ၾကားသိသမွ်

NUG အစိုးရကို အိုဆာကာအခြေစိုက် သမဝါယမအသင်းများက ကျပ်သိန်း ၁၀၀၀ ခန့်လှူဒါန်း

အာဏာသိမ်း စစ်ကောင်စီအောက် မြန်မာပြည်သူအတွ က် ဂျပန်နိုင်ငံ အိုဆာကာဒေသအခြေစိုက် သမဝါယမအသင်းတွေက အလှူငွေ

ဂျပန်ယန်း ၆ သန်း (မြန်မာကျပ်သိန်း ၁၀၀၀ နီးပါး) ကို အမျိုးသားညီညွတ်ရေးအစိုးရ ဆီ ဒီဇင်ဘာ ၄ ရက်နေ့က ပေးအပ်လှူဒါန်းခဲ့ပါတယ်။

အိုဆာကာသမဝါယမအသင်း ရုံးချုပ်နဲ့အိုဆာကာ ယောထိုးဂါဝါမြို့ သမဝါယမအသင်းတွေက ဂျပန်နိုင်ငံအခြေစိုက် MNSO & Kansai

Group မှတဆင့် ပေးအပ်လှူဒါန်းခဲ့တာပါ။


အွန်လိုင်းကနေ့ပြုလုပ်တဲ့ အခမ်းအနားကို NUG အစိုးရကိုယ်စား လူသားချင်းစာနာ ထောက်ထားရေးနဲ့ ဘေးအ န္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ

ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ MNSO ဥက္ကဋ္ဌဒေါ်မို့မို့ဦး၊ MNSO အလုပ်အမှုဆောင်တွေနဲ့ Kansai

Group က တာဝန်ရှိသူတွေ တက်ရောက်ပြီး အလှူငွေ လက်ခံခဲ့ကြပါတယ်။


အလှူငွေပေးအပ်ပွဲမှာ အမျိုးသားညီညွတ်ရးအစိုးရကိုယ်စား တက်ရောက်ခဲ့သူ ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက အခုလို NUG အစိုးရကို

ယုံကြည်ထောက်ခံမှုအတွက် မြန်မာပြည်သူများကိုယ်စား အထူးကျေးဇူး တင်ကြောင်းနဲ့ NUG အစိုးရရဲ့ လက်ရှိ ဆောင်ရွက်နေမှု တွေကို

ရှင်းလင်းပြောကြားခဲ့ပါတယ်။

MNSO & Kansai Group ရဲ့ဥက္ကဋ္ဌ ဒေါ်မို့မို့ဦးက “ကျမတို့ အဖွဲ့အနေနဲ့ ဒီ ၆ လအတွင်း စစ်ကောင်စီအောက် အကြမ်းဖက်ခံ မြန်မာပြည်သူ

တွေအကြောင်းနဲ့ အမျိုး သားညီညွတ်ရေး အစိုးရအကြောင်းတွေကို အိုဆာကာ ဒေသရှိသမဝါယမအသင်းအပါအဝင် ဂျပန်အနောက်ခြမ်း

ခန်ဆိုင်းဒေသအတွင်းက ဂျပန်တွေ ပိုသိအောင် လှုံ့ဆော်ခဲ့ကြပြီး အဲ့ဒီရဲ့ အကျိုးဆက်အနေနဲ့ အခုလို အလှူငွေတွေ အများကြီးရခဲ့တာလို့

ထင်ပါတယ်။


ကျမတို့အဖွဲ့အနေနဲ့ အခုလို အကြမ်းဖက် စစ်ကောင်စီအောက်က အမြန်လွတ်မြောက်အောင် တဖက်တလမ်းက ထောက်ပံ့အကျိုးပြုနိုင်ခဲ့

တာ အဖွဲ့အနေနဲ့ အရမ်းဝမ်းမြောက်မိပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။အခုလို စစ်ကောင်စီအောက် မြန်မာပြည်သူတွေ ဒုက္ခရောက်နေ

ချိန် ဂျပန်ပြည်သူတွေရဲ့ကိုယ်စား မြန်မာပြည်သူတွေအပေါ်ထားရှိတဲ့ စေတနာကို ဖော်ပြကူညီခွင့်ရလို့ အမျိုးသားညီညွတ်ရေးအစိုးကို

ကျေးဇူးတင်သလို


ဝမ်းသာပီတီဖြစ်ရတယ်လို့ ပေးအပ်လှူဒါန်းခဲ့တဲ့ ဂျပန် အိုဆာကာ သမဝါယမအသင်းများရဲ့ တာဝန်ခံဒါရိုက် တာ Mr. Kenji Matsuoka

က ပြောပါတယ်။လှူဒါန်းငွေတွေကို အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မြန်မာပြည်သူတွေအတွက် လိုအပ်နေတဲ့နေရာတွေမှာ စိစစ်ပြီး

အသုံးပြုသွားမယ်လို့ ဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။


MNSO (Myanmar Nationalities Support Organization-Japan) အဖွဲ့ဟာ စစ်တပ်က အာဏာ သိမ်းပြီးနောက်ပိုင်း ဂျပန်နိုင်ငံအနောက်ပိုင်း အိုဆာကာ ၊ နာဂိုယာနဲ့ ကိုဘေး ဒေသဘက်က ဂျပန်ရောက်မြန်မာအများစုနဲ့ ဖွဲ့စည်းထားကာ အခုအချိန်ထိ အမျိုးသားညီညွတ်ရးအစိုးရကို ကျပ်ငွေ သိန်း ၅ ထောင်နီးပါး ပေးပို့နိုင်ခဲ့ပြီး ဒီထက်ပိုကြိုးစားသွားမယ်လို့ ဥက္ကဋ္ဌ ဒေါ်မို့မို့ဦးက ဒီဗွီဘီကို ပြောပါတယ်။

အာဏာသိမ္း စစ္ေကာင္စီေအာက္ ျမန္မာျပည္သူအတြ က္ ဂ်ပန္နိုင္ငံ အိုဆာကာေဒသအေျခစိုက္ သမဝါယမအသင္းေတြက အလႉေငြ ဂ်ပန္ယန္း ၆ သန္း (ျမန္မာက်ပ္သိန္း ၁၀၀၀ နီးပါး) ကို အမ်ိဳးသားညီညြတ္ေရးအစိုးရ ဆီ ဒီဇင္ဘာ ၄ ရက္ေန႔က ေပးအပ္လႉဒါန္းခဲ့ပါတယ္။အိုဆာကာသမဝါယမအသင္း ႐ုံးခ်ဳပ္နဲ႔အိုဆာကာ ေယာထိုးဂါဝါၿမိဳ႕ သမဝါယမအသင္းေတြက ဂ်ပန္နိုင္ငံအေျခစိုက္ MNSO & Kansai Group မွတဆင့္ ေပးအပ္လႉဒါန္းခဲ့တာပါ။

အြန္လိုင္းကေန႔ျပဳလုပ္တဲ့ အခမ္းအနားကို NUG အစိုးရကိုယ္စား လူသားခ်င္းစာနာ ေထာက္ထားေရးနဲ႔ ေဘးအ ႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအး၊ MNSO ဥကၠ႒ေဒၚမို႔မို႔ဦး၊ MNSO အလုပ္အမႈေဆာင္ေတြနဲ႔ Kansai Group က တာဝန္ရွိသူေတြ တက္ေရာက္ၿပီး အလႉေငြ လက္ခံခဲ့ၾကပါတယ္။

အလႉေငြေပးအပ္ပြဲမွာ အမ်ိဳးသားညီညြတ္ရးအစိုးရကိုယ္စား တက္ေရာက္ခဲ့သူ ဝန္ႀကီးေဒါက္တာဝင္းျမတ္ေအးက အခုလို NUG အစိုးရကို ယုံၾကည္ေထာက္ခံမႈအတြက္ ျမန္မာျပည္သူမ်ားကိုယ္စား အထူးေက်းဇူး တင္ေၾကာင္းနဲ႔ NUG အစိုးရရဲ့ လက္ရွိ ေဆာင္ရြက္ေနမႈ ေတြကို ရွင္းလင္းေျပာၾကားခဲ့ပါတယ္။

MNSO & Kansai Group ရဲ့ဥကၠ႒ ေဒၚမို႔မို႔ဦးက “က်မတို႔ အဖြဲ႕အေနနဲ႔ ဒီ ၆ လအတြင္း စစ္ေကာင္စီေအာက္ အၾကမ္းဖက္ခံ ျမန္မာျပည္သူေတြအေၾကာင္းနဲ႔ အမ်ိဳး သားညီညြတ္ေရး အစိုးရအေၾကာင္းေတြကို အိုဆာကာ ေဒသရွိသမဝါယမအသင္းအပါအဝင္ ဂ်ပန္အေနာက္ျခမ္း ခန္ဆိုင္းေဒသအတြင္းက ဂ်ပန္ေတြ ပိုသိေအာင္ လႈံ႔ေဆာ္ခဲ့ၾကၿပီး အဲ့ဒီရဲ့ အက်ိဳးဆက္အေနနဲ႔ အခုလို အလႉေငြေတြ အမ်ားႀကီးရခဲ့တာလို႔ ထင္ပါတယ္။

က်မတို႔အဖြဲ႕အေနနဲ႔ အခုလို အၾကမ္းဖက္ စစ္ေကာင္စီေအာက္က အျမန္လြတ္ေျမာက္ေအာင္ တဖက္တလမ္းက ေထာက္ပံ့အက်ိဳးျပဳနိုင္ခဲ့ တာ အဖြဲ႕အေနနဲ႔ အရမ္းဝမ္းေျမာက္မိပါတယ္” လို႔ ဒီဗြီဘီကို ေျပာပါတယ္။အခုလို စစ္ေကာင္စီေအာက္ ျမန္မာျပည္သူေတြ ဒုကၡေရာက္ေနခ်ိန္ ဂ်ပန္ျပည္သူေတြရဲ့ကိုယ္စား ျမန္မာျပည္သူေတြအေပၚထားရွိတဲ့ ေစတနာကို ေဖာ္ျပကူညီခြင့္ရလို႔ အမ်ိဳးသားညီညြတ္ေရးအစိုးကို ေက်းဇူးတင္သလို

ဝမ္းသာပီတီျဖစ္ရတယ္လို႔ ေပးအပ္လႉဒါန္းခဲ့တဲ့ ဂ်ပန္ အိုဆာကာ သမဝါယမအသင္းမ်ားရဲ့ တာဝန္ခံဒါရိုက္ တာ Mr. Kenji Matsuoka က ေျပာပါတယ္။လႉဒါန္းေငြေတြကို အမ်ိဳးသားညီညြတ္ေရးအစိုးရအေနနဲ႔ ျမန္မာျပည္သူေတြအတြက္ လိုအပ္ေနတဲ့ေနရာေတြမွာ စိစစ္ၿပီး အသုံးျပဳသြားမယ္လို႔ ဝန္ႀကီးေဒါက္တာ ဝင္းျမတ္ေအးက ေျပာပါတယ္။

MNSO (Myanmar Nationalities Support Organization-Japan) အဖြဲ႕ဟာ စစ္တပ္က အာဏာ သိမ္းၿပီးေနာက္ပိုင္း ဂ်ပန္နိုင္ငံအေနာက္ပိုင္း အိုဆာကာ ၊ နာဂိုယာနဲ႔ ကိုေဘး ေဒသဘက္က ဂ်ပန္ေရာက္ျမန္မာအမ်ားစုနဲ႔ ဖြဲ႕စည္းထားကာ အခုအခ်ိန္ထိ အမ်ိဳးသားညီညြတ္ရးအစိုးရကို က်ပ္ေငြ သိန္း ၅ ေထာင္နီးပါး ေပးပို႔နိုင္ခဲ့ၿပီး ဒီထက္ပိုႀကိဳးစားသြားမယ္လို႔ ဥကၠ႒ ေဒၚမို႔မို႔ဦးက ဒီဗြီဘီကို ေျပာပါတယ္။