ဒေါ်လာဘီလျံ ၁၅၀ နစ်နာကြေး ပေးဖို့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ကနေ ဖေ့စ်ဘွတ် ကို တရားစွဲ
ဒီဇင်ဘာ ၇
ဖေ့စ်ဘွတ် တဖြစ်လဲ မက်တာ (Meta) ကုမ္ပဏီ အနေနဲ့ ရိုဟင်ဂျာ ဆန့်ကျင်ရေး အမုန်းစကားတွေကို ဖေ့စ်ဘွတ်မှာ မတားဆီး နိုင်ခဲ့တဲ့
အတွက် မက်တာ အနေနဲ့ ဒေါ်လာဘီလျံ ၁၅၀ လျော်ကြေးပေးဖို့ ရိုဟင်ဂျာ ဒုက္ခသည်တွေ က တရားစွဲ ဆိုလိုက် ပါတယ်။
ဖေ့စ်ဘွတ်က အမုန်းစကားတွေကို မတားဆီးနိုင်ခဲ့တဲ့ အတွက် အကြမ်းဖက်မှုတွေကို ဖြစ်စေခဲ့တယ်လို့လည်း ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားမှာ ဥပဒေအကျိုးဆောင်ကုမ္ပဏီ တခုဖြစ်တဲ့ Edelson PC and Fields PLLC က တရားရုံးမှာ
အမှုဖွင့် တိုင်ကြားလိုက်တာ ဖြစ်ပါတယ်။
တပြိုင်တည်းမှာပဲ လန်ဒန်ရှိ ဖေ့စ်ဘွတ် ရုံးကို ဗြိတိသျှ ရှေ့နေတွေကနေ အခုကိစ္စ နဲ့ ပတ်သက်ပြီး နို့တစ်စာ တစောင် ပေးပို့ခဲ့ပါတယ်။
ဖေ့စ်ဘွတ်ကတော့ အခုလို တရားစွဲဆိုမှုနဲ့ ပတ်သက်ပြီး ဘာမှ မှတ်ချက်ပြု ပြောဆိုတာ မရှိသေးပါ။
ဒါပေမယ့်လည်း ဖေ့စ်ဘွတ်အနေနဲ့ မြန်မာနိုင်ငံ နဲ့ ပတ်သက်တဲ့ သတင်းမှားတွေ အမုန်းစကားတွေကို တားဆီးဖို့ နှေးကွေးခဲ့တယ်လို့
ပြောထားဖူးပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီး နောက် စစ်တပ်ရဲ့ ဖေ့စ်ဘွတ်နဲ့ အင်စတာဂရမ် အကောင့်တွေကို ပိတ်ပင်ခဲ့ပါ
တယ်။ ကိုးကား – ရိုက်တာ
THN freelance journalist
ေဒၚလာဘီလ်ံ ၁၅၀ နစ္နာေၾကး ေပးဖို႔ ရိုဟင္ဂ်ာ ဒုကၡသည္ေတြ ကေန ေဖ့စ္ဘြတ္ ကို တရားစြဲ
ဒီဇင္ဘာ ၇
ေဖ့စ္ဘြတ္ တျဖစ္လဲ မက္တာ (Meta) ကုမၸဏီ အေနနဲ႔ ရိုဟင္ဂ်ာ ဆန႔္က်င္ေရး အမုန္းစကားေတြကို ေဖ့စ္ဘြတ္မွာ မတားဆီး နိုင္ခဲ့တဲ့ အတြက္ မက္တာ အေနနဲ႔ ေဒၚလာဘီလ်ံ ၁၅၀ ေလ်ာ္ေၾကးေပးဖို႔ ရိုဟင္ဂ်ာ ဒုကၡသည္ေတြ က တရားစြဲ ဆိုလိုက္ ပါတယ္။
ေဖ့စ္ဘြတ္က အမုန္းစကားေတြကို မတားဆီးနိုင္ခဲ့တဲ့ အတြက္ အၾကမ္းဖက္မႈေတြကို ျဖစ္ေစခဲ့တယ္လို႔လည္း ဆိုပါတယ္။
အေမရိကန္ျပည္ေထာင္စု ကယ္လီဖိုးနီးယားမွာ ဥပေဒအက်ိဳးေဆာင္ကုမၸဏီ တခုျဖစ္တဲ့ Edelson PC and Fields PLLC က တရား႐ုံးမွာ အမႈဖြင့္ တိုင္ၾကားလိုက္တာ ျဖစ္ပါတယ္။
တၿပိဳင္တည္းမွာပဲ လန္ဒန္ရွိ ေဖ့စ္ဘြတ္ ႐ုံးကို ၿဗိတိသၽွ ေရွ႕ေနေတြကေန အခုကိစၥ နဲ႔ ပတ္သက္ၿပီး နို႔တစ္စာ တေစာင္ ေပးပို႔ခဲ့ပါတယ္။
ေဖ့စ္ဘြတ္ကေတာ့ အခုလို တရားစြဲဆိုမႈနဲ႔ ပတ္သက္ၿပီး ဘာမွ မွတ္ခ်က္ျပဳ ေျပာဆိုတာ မရွိေသးပါ။
ဒါေပမယ့္လည္း ေဖ့စ္ဘြတ္အေနနဲ႔ ျမန္မာနိုင္ငံ နဲ႔ ပတ္သက္တဲ့ သတင္းမွားေတြ အမုန္းစကားေတြကို တားဆီးဖို႔ ေႏွးေကြးခဲ့တယ္လို႔ ေျပာထားဖူးပါတယ္။
ျမန္မာနိုင္ငံမွာ ေဖေဖၚဝါရီ ၁ ရက္ စစ္တပ္က အာဏာသိမ္းၿပီး ေနာက္ စစ္တပ္ရဲ့ ေဖ့စ္ဘြတ္နဲ႔ အင္စတာဂရမ္ အေကာင့္ေတြကို ပိတ္ပင္ခဲ့ပါတယ္။ ကိုးကား – ရိုက္တာ
THN freelance journalist