ၾကားသိသမွ်

စစ်ကိုင်းတိုင်းအတွင်းဖြတ်သန်းသွားလာမယ့် အကြီးစားလုပ်ငန်းတွေအနေနဲ့ NUGအစိုးရထံ အခွန်ဆောင်ထားတဲ့ဖြတ်ပိုင်းပြသရမယ်

စစ်ကိုင်းတိုင်းအတွင်းဖြတ်သန်းသွားလာမယ့် အကြီးစားလုပ်ငန်းတွေအနေနဲ့ NUGအစိုးရထံ အခွန်ဆောင်ထားတဲ့ဖြတ်ပိုင်းပြသရမယ်

ဇန်နဝါရီ ၁၅ရက်နေ့ကစတင်ကာ စစ်ကိုင်းတိုင်းအတွင်း ဖြတ်သန်းသွားလာမယ့်ကုမ္ပဏီပိုင် အကြီးစားလုပ်ငန်းတွေအနေနဲ့ အမျိုးသား

ညီညွတ်ရေးအစိုးရထံ ဝင်ငွေခွန်ဆောင်ပြီးကြောင်း digital slip ဖြတ်ပိုင်းပြသရမယ်လို့ စစ်ကိုင်းတိုင်းPDF ကဒီနေ့ထုတ်ပြန်ပါတယ်။

အခွန်ဆောင်ပြီးကြောင်းဖြတ်ပိုင်းကို စစ်ဆေးရေးဆောင်ရွက်မယ့်တာဝန်ရှိ တပ်ဖွဲ့ကို ပြသရမှာဖြစ်ပြီး မပြသနိုင်တဲ့ လုပ်ငန်းတွေကို

သတ်မှတ်ကာလ ကျော်လွန်ပါကသက်ဆိုင်ရာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ချိတ်ဆက်ပြီး ထိရောက်စွာအရေးယူသွားမယ်လို့

စစ်ကိုင်းတိုင်းPDF ကသတိပေးလိုက်ပါတယ်။


‘NUGအစိုးရမှာ အခွန်ဆောင်ဖို့ကိစ္စကို NUG စီမံ/ဘဏ္ဍက လုပ်ဆောင်နေပါတယ်’လို့ စစ်ကိုင်းတိုင်းPDF ရဲ့ တာဝန်ရှိသူတစ်ဦးကပြောပါ

တယ်။စစ်ကိုင်းတိုင်းအတွင်း အတည်တကျအထိုင်ချထားတဲ့စစ်ဆေးရေးဂိတ်တွေရှိသလို ရှောင်တခင်စစ်ဆေးနေ တာတွေလည်းရှိကြောင်း

သူကပြောပါတယ်။

‘စစ်ကိုင်းတိုင်းမှာ စစ်ဆေးရေးဂိတ်ကများပါတယ်ခင်ဗျ။လမ်းမကြီးတွေပေါ်လည်းစစ်ဆေးပါတယ်’လို့ သူကဆက်ပြောပါတယ်။


စစ်ကိုင်းတိုင်းPDF ဟာ စစ်အုပ်စုထုတ်ကုန်အရက်၊ဘီယာတွေကို နိုဝင်ဘာ၃၀ရက် နောက်ဆုံးထားပြီး စစ်ကိုင်း တိုင်း နယ်နိမိတ်အတွင်း

ရောင်းဝယ်ဖောက်ကား၊သယ်ယူဖြန့်ဖြူးခြင်းတွေမပြုကြဖို့ တားမြစ်ခဲ့ပါ တယ်။အဲဒီနောက်စစ်ကိုင်းတိုင်းအတွင်းရှိ လမ်းမတွေနဲ့

မြစ်ကြောင်းတွေမှာ သက်ဆိုင်ရာကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ရှောင်တခင် စစ်ဆေးခဲ့ကာ တားမြစ်ထားတဲ့ အရက်၊ ဘီယာတွေကို

ဖျက်ဆီးခြင်းနဲ့ ကားဆရာတွေကိုလည်း နောက်နောင် သယ်ယူခြင်း မပြုကြဖို့ သတိပေးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


စစ်ကိုင်းတိုင်းအတွင်းရှိ လမ်းမကြီးတချို့မှာ မသမာသူတချို့က PDF အယောင်ဆောင်ပြီး အယောင်ဆောင်စစ်ဆေးကာ အများပြည်သူကို

စိတ်အနှောက်အယှက် ဖြစ်စေခြင်း၊ ငွေတောင်းခံခြင်း များ ပြုလုပ်နေတယ်လို့ စိစစ်တွေ့ရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေး

တပ်ဖွဲ့တွေအနေနဲ့ PDF အယောင်ဆောင်တွေကို စုံစမ်းဖော်ထုတ်ကာ သတိပေးခြင်းနဲ့ ထိရောက်စွာ အရေးယူခြင်းတို့ ကို ဆောင်ရွက်သွား

မှာဖြစ်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။ DNA

စစ္ကိုင္းတိုင္းအတြင္းျဖတ္သန္းသြားလာမယ့္ အႀကီးစားလုပ္ငန္းေတြအေနနဲ႔ NUGအစိုးရထံ အခြန္ေဆာင္ထားတဲ့ျဖတ္ပိုင္းျပသရမယ္

ဇန္နဝါရီ ၁၅ရက္ေန႔ကစတင္ကာ စစ္ကိုင္းတိုင္းအတြင္း ျဖတ္သန္းသြားလာမယ့္ကုမၸဏီပိုင္ အႀကီးစားလုပ္ငန္းေတြအေနနဲ႔ အမ်ိဳးသားညီညြတ္ေရးအစိုးရထံ ဝင္ေငြခြန္ေဆာင္ၿပီးေၾကာင္း digital slip ျဖတ္ပိုင္းျပသရမယ္လို႔ စစ္ကိုင္းတိုင္းPDF ကဒီေန႔ထုတ္ျပန္ပါတယ္။

အခြန္ေဆာင္ၿပီးေၾကာင္းျဖတ္ပိုင္းကို စစ္ေဆးေရးေဆာင္ရြက္မယ့္တာဝန္ရွိ တပ္ဖြဲ႕ကို ျပသရမွာျဖစ္ၿပီး မျပသနိုင္တဲ့ လုပ္ငန္းေတြကို သတ္မွတ္ကာလ ေက်ာ္လြန္ပါကသက္ဆိုင္ရာ ၿမိဳ႕နယ္ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕နဲ႔ခ်ိတ္ဆက္ၿပီး ထိေရာက္စြာအေရးယူသြားမယ္လို႔ စစ္ကိုင္းတိုင္းPDF ကသတိေပးလိုက္ပါတယ္။

‘NUGအစိုးရမွာ အခြန္ေဆာင္ဖို႔ကိစၥကို NUG စီမံ/ဘ႑က လုပ္ေဆာင္ေနပါတယ္’လို႔ စစ္ကိုင္းတိုင္းPDF ရဲ့ တာဝန္ရွိသူတစ္ဦးကေျပာပါတယ္။

စစ္ကိုင္းတိုင္းအတြင္း အတည္တက်အထိုင္ခ်ထားတဲ့စစ္ေဆးေရးဂိတ္ေတြရွိသလို ေရွာင္တခင္စစ္ေဆးေန တာေတြလည္းရွိေၾကာင္း သူကေျပာပါတယ္။

‘စစ္ကိုင္းတိုင္းမွာ စစ္ေဆးေရးဂိတ္ကမ်ားပါတယ္ခင္ဗ်။လမ္းမႀကီးေတြေပၚလည္းစစ္ေဆးပါတယ္’လို႔ သူကဆက္ေျပာပါတယ္။

စစ္ကိုင္းတိုင္းPDF ဟာ စစ္အုပ္စုထုတ္ကုန္အရက္၊ဘီယာေတြကို နိုဝင္ဘာ၃၀ရက္ ေနာက္ဆုံးထားၿပီး စစ္ကိုင္း တိုင္း နယ္နိမိတ္အတြင္း ေရာင္းဝယ္ေဖာက္ကား၊သယ္ယူျဖန႔္ျဖဴးျခင္းေတြမျပဳၾကဖို႔ တားျမစ္ခဲ့ပါ တယ္။

အဲဒီေနာက္စစ္ကိုင္းတိုင္းအတြင္းရွိ လမ္းမေတြနဲ႔ ျမစ္ေၾကာင္းေတြမွာ သက္ဆိုင္ရာကာကြယ္ေရးတပ္ဖြဲ႕ဝင္ေတြက ေရွာင္တခင္ စစ္ေဆးခဲ့ကာ တားျမစ္ထားတဲ့ အရက္၊ ဘီယာေတြကို ဖ်က္ဆီးျခင္းနဲ႔ ကားဆရာေတြကိုလည္း ေနာက္ေနာင္ သယ္ယူျခင္း မျပဳၾကဖို႔ သတိေပးခဲ့ေၾကာင္း ထုတ္ျပန္ထားပါတယ္။

စစ္ကိုင္းတိုင္းအတြင္းရွိ လမ္းမႀကီးတခ်ိဳ႕မွာ မသမာသူတခ်ိဳ႕က PDF အေယာင္ေဆာင္ၿပီး အေယာင္ေဆာင္စစ္ေဆးကာ အမ်ားျပည္သူကို စိတ္အေႏွာက္အယွက္ ျဖစ္ေစျခင္း၊ ေငြေတာင္းခံျခင္း မ်ား ျပဳလုပ္ေနတယ္လို႔ စိစစ္ေတြ႕ရွိခဲ့ေၾကာင္း စစ္ကို

င္းတိုင္းျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြအေနနဲ႔ PDF အေယာင္ေဆာင္ေတြကို စုံစမ္းေဖာ္ထုတ္ကာ သတိေပးျခင္းနဲ႔ ထိေရာက္စြာ အေရးယူျခင္းတို႔ ကို ေဆာင္ရြက္သြားမွာျဖစ္ေၾကာင္းလည္း ထုတ္ျပန္ထားပါတယ္။ DNA