တယ်လီနောမြန်မာရဲ့အင်တာနက်Package 1 GB ကို 1990 ကျပ်အထိ ဈေးနူန်းမြင့်တက်သွားပြီဖြစ်ပါတယ်။
” တယ်လီနော်က ဈေးတက်သွားပြီ၊ အရင်က 1 GB ကို တစ်ထောင်ပဲရှိတယ်။ခု ၁၉၉၀ ဖြစ်သွားပြီ။ဒီနေ့တရား ဝင်သူတို့ ဈေးပြောင်းလဲ
သတ်မှတ်လိုက်တာပေါ့။ ကျန်တာတွေကတော့မသိရသေးဘူး။ ခုထိတော့အရင်အတိုင်းပဲ ” လို့ တယ်လီနောဆင်းကဒ်သုံးစွဲသူတစ်ဦးက
ပြောပါတယ်။
အရင်က တယ်လီနောရဲ့ အင်တာနက်သုံးစွဲခနူန်းက 925 mb ကို 999 ကျပ်၊ 1 GB ကို 1000 ကျပ်သာဖြစ်တယ်လို့သိရပါတယ်။
“အရင်က Flexiplan ကနေ 5GB ဝယ်ရင် ၅၄၅၉ ကျပ်ပေးရတယ်။ အခု 3 GB ကို ၅၉၇၀ ဖြစ်သွားပြီ” လို့ တယ်လီနောဆင်းကဒ်သုံးစွဲသူ
နောက်တစ်ဦးကလည်း ဆိုပါတယ်။
ကျန်တဲ့ အော်ရီဒူး ၊မိုင်တဲ၊ အမ်ပီတီ အော်ပရေတာတွေကတော့ အင်တာနက် သုံးစွဲခနှုန်းထားဈေးနှုန်း ပြောင်း လဲတာမျိုးမရှိသေးဘူးလို့သိရ
ပါတယ်။
Ooredoo Supernet wifi စက်တွေရဲ့ သက်တမ်းတိုးကြေးကိုတော့ ဒီဇင်ဘာလ ၈ ရက်နေ့ကစပြီး သက် တမ်းတိုးနှုန်းက ရက် 30 ကို
45000 ကနေ 79000 ကျပ်၊ရက် 90 ကို 120000 ကနေ 200000ကျပ်အထိ မြင့်တက်မှာဖြစ်တယ်လို့ အော်ရီဒူးက တရားဝင်ကြေညာ
ထားပါတယ်။
တယ္လီေနာျမန္မာရဲ့အင္တာနက္Package 1 GB ကို 1990 က်ပ္အထိ ေဈးႏူန္းျမင့္တက္သြားၿပီျဖစ္ပါတယ္။
” တယ္လီေနာ္က ေဈးတက္သြားၿပီ၊ အရင္က 1 GB ကို တစ္ေထာင္ပဲရွိတယ္။ခု ၁၉၉၀ ျဖစ္သြားၿပီ။ဒီေန႔တရား ဝင္သူတို႔ ေဈးေျပာင္း
လဲသတ္မွတ္လိုက္တာေပါ့။ က်န္တာေတြကေတာ့မသိရေသးဘူး။ ခုထိေတာ့အရင္အတိုင္းပဲ ” လို႔ တယ္လီေနာဆင္းကဒ္သုံးစြဲသူတစ္ဦးကေျပာ
ပါတယ္။
အရင္က တယ္လီေနာရဲ့ အင္တာနက္သုံးစြဲခႏူန္းက 925 mb ကို 999 က်ပ္၊ 1 GB ကို 1000 က်ပ္သာျဖစ္တယ္လို႔သိရပါတယ္။
“အရင္က Flexiplan ကေန 5GB ဝယ္ရင္ ၅၄၅၉ က်ပ္ေပးရတယ္။ အခု 3 GB ကို ၅၉၇၀ ျဖစ္သြားၿပီ” လို႔ တယ္လီေနာဆင္းကဒ္သုံးစြဲသူေ
နာက္တစ္ဦးကလည္း ဆိုပါတယ္။
က်န္တဲ့ ေအာ္ရီဒူး ၊မိုင္တဲ၊ အမ္ပီတီ ေအာ္ပေရတာေတြကေတာ့ အင္တာနက္ သုံးစြဲခႏႈန္းထားေဈးႏႈန္း ေျပာင္း လဲတာမ်ိဳးမရွိေသးဘူး
လို႔သိရပါတယ္။
Ooredoo Supernet wifi စက္ေတြရဲ့ သက္တမ္းတိုးေၾကးကိုေတာ့ ဒီဇင္ဘာလ ၈ ရက္ေန႔ကစၿပီး သက္ တမ္းတိုးႏႈန္းက ရက္
30 ကို 45000 ကေန 79000 က်ပ္၊ရက္ 90 ကို 120000 ကေန 200000က်ပ္အထိ ျမင့္တက္မွာျဖစ္တယ္လို႔ ေအာ္ရီဒူးက တရားဝင္ေၾ
ကညာထားပါတယ္။