ၾကားသိသမွ်

ယူကရိန်းကို ရုရှား တိုက်ခိုက်ရင် အမေရိကန် တုံ့ပြန်မယ်လို့ ပူတင်ကို ဘိုင်ဒန် သတိပေး

ယူကရိန်းကို ရုရှား တိုက်ခိုက်ရင် အမေရိကန် တုံ့ပြန်မယ်လို့ ပူတင်ကို ဘိုင်ဒန် သတိပေး

ရုရှားကသာ ယူကရိန်းကို ကျူးကျော်ခဲ့မယ်ဆိုရင် အမေရိကန်ကလည်း ပြင်းပြင်းထန်ထန် တုံ့ပြန်ဖို့ စီစဉ်ထားကြောင်း အမေရိကန် သမ္မတ

ဂျိုးဘိုင်ဒန်က ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကို သတိပေး ပြောကြားလိုက်ပါတယ်။


အမေရိကန်နဲ့ ရုရှားတို့ရဲ့ နှစ်နိုင်ငံ ခေါင်းဆောင်တွေ အွန်လိုင်းကနေ ပြုလုပ်တဲ့ ရှားရှားပါးပါး အစည်းအဝေးမှာ ဘိုင်ဒန်က အခုလို ပြောဆိုခဲ့

တာပါ။ ရုရှားတပ်တွေ ယူကရိန်း နယ်နိမိတ်နားမှာ စုရုံးနေတာကို အမေရိကန် အနေနဲ့ အထူးတလည် စိုးရိမ်တယ်လို့ ဘိုင်ဒန်က ဆိုပါ

တယ်။


တကယ်လို့သာ ရုရှားက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်လာမယ်ဆိုရင် စီးပွားရေးအရ ပိတ်ဆို့ အရေးယူတာ အပါအဝင် အမေရိကန်ဆီ

က တခြားသော တုံ့ပြန်မှုတွေကိုပါ မျှော်လင့်ထားသင့်တယ်လို့ ဘိုင်ဒန်က ပူတင်ကို အသိပေးသွားပါတယ်။

ရုရှားဟာ ၂၀၁၄ တုန်းကလည်း ယူကရိန်းကို ကျူးကျော်ပြီး ခရိုင်းမီးယား ကျွန်းဆွယ် ဒေသကို ဒီနေ့ထိ ထိန်းချုပ် သိမ်းပိုက်ထားခဲ့ပါတယ်။

အမေရိကန်ဟာ ၂၀၁၄ တုန်းကနဲ့ မတူညီတဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင်ထားပြီလို့လည်း ဘိုင်ဒန်က ပြောကြားခဲ့ကြောင်း သိရပါတယ်။


ဘိုင်ဒန်နဲ့ ပူတင်တို့ရဲ့ ဆွေးနွေးပွဲက အချက်အလက် တချို့ကို အမေရိကန် အစိုးရရဲ့ လုံခြုံရေး အကြံပေး အရာရှိ ဂျိတ်ခ်ဆူလီဗန်က သတင်း

မီဒီယာတွေဆီ အသိပေး ပြောကြားခဲ့ပါတယ်။ ဘိုင်ဒန်နဲ့ တွေ့ဆုံချိန်မှာ ပူတင်ကတော့ ရုရှားဟာ ယူကရိန်းကို တိုက်ခိုက်ဖို့ အစီအစဉ် မရှိ

ကြောင်းနဲ့ ယူကရိန်းကသာ ရုရှားကို မထိတထိ ရန်လာစနေတာလို့ တုံ့ပြန်ခဲ့ပါတယ်။ ပြီးတော့ အမေရိကန် အနေနဲ့ ရုရှား နယ်နိမိတ်နားမှာ

အနောက်အုပ်စု မဟာမိတ်တွေရဲ့ စစ်တပ်တွေ တိုးမြှင့် ဖြန့်ကျက်မလာအောင် အာမခံချက် ပေးဖို့လည်း ပူတင်က တိုက်တွန်းခဲ့ပါတယ်။

ပူတင်နဲ့ တွေ့ဆုံမှု အပြီးမှာ ယူကရိန်း လုံခြုံရေးနဲ့ ပတ်သက်ပြီး ဘိုင်ဒန်က ဥရောပ ထိပ်တန်း ၄ နိုင်ငံ ခေါင်းဆောင်တွေနဲ့လည်း ဆွေးနွေးခဲ့

ပါသေးတယ်။ ယူကရိန်း နယ်စပ်နားမှာ ရုရှားစစ်သည် ၉ သောင်းကျော်ဟာ အကြီးစား စစ်လက်နက်တွေနဲ့အတူ စုရုံးနေကြောင်းလည်း

သိရှိရပါတယ်။