ၾကားသိသမွ်

လူ့အခွင့်အရေးနေ့တွင် မကွေးမြို့က စျေးဆိုင်များမပိတ်ရန် ဆိုင်ရှင်တချို့ကို လက်မှတ်ထိုးခိုင်း

မကွေးမြို့က စျေးဆိုင်ပိုင်ရှင်အချို့ကို လာမယ့် ဒီဇင်ဘာ ၁၀ ရက် “လူ့အခွင့်အရေးနေ့” မှာ စျေးဆိုင်တွေမပိတ်ဖို့ စျေးဆိုင်ပိုင်ရှင်အချို့ကို

စစ်ကောင်စီလက်အောက်ခံ စည်ပင်ဝန်ထမ်းတွေက လိုက်လံလက်မှတ်ထိုးခိုင်းနေတယ်လို့ သိရပါတယ်။

မကွေးမြို့က ကုန်စုံဆိုင်ပိုင်ရှင်တဦးက “မနေ့က (ဒီဇင်ဘာ ၈) နေ့လည်ပိုင်းက စည်ပင်ဝန်ထမ်းတွေရောက်လာတယ်။ ဒီဇင်ဘာ ၁၀ ရက်

နေ့ကို ဆိုင်မပိတ်ဖို့ လက်မှတ်ထိုးပေးပါဆိုပြီးလာတယ်။ စကားပြောရမှာ မတန်တာနဲ့ လက်မှတ်ထိုးပေးလိုက်တယ်။ ဒါပေမယ့် ၁၀ ရက်နေ့

ကျရင် ဆိုင်ကတော့ပိတ်မှာပါ။ ကိုယ်ကျရာနေရာကနေ ပြည်သူ့အတွက် တာဝန်ထမ်းဆောင်ရတာပဲ” လို့ ပြောပါတယ်။


စည်ပင်ဝန်ထမ်းတွေဟာ ဒီဇင်ဘာ ၁၀ ရက်နေ့ စျေးဆိုင်တွေမပိတ်ဖို့ တချို့စျေးဆိုင်ပိုင်ရှင်တွေကို လက်မှတ်ရေးထိုးခိုင်းပြီး တချို့ကိုတော့

နှုတ်နဲ့သာ ပြောဆိုသွားကြတယ်လို့ စျေးဆိုင်ပိုင်ရှင်တွေဆီက သိရပါတယ်။

စတိုးဆိုင်ပိုင်ရှင်တဦးက “စည်ပင်ကလူတွေက ဒီဇင်ဘာ ၁၀ ရက်နေ့ကို စျေးဆိုင်တွေမပိတ်ဖို့ နှုတ်နဲ့ပြောသွားတယ်။

ဘာကြောင့်မပိတ်ရမှာလဲမေးတော့ ပြန်မဖြေကြဘူး။ သူတို့က ကြောက်နေကြတာလေ။ အကြမ်းဖက်စစ်ကောင်စီ အုပ်ချုပ်ခွင့်မရအောင်

ဆိုင်တွေကတော့ ပိတ်ကြမှာပါ။ အဲ့ဒီနေ့မပိတ်တဲ့ဆိုင်တွေကို နောက်နောင်မှာ ပြည်သူတွေ စျေးမဝယ်ကြတော့နဲ့ဗျာ” လို့ ပြောပါတယ်။


လာမယ့် ဒီဇင်ဘာ ၁၀ ရက်နေ့ ကျရောက်မယ့် “လူ့အခွင့်အရေးနေ့” မှာ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ မနက် ၁၀ နာရီမှ ညနေ

၄ နာရီအထိ တိတ်ဆိတ်ခြင်းသပိတ် (Silent Strike) ပြုလုပ်သွားမှာဖြစ်လို့ ပြည်သူလူထုတရပ်လုံးပါဝင်ကြဖို့ အထွေထွေသပိတ်ပေါင်းစပ်

ညှိနှိုင်းရေးအင်အားစု (GSCB) က တိုက်တွန်းနှိုးဆော်ထားပါတယ်။ DVB

မေကြးၿမိဳ႕က ေစ်းဆိုင္ပိုင္ရွင္အခ်ိဳ႕ကို လာမယ့္ ဒီဇင္ဘာ ၁၀ ရက္ “လူ႔အခြင့္အေရးေန႔” မွာ ေစ်းဆိုင္ေတြမပိတ္ဖို႔ ေစ်းဆိုင္ပိုင္ရွင္အခ်ိဳ႕ကို

စစ္ေကာင္စီလက္ေအာက္ခံ စည္ပင္ဝန္ထမ္းေတြက လိုက္လံလက္မွတ္ထိုးခိုင္းေနတယ္လို႔ သိရပါတယ္။

မေကြးၿမိဳ႕က ကုန္စုံဆိုင္ပိုင္ရွင္တဦးက “မေန႔က (ဒီဇင္ဘာ ၈) ေန႔လည္ပိုင္းက စည္ပင္ဝန္ထမ္းေတြေရာက္လာတယ္။ ဒီဇင္ဘာ ၁၀ ရက္ေန႔ကို

ဆိုင္မပိတ္ဖို႔ လက္မွတ္ထိုးေပးပါဆိုၿပီးလာတယ္။ စကားေျပာရမွာ မတန္တာနဲ႔ လက္မွတ္ထိုးေပးလိုက္တယ္။ ဒါေပမယ့္ ၁၀ ရက္ေန႔က်ရင္

ဆိုင္ကေတာ့ပိတ္မွာပါ။ ကိုယ္က်ရာေနရာကေန ျပည္သူ႔အတြက္ တာဝန္ထမ္းေဆာင္ရတာပဲ” လို႔ ေျပာပါတယ္။

စည္ပင္ဝန္ထမ္းေတြဟာ ဒီဇင္ဘာ ၁၀ ရက္ေန႔ ေစ်းဆိုင္ေတြမပိတ္ဖို႔ တခ်ိဳ႕ေစ်းဆိုင္ပိုင္ရွင္ေတြကို လက္မွတ္ေရးထိုးခိုင္းၿပီး တ

ခ်ိဳ႕ကိုေတာ့ ႏႈတ္နဲ႔သာ ေျပာဆိုသြားၾကတယ္လို႔ ေစ်းဆိုင္ပိုင္ရွင္ေတြဆီက သိရပါတယ္။

စတိုးဆိုင္ပိုင္ရွင္တဦးက “စည္ပင္ကလူေတြက ဒီဇင္ဘာ ၁၀ ရက္ေန႔ကို ေစ်းဆိုင္ေတြမပိတ္ဖို႔ ႏႈတ္နဲ႔ေျပာသြားတယ္။ ဘာေၾကာင့္မပိတ္ရ

မွာလဲေမးေတာ့ ျပန္မေျဖၾကဘူး။ သူတို႔က ေၾကာက္ေနၾကတာေလ။ အၾကမ္းဖက္စစ္ေကာင္စီ အုပ္ခ်ဳပ္ခြင့္မရေအာင္ ဆို

င္ေတြကေတာ့ ပိတ္ၾကမွာပါ။ အဲ့ဒီေန႔မပိတ္တဲ့ဆိုင္ေတြကို ေနာက္ေနာင္မွာ ျပည္သူေတြ ေစ်းမဝယ္ၾကေတာ့နဲ႔ဗ်ာ” လို႔

ေျပာပါတယ္။လာမယ့္ ဒီဇင္ဘာ ၁၀ ရက္ေန႔ က်ေရာက္မယ့္ “လူ႔အခြင့္အေရးေန႔” မွာ ျမန္မာတစ္နိုင္ငံလုံး အတိုင္းအတာအေနနဲ႔

မနက္ ၁၀ နာရီမွ ညေန ၄ နာရီအထိ တိတ္ဆိတ္ျခင္းသပိတ္ (Silent Strike) ျပဳလုပ္သြားမွာျဖစ္လို႔ ျပည္သူလူထုတရပ္လုံးပါဝင္ၾကဖို႔

အေထြေထြသပိတ္ေပါင္းစပ္ညႇိႏွိုင္းေရးအင္အားစု (GSCB) က တိုက္တြန္းႏွိုးေဆာ္ထားပါတယ္။ DVB