ၾကားသိသမွ်

နိုင်ငံ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတဦးဝင်းမြင့်ကို ထောင်ဒဏ်ချမှတ်မှု အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လက်မခံ

နိုင်ငံ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတဦးဝင်းမြင့်ကို ထောင်ဒဏ်ချမှတ်မှု အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လက်မခံ၊ စစ်ကားဖြင့် ပြည်သူကို တိုက်သတ်မှု PPST ရှုတ်ချ

ရန်ကုန် | ဒီဇင်ဘာ ၇

ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းမှာ ဖြစ်ပွားခဲ့တဲ့ အရပ်သားဆန္ဒပြသူတွေကို စစ်ကောင်စီတပ်က စစ်ကားနဲ့တိုက်သတ်တဲ့

အကြမ်းဖက်မှုကို ရှုတ်ချကြောင်းနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့သမ္မတအပေါ် ပြစ်ဒါဏ်ချမှတ်တာတွေကိုလည်းလက်ခံနိုင်ဖွယ်မရှိဘူးလို့

ဒီကနေ့မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)ရဲ့ အစည်းအဝေးမှာ ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်

မင်းက ထည့်သွင်းပြောဆိုသွားပါတယ်။


တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးထား တဲ့ တိုင်းရင်းသား လက်နက်ကိုင်

တော်လှန်ရေးအဖွဲ့အစည်းများ (NCA-S EAO)ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) ဗီဒီယိုကွန်းဖရင့်အစည်းအဝေး

နိဂုံးချုပ်မိန့်ခွန်းမှာ နိုင်အောင်မင်းက အခုလိုထည့်သွင်းပြောဆိုသွားတာပါ။

ဒီဇင်ဘာလ ၅ရက်နေ့က ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းပေါ်မှာ ငြိမ်းချမ်းစွားဆန္ဒပြနေကြတဲ့ လူထုသပိတ်စစ်ကြာင်းက

ဆန္ဒပြနေသူတွေကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကားနဲ့တိုက်သတ်ခဲ့သလို သေနတ်ပစ်ခတ်ပြီး အကြမ်းဖက်ဖမ်းဆီးခဲ့တာ

ဖြစ်ပြီး စစ်ကောင်စီက အခုလိုအကြမ်းဖက်ဖြိုခွင်းတာကို ကန့်ကွက်ရှုတ်ချတယ်လို့ နိုင်အောင်မင်းကဆိုပါတယ်။

ဒါ့အပြင် မနေ့က (ဒီဇင်ဘာ ၆ရက်) နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်တို့ကို စစ်ကောင်စီ

တရားရုံးက ထောင်ဒါဏ်တွေအသီးသီးချမှတ်လိုက်တာကိုလည်း လက်ခံနိုင်ဖွယ်မရှိဘူးလို့ PPST ခေါင်းဆောင်ကပြောပါတယ်။

စစ်ကောင်စီက အခုလိုလုပ်ဆောင်နေတာတွေဟာ နိုင်ငံရေးပြဿနာတွေကို အဖြေရှာနိုင်ရေးအတွက်ပိုမိုအလှမ်းဝေးစေတယ်လို့လည်း ဆို

ပါတယ်။


လက်ရှိနိုင်ငံရေးအကြပ်အတည်းတွေကိုဖြေရှင်းဖို့အတွက် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကသာအသင့်တော်ဆုံးလို့ PPST ကယုံကြည်

ထားပြီး ဒါကိုအကောင်အထည်ဖော်ဖို့နည်းလမ်းရှာကြိုးပမ်းမယ်လို့လည်း PPST ရဲ့၂ရက်တာ အစည်းအဝေး အပိတ်မိန့်ခွန်းမှာ နိုင်အောင်

မင်းကထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ- ၂၀၁၉ ခုနှစ် PPST အစည်းအဝေး။