ၾကားသိသမွ်

ဇာတ်ရည်လည်ကြတော့မယ်

ဇာတ်ရည်လည်ကြတော့မယ်။

ကုလမှာတော့ 𝗡𝗨𝗚 နဲ့ ပြည်သူ့ကိုယ်စား ဦးကျော်မိုးထွန်းရဲ့ ရပ်တည်မှုက ပြတ်သားသွားပါပြီ။ ကုလ 𝗖𝗿𝗲𝗱𝗲𝗻𝘁𝗶𝗮𝗹 𝗖𝗼𝗺𝗺𝗶𝘁𝘁𝗲 အထွေထွေ

ညီလာခံက တရားဝင်ဆုံးဖြတ်ချက်မကျသေးခင် သောက်ခေါမယောက်ျားဟာ အကျင့်တန်စွာ ခဏတာငြိမ်ပြလိုက်ပါသေးတယ်။ ဥပဒေ

ကြောင်းအရ 𝗡𝗟𝗗 ကို တရားစွဲထားရပေမယ့် ပုဂ္ဂိုလ်ရေးအာဃာတမရှိပါဘူးဗျာဆိုတဲ့ သောက်ချိုးနဲ့ မျက်နှာပြောင်တိုက်ပြီး 𝗡𝗟𝗗 နာယက

ကို ဂါရဝသွားပြုလိုက်သေးတယ်။ မူရင်းစောက်ချိုးမပြောင်းတဲ့ စောက်ပုကျွန်တွေရဲ့ ရက်စက်ယုတ်မာမှုဟာ တစ်နေ့တည်းမှာပဲ ခလေးတွေ

ကို ကားနဲ့တိုက်သတ်တဲ့အကျိုးထူးအနေနဲ့ ကုလရဲ့အဆုံးအဖြတ်ကို ယတိပြတ််ချလိုက်နိုင်ခဲ့ကြတယ်။


မနက်က ကလေးမြို့၊ 𝗧𝗨 ကနေ တောင်ဘက်ကို စခတွေ ခြေလျင်ချီတက်တော့ သူတို့ကိုထိရင် လယ်ရိတ်နေတဲ့တောင်သူတွေကိုပစသတ််

မယ်လို့ ကြုံးဝါးပြီး အပြစ်မဲ့ပြည်သူကို အကာအကွယ်ယူသွားတယ်။ ဓါးပြဂိုဏ်းချုပ်က မလုပ်ရဲတာ ဘာမှမရှိဘူးဆိုပြီး ဖျာလိပ်ခေါင်းထဲကို

နှုတ်သီးထိုးဝင်တယ်။ ခိုင်းဖတ်တွေကလည်း မတရားလုပ်တဲ့နေရာမှာ ပြိုင်စံရှားအောင် ကမ္ဘာကိုချပြတယ်။ ကားနဲ့တိုက်သတ်တယ်။ ဒင်နဲ့

ထုသတ်တယ်။ နောက်နှစ်ရက်အကြာမှာ အရှင်လတ်လတ်ကို ကြိုးတုတ်ပြီး မီးမြှိုက်သတ်တယ်။ ရက်စက်မှုအပေါင်းကတော့ ဟစ်တလာ

တောင်သေရွာကထလာပြီး သရဖူးဆောင်း ဂုဏ်ပြုရလောက်အောင်ကြမ်းကြုတ်တဲ့ အဖွဲ့အစည်းဖြစ်တယ်။ ကလေးနယ်မှာလည်း ရောက်

တဲ့အရပ်မီးရှို့ပြီး ၊ အိုးမြေထူးဆိုတဲ့ရွာမှာ အပြစ်မဲ့တောင်သူနှစ်ဦးကို မီးရှို့သတ်ခဲ့သေးတယ်။ “ခုခံရင် တစ်ရွာလုံးပြာကျမယ်” ဆိုတဲ့စကားကို

ဂါထာလိုအကွယ်အကာယူပြီး အိမ်လေး ဆယ်လုံးလောက်ပဲမီးရှို့တာကို ကျေးဇူးတင်ရမတတ်ဖြစ်အောင် ကယ်တင်ရှင်ကြီးလုပ်တတ်ကြ

သေးတယ်။သုစရိတစက်ဝန်းမှာ ဘယ်လိုမှရှင်သန်ခွင့်မပေးသင့်တဲ့ လူယုတ်မာတွေဆိုတာပိုပိုပြီး ထင်ရှားလာတယ်။


မကြာခင်အသက်ထွက်ရတော့မယ့် ကြင်စိုးဟာ 𝗟𝗲𝗲 𝗟𝗲𝗲 𝗟𝗮𝗿 𝗟𝗮𝗿 တွေထလုပ်တယ်။ အသက်ကို အာမခံပြီး စစ်တပ်ကိုဆက်လက်

ရပ်တည်ခွင့်ပေးရမယ်တဲ့။ ရဲမယားပါမကျန် စစ်သင်တန်းတက်ခိုင်းပြီး သူ့ဘဝကို ကာကွယ်ခိုင်းတော့မယ်။ အရွယ်စုံကို ထင်သလိုသတ်ပြီး

သူ့ဘဝကျမှ တန်ဖိုးရှိနေလိုက်တာ မြင်လို့တောင်မကောင်းပါ။ အမှန်မမြင် ဘုရင်ရူးကို ကာကွယ်ချင်ရင်လည်း အသေခံပြီးမှသာ ကာကွယ်

ကြစမ်းပါ၊ အားလုံးက မောင်းတင်ပြီးသားဖြစ်တယ်။ နိုင်ငံသားတိုင်းလိုချင်တာက ပြည်သူကို လူလိုဆက်ဆံပြီး ဖယ်ဒရယ်ဒီမိုကရေစီ

တည်ဆောက်ရေးမှာ တိုင်းပြည်ကို ကာကွယ်ပေးတဲ့ တပ်မတော်ပါ။ သူတောင်းစားဂိုဏ်းမှာ လူထုကိုတန်ဖိုးထားတဲ့ စစ်သား တစ်ကောင်မှ

မရှိပါ။ အာဏာရှင်ကို ဦးထိပ်ထား၊ အထက်ဖား အောက်ဖိ ကြူကြူလှ𝗦𝗼𝘂𝘁𝗵စိကို ငုံနေရရင် ဘဝထင်နေတဲ့ ကောင်တွေချည်း။


တော်လှန်ရေးအင်အားစုကလည်းပြတ်တယ်။ လူထုကိုချစ်တာထက် ကိုယ့်ကိုကိုယ်ချစ်ရင် အမြန်ထွက်လာခဲ့ကြ။ အာဏာရှင်ကို တော်လှန်

ဖို့ အရင်ကလည်းခေါ်တယ်။ အခုလည်း ကြိုဆိုတယ်။ ဉာဏ်နီဉာဏ်နက်တော့ မများနဲ့။ ၂၀၂၁ မှာ မရတော့ဘူး။ လိမ်ဆင်ပေါ်လာရင် အမှုန့်

ချေခံရမယ်။ စစ်ရာဇဝတ်ကောင်ကို မသတ်ရဘူးမပြောနဲ့၊ သူလျှို ဒလန် သေမင်းထံပဲ။ စစ်တပ်ကလွှတ်လို့ အရပ်ဝတ်နဲ့ထောင့်ကပ်နေတဲ့

ကောင်တွေလည်း သတိထား။ ရခိုင်မှာ အညာစောင်သည်ဟန်ဆောင်တဲ့ စခ(၃)ကောင် အရှင်းခံရတာမှတ်မိဦးမှာပါ။ အေး အခုလည်း ပြည်

သူကသွေးကြွေးအတွက်ဓါးသွေးစောင့်နေတယ်ဆိုတာ သိဖို့လိုတယ်။ ဆားလင်းကြီး၊ ဒုန်းတော၊ကိုင်းပင်ကြား၊ ကြိုးတုပ်၊ မီးရှို့၊ ရုန်းကန်၊

အော်သံ၊ တစ်တိုင်းပြည်လုံးရဲ့ရင်အစုံကို ဒဲ့မှန်တဲ့နေ့စွဲအတွက် မကြေပွဲကိုနွှဲတဲ့အခါ ဘွာမခတ်ကြေးပါ သောင်းလှိုင်သားရာ။ Credit;