ေတာင္ ေအာက္ကအဖြဲ႕တိုင္းက NUG ေအာက္ မရွိေသးလို႔အကုန္မမိနိုင္ခဲ့ပါ။ ေနာက္ NUG ေအာက္မဟုတ္တဲ့

အဖြဲ႕အခ်ိဳ႕ရွိလို႔ ျပည္သူက မုန႔္ဟင္းခါးေကၽြးခ်င္လဲ NUG နဲ႔ မပတ္သက္ဘဲ ျပည္ပနိုင္ငံေတြကို မ်က္ႏွာပူစရာမလိုဘဲ ေကၽြးလို႔ရခဲ့ပါတယ္။ ဒါကအဖြဲ႕ကြဲေနခ်င္းရဲ့ ေရတိုအားသာခ်က္ပါ။

ေတာ္လွန္ေရးဟာ လြယ္သလားဆိုေတာ့ မလြယ္ပါ။ ေပးဆပ္ရတာေတြမ်ားပါတယ္။ ေပးဆပ္မႈေတြလဲ ရွိေနဆဲပါ။ ကားနဲ႔အတိုက္ခံရတာ မီးနဲ႔အရွို႔ခံရတာေတြက စိတ္မေကာင္းစရာပါ။

ဒါေပမယ့္ မအလတပ္ထဲမွာလဲ အထူးသျဖင့္ စစ္ကိုင္းမွာေသတာက အမ်ားႀကီးပါ။ တပ္ေတြပိတ္မိတာ၊ ကၽြံသြားတာေတြ ခဏခဏ ျဖစ္ေနတာပါ။

ဒါေတြကို ဒီလိုမ်ိဳးအထိ ျပည္သူ႔တပ္မေတာ္ PDF က တိုက္နိုင္လိမ့္မယ့္လို႔ ဘယ္ထင္ထားပါ့မလဲ။ တပ္ထဲက ရခိုင္စစ္ေျမျပင္က ျပန္လာသူအခ်ိဳ႕ေတာင္ ရခိုင္ကထက္ ရဟတ္ယဥ္အႀကိမ္မ်ားစြာေခၚၿပီး ပစ္ကူေတာင္းေနရတာ ဝန္ခံၾကပါတယ္။

ဗ်ဴဟာမႉးလဲလိုက္ တိုက္လိုက္ လုပ္ေနေပမယ့္ ေသဆုံးႏႈန္းက မအလတပ္မွာ မက်သြားခဲ့ပါ။ ယခုဆိုရင္ ပညာရွင္ဆိုသူမ်ားက PDF က အားႀကီးလာၿပီး မအလထြက္ေပးၿပီး ေဆြးေႏြးမွရမယ္လို႔ ေလသံေျပာင္းလာၾကပါၿပီ။

ယခုအခ်ိန္မွာ ျပည္ပေရာက္ ျမန္မာလူမ်ိဳးမ်ားကလဲ ေန႔စဥ္ေန႔တိုင္း လႉေနၾကလို႔ NUG ကလဲ လက္နက္ေတြပို ဝယ္လာနိုင္မွာပါ။ နယ္ေျမထိန္းနိုင္ဖို႔က NUG မွာ လက္နက္ႀကီးေတြ၊ ေလယဥ္ပစ္လက္နက္ေတြလိုပါတယ္။

အေနာက္နိုင္ငံေတြက ဒီေန႔ေပးရင္ မေကြးကေန ကခ်င္အထိ ခ်က္ျခင္းလြတ္လပ္ေရးရသြားမွာပါ။ မေပးရင္ ျပည္ပက ျမန္မာေတြရဲ့ ေထာက္ပံ့မႈအေပၚ မွီခိုေနရလို႔အခ်ိန္ၾကာေပမယ့္ ပိုက္ဆံစုၿပီး

လက္နက္ႀကီးဝယ္တဲ့ပုံစံမိုလို႔ အခ်ိန္ၾကာလာေလ ေငြမ်ားလာေလျဖစ္မွာပါ။ အခ်ိန္ယူရနိုင္ေပမယ့္ ယခုဆိုရင္ စစ္ကိုင္းမွာ အခ်ဳပ္အျခာ အာဏာကို NUG က စျပလို႔ရေနပါၿပီ။ စစ္ကိုင္းမွာ တ႐ုတ္ကုမၸဏီ၊

အာဆီယံကုမၸဏီေတြဟာ NUG ကိုအသိအမွတ္ျပဳ အခြန္ေဆာင္ရေတာ့မွာပါ။ အခြန္မေဆာင္ရင္ တ႐ုတ္ျပည္မွာ၊ အာဆီယံမွာအခြန္မေဆာင္တဲ့သူေတြဟာ တည္ဆဲဥပေဒနဲ႔အညီ ထိေရာက္စြာ အေရးယူခံရမွာပါ။ သူတို႔ကိုအေရးယူနိုင္မွာပါ။ အေရးေတာ္ပုံက ေအာင္ေနပါၿပီ။

Crd..myattunoo