ၾကားသိသမွ်

မင်းအောင်လှိုင်သမီးပိုင် ရုပ်ရှင်ကုမ္ပဏီ၊ စစ်တပ်ပိုင်Mytelနှင့် မြန်မာဘီယာအပါအဝင် စစ်တပ် ဆက်နွယ်သော စီးပွားရေးလုပ်ငန်းများ၏ Page များ Facebook က စတင်ဖယ်ရှားပိတ်ပင်

မင်းအောင်လှိုင်သမီးပိုင် ရုပ်ရှင်ကုမ္ပဏီ၊ စစ်တပ်ပိုင်Mytelနှင့် မြန်မာဘီယာအပါအဝင် စစ်တပ် ဆက်နွယ်သော စီးပွားရေးလုပ်ငန်းများ၏

Page များ Facebook က စတင်ဖယ်ရှားပိတ်ပင်

ရန်ကုန်၊ ဒီဇင်ဘာ ၈

အကြမ်းဖက် လူသတ် ဖက်ဆစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိသက်မွန်ပိုင် 7 th Sense Creation ၊ စစ်တပ်ပိုင်

မြန်မာဘီယာ၊ စစ်တပ်ပိုင် Mytel ကုမ္ပဏီတို့၏ လူမှုကွန်ရက်စာမျက်နှာများကို ယနေ့မှစတင်၍ Facebook @ Meta က စတင်ဖယ်ရှား

လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

မင်းအောင်လှိုင်သမီး ၏ ရုပ်ရှင်ကုမ္ပဏီ ၏ လူမှုကွန်ရက် စာမျက်နှာ https://www.facebook.com/7thSenseCreation၊ စစ်တပ်ပိုင်

Mytel ၏ လူမှုကွန်ရက်စာမျက်နှာ https://www.facebook.com/mytelmyanmar ၊ စစ်တပ် ဖက်စပ်မြန်မာဘီယာ

https://www.facebook.com/MyanmarBreweryLtd ၏ စာမျက်နှာများ လူမှုကွန်ရက်တွင် လုံး၀ ဖယ်ရှားခံလိုက်ရပြီဖြစ်ပြီး အခြား

သော စစ်တပ်နှင့်ဆက်နွယ်သော စီးပွားရေးလုပ်ငန်းများ၏ လူမှုကွန်ရက် စာမျက်နှာလည်း ဖယ်ရှားနေပြီဖြစ်‌ကြောင်း သိရှိရသည်။

စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းများ နှင့် ဆက်နွယ်နေသော လူမှုကွန်ရက် စာမျက်နှာများ၊ အုပ်စုများနှင့် အကောင့်များအားလုံးကို ထပ်မံ

ဖယ်ရှား ပိတ်ပင်အရေးယူမည်ဖြစ်ကြောင်း Facebook (ခ) Meta က ယနေ့ထုတ်ပြန် ကြေညာသည်။


စစ်တပ်နှင့် ပတ်သတ်သည့် တားမြစ်ပိတ်ပင်မှုများကို ထပ်မံတိုးမြှင့်သည့်အနေဖြင့် စစ်တပ် ထိန်းချုပ်မှုအောက်ရှိ စီးပွားရေးလုပ်ငန်း

ကိုယ်စားပြု စာမျက်နှာ(Pages)၊ အဖွဲ့(Groups) များနှင့် အကောင့် (Accounts) များကို ယနေ့မှစ ဖယ်ရှားသွားမည်ဖြစ်ကြောင်း Meta

က တရားဝင် ကြေညာသည်။

ယခုနှစ်ဆန်းပိုင်းမှာ ကြေညာခဲ့သည့် တပ်မတော်ပိုင်လုပ်ငန်းတွေကို ကြော်ငြာခွင့်တားမြစ်ခဲ့ပြီး နောက်ဆက်တွဲ ပိတ်ပင်အရေးယူမှု

ဖြစ်ကြောင်း၊ စစ်တပ်က ဆက်တိုက်ကျူးလွန်လျက်ရှိသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်အကြမ်းဖက်မှုလုပ်ရပ်များအတွက် အဆိုပါ

စီးပွားရေးလုပ်ငန်းတွေမှ ငွေကြေးဆိုင်ရာ ထောက်ပံ့မှုမှာ တိုက်ရိုက်ပါဝင်လျက်ရှိသည်ကို နိုင်ငံတကာအသိုင်းအဝိုင်းက စုစည်းတင်ပြထား

သည့် အချက်အလက်များအပေါ် အခြေခံကာ ယခုအရေးယူဆောင်ရွက်မှုကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း Meta က ဆိုသည်။

ဓာတ်ပုံ- Facebook လူမှုကွန်ရက်တွင် ဖယ်ရှားခံလိုက်ရပြီဖြစ်သည့် Mytel ၏ စာမျက်နှာ။