ၾကားသိသမွ်

ကချင်ရိုးရာမနော ပွဲတော်ကို လူတစ်ရာထက်မပိုဘဲ အကျဉ်းချုပ်ပြုလုပ်ဖို့ WHG နှင့်ပြည်နယ်အစိုးရ သဘောတူဆုံးဖြတ်

ကချင်ရိုးရာမနောပွဲတော်ကို လူတစ်ရာထက်မပိုဘဲ အကျဉ်းချုပ်ပြုလုပ်ဖို့ WHG နှင့်ပြည်နယ်အစိုးရ သဘောတူဆုံးဖြတ်

မြစ်ကြီးနား၊ ဒီဇင်ဘာ ၈

ကချင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် နှစ်စဉ်စည်ကားသိုက်မြိုက်စွာပြုလုပ်ကျင်းပလျက်ရှိသည့် ကချင်ရိုးရာ မနောပွဲတော်ကို လူတစ်ရာ

ထက်မပိုပဲ အကျဉ်းချုပ်ဖြင့်သာပြုလုပ်ရန် မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာ ယဉ်ကျေးမှု အသင်း (WHG) နှင့် ပြည် နယ်အစိုးရတို့ သဘောတူ

ဆုံးဖြတ်ထားပြီဖြစ်ကြောင်းသိရသည်။

လာမည့်ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ကျရောက်မည့် ၇၃ ကြိမ်မြောက် ကချင်ပြည် နယ် နေ့ မနောပွဲတော်ကျင်းပနိုင်ရေးအတွက် ယမန်နေ့

ဒီဇင်ဘာလ ၇ ရက်နေ့တွင် မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်း(WHG)နှင့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်တို့

တွေ့ဆုံဆွေးနွေးခဲ့ပြီး မနောပွဲတော်ကို လူတစ်ရာထက်မပိုပဲ အကျဉ်းချုပ်ပြုလုပ်ရန် သဘောတူ ဆုံးဖြတ်ခဲ့ကြောင်း WHG ဥက္ကဋ္ဌဦးလနူးက

ဆိုသည်။


”ကျွန်တော်တို့ရဲ့ ဇန်နဝါရီလ ဆယ်ရက်နေ့အတွက် ကချင်ပြည်နယ်နေ့အခမ်းအနားဟာ ကိုဗစ်နိုင်တင်း စည်းကမ်းချက်အရ လူတစ်ရာ

ထက်ပိုပြီးမစုရုံးရဆိုတဲ့အတွက်ကြောင့် လူတစ်ရာထက်မပိုပဲ အကျဉ်းချုပ်ပုံစံပြုလုပ်ဖို့ မနေ့က ဝန်ကြီးချုပ်နဲ့တွေ့တဲ့အခါ လမ်းညွန်ထားပါ

တယ်။ဒါကြောင့်မို့လို့ လာမယ့်ကချင်ပြည်နယ်နေ့ အထိမ်း အမှတ်ကို အခမ်းအနားပဲလုပ်မှာဖြစ်ပါတယ်။”ဟု ဥက္ကဋ္ဌဦးလနူးကပြောသည်။

ထို့ကြောင့် ၇၃ကြိမ်မြောက် ကချင်ပြည်နယ်နေ့ကို ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ရှိ မြက်ခင်းစိမ်းပြင်တွင်ပြုလုပ်သွားမည်ဖြစ်ပြီး လူတစ်

ရာထက်မပိုသည့်အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့မှပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကချင်မျိုးနွယ်စု

ခြောက်မျိုးမှ တာဝန်ရှိသူများသာတက်ရောက်နိုင်မည်ဖြစ်ကြောင်းသိရသည်။


ကချင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ်ပြုလုပ်သည့် မနောပွဲတော်ကိုယခင်နှစ်များကပုံမှန်အားဖြင့် ဇန်နဝါရီလ ၅ ရက်နေ့နှင့် ၁၂ ရက်နေ့

အတွင်း ၇ ရက်၊ ၈ ရက်ခန့်ကြာအောင် မြစ်ကြီးနားမြို့၊စီတာပူရပ်ကွက်ရှိ မနောကွင်းတွင် နှစ်စဉ်စည်ကားသိုက်မြိုက်စွာကျင်းပခဲ့

သော်လည်း ပြီးခဲ့သည့်၂၀၂၀ ခုနှစ်တွင် ကိုဗစ်ကပ်ရောဂါကြောင့် အကျဉ်းချုပ်ဖြင့်သာပြုလုပ်ခဲ့သည်။

၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးရရှိခဲ့ပြီးနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတ သမ္မတစဝ်ရွှေ

သိုက်သည် ကချင်ပြည်နယ်ကောင်စီဥက္ကဌ ဒူဝါဆင်ဝါးနောင်သို့ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကို ပေးအပ်၍ ကချင်ပြည်နယ်အစိုးရကို

ဖွဲ့စည်းကာ ဇန်နဝါရီလ ၁၀ ရက်နေ့ကိုကချင်ပြည်နယ်နေ့အဖြစ် တရားဝင် အသိအမှတ်ပြု သတ်မှတ်ခဲ့သည်။ မိုးညို