ၾကားသိသမွ်

ရဲမိန်းမများ စစ်သင်တန်း မတက်မနေရ တက်ရန် ညွှန်ကြား

ရဲမိန်းမများ စစ်သင်တန်း မတက်မနေရ တက်ရန် ညွှန်ကြား

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်။

မိမိတို့စခန်းကို မိမိတို့ ကာကွယ်နိုင်ရန်အတွက်ဟု ဆိုကာ ရဲတပ်ဖွဲ့ဝင်များ၏ ဇနီးမယား အိမ်ထောင်သည် များကို စစ်သင်တန်း မတက်မနေ

မရ တက်ရန် အထက်က ညွန်ကြားလာသည်ဟု နေပြည်တော် တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထိုစစ်သင်တန်းကို မြို့နယ်မှူးကတော်က ဦးဆောင်တက်ရောက်ရမည်ဖြစ်ပြီး စခန်းမှူး၏ ဇနီးအပါအဝင် တပ်သား အဆင့်ထိ ဇနီးမယား

များ အားလုံးတက်ရောက်ရမည်ဖြစ်သည်။


“လိုင်းခန်းမှာ မရှိတဲ့သူတွေ မိဘဆွေမျိုးတွေဆီ ပြန်နေတဲ့သူတွေကိုလည်း ဖုန်းနံပါတ်တောင်းပြီး အတင်း ပြန် ခေါ်ခိုင်းတယ်။ အားလုံးတက်

ရမယ်သဘောပေါ့“ ဟု နေပြည်တော် တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြော သည်။

စစ်သင်တန်းကာလမှာ ခုနှစ်ရက် (တပတ်) မှ ၁၀ ရက် အထိ တက်ရမည်ဖြစ်သည်ဟု အဆိုပါ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ၏ ဒေသတချို့ရှိ ရဲကင်းများနှင့် ရဲစခန်းများ PDF တပ်ဖွဲ့အချို့၏ အလစ်အငိုက် ဖမ်းတိုက်ခိုက်ခံရမှု ခပ်စိပ်စိပ် ဖြစ်လာပြီး

နောက် ယခုကဲ့သို့ ရဲမိသားစုဝင် အိမ်ထောင်သည်များကို စစ်သင်တန်းတက်ရန် ညွှန်ကြား ခြင်းဖြစ်နိုင်သည်ဟု မြောက်ဒဂုံမြို့နယ်မှ

အငြိမ်းစား ရဲအရာရှိတစ်ဦးက ပြောသည်။


”အခုက စစ်ကိုင်း၊ ချင်း၊ မကွေးလို နေရာမျိုးတွေမှာပါ အင်အားဖြန့်ချနေရတော့ နောက်တန်းရော ရဲစခန်းတွေ ရော လုံခြုံရေး အင်အားမရှိ

တဲ့ သဘောဖြစ်နေတာပေါ့“ ဟု ၎င်းကပြောသည်။

ယခင်ကလည်း တပ်မတော်တပ်ရင်းတပ်ဖွဲ့များ၏ ဇနီးမယား မိသားစုဝင်များကို စစ်သင်တန်းပေးခဲ့သည့် စီမံချက် ရှိခဲ့ပြီး ဖွဲ့စည်းပုံ မပြည့်

သဖြင့် ယခုတပ်ရင်း အတော်များများ ရှေ့တန်းက ပြန်မရာက်သည်မှာ နှစ်ပေါက် နေပြီ ဖြစ်သည်ဟု အငြိမ်းစားရဲအရာရှိက ဆက်

ပြောသည်။


မြန်မာနိုင်ငံ၏ ရဲတပ်ဖွဲ့တွင် လက်ရှိ အင်အားစုစုပေါင်း ၈၃၀၈၆ ဦးရှိပြီး အရာရှိ ၁၄၉၅၁ဦး၊ အခြားအဆင့် ၆၈၁၉၂ ဦးရှိကာ ရဲတပ်ဖွဲ့နှင့် ပြည်

သူအချိုးမှာ တစ်အချိုး ၆၅၀ ဖြစ်သည်ဟု ၂၀၁၉ ခုနှစ် စာရင်းများအရ သိရ သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဖွဲ့စည်းပုံတွင် ရဲဌာနကြီး ခြောက် ခု၊ အထူးတပ်ဖွဲ့ ၁၆ဖွဲ့၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရဲတပ်ဖွဲ့ ၁၅ ဖွဲ့၊ နယ်ခြားစောင့်

ရဲကွပ်ကွဲမှုအဖွဲ့၊ လုံခြုံရေး ရဲကွက်ကဲမှုအဖွဲ့နှင့် လေ့ကျင့်ရေး ကျောင်းများ ပါဝင်သည်ဟု သိရ သည်။

ရဲမိန္းမမ်ား စစ္သင္တန္း မတက္မေနရ တက္ရန္ ညႊန္ၾကား ရဲေမ

၂၀၂၁ ခုႏွစ္ ဒီဇင္ဘာလ ၇ ရက္။

မိမိတို႔စခန္းကို မိမိတို႔ ကာကြယ္နိုင္ရန္အတြက္ဟု ဆိုကာ ရဲတပ္ဖြဲ႕ဝင္မ်ား၏ ဇနီးမယား အိမ္ေထာင္သည္ မ်ားကို စစ္သင္တန္း မတက္မေနမရ တက္ရန္ အထက္က ညြန္ၾကားလာသည္ဟု ေနျပည္ေတာ္ တာဝန္က် ရဲတပ္ဖြဲ႕ဝင္တစ္ဦးက ေျပာသည္။

ထိုစစ္သင္တန္းကို ၿမိဳ႕နယ္မႉးကေတာ္က ဦးေဆာင္တက္ေရာက္ရမည္ျဖစ္ၿပီး စခန္းမႉး၏ ဇနီးအပါအဝင္ တပ္သား အဆင့္ထိ ဇနီးမယားမ်ား အားလုံးတက္ေရာက္ရမည္ျဖစ္သည္။

“လိုင္းခန္းမွာ မရွိတဲ့သူေတြ မိဘေဆြမ်ိဳးေတြဆီ ျပန္ေနတဲ့သူေတြကိုလည္း ဖုန္းနံပါတ္ေတာင္းၿပီး အတင္း ျပန္ ေခၚခိုင္းတယ္။ အားလုံးတက္ရမယ္သေဘာေပါ့“ ဟု ေနျပည္ေတာ္ တာဝန္က် ရဲတပ္ဖြဲ႕ဝင္တစ္ဦးက ေျပာ သည္။

စစ္သင္တန္းကာလမွာ ခုႏွစ္ရက္ (တပတ္) မွ ၁၀ ရက္ အထိ တက္ရမည္ျဖစ္သည္ဟု အဆိုပါ ရဲတပ္ဖြဲ႕ဝင္တစ္ဦးက ေျပာသည္။

ျမန္မာနိုင္ငံ၏ ေဒသတခ်ိဳ႕ရွိ ရဲကင္းမ်ားႏွင့္ ရဲစခန္းမ်ား PDF တပ္ဖြဲ႕အခ်ိဳ႕၏ အလစ္အငိုက္ ဖမ္းတိုက္ခိုက္ခံရမႈ ခပ္စိပ္စိပ္ ျဖစ္လာၿပီးေ

နာက္ ယခုကဲ့သို႔ ရဲမိသားစုဝင္ အိမ္ေထာင္သည္မ်ားကို စစ္သင္တန္းတက္ရန္ ညႊန္ၾကား ျခင္းျဖစ္နိုင္သည္ဟု ေျမာက္ဒဂုံၿမိဳ႕နယ္မွ အၿငိမ္းစား ရဲအရာရွိတစ္ဦးက ေျပာသည္။

”အခုက စစ္ကိုင္း၊ ခ်င္း၊ မေကြးလို ေနရာမ်ိဳးေတြမွာပါ အင္အားျဖန႔္ခ်ေနရေတာ့ ေနာက္တန္းေရာ ရဲစခန္းေတြ ေရာ လုံျခဳံေရး အင္အားမရွိတဲ့ သေဘာျဖစ္ေနတာေပါ့“ ဟု ၎ကေျပာသည္။

ယခင္ကလည္း တပ္မေတာ္တပ္ရင္းတပ္ဖြဲ႕မ်ား၏ ဇနီးမယား မိသားစုဝင္မ်ားကို စစ္သင္တန္းေပးခဲ့သည့္ စီမံခ်က္ ရွိခဲ့ၿပီး ဖြဲ႕စည္းပုံ မျပည့္သျဖ

င့္ ယခုတပ္ရင္း အေတာ္မ်ားမ်ား ေရွ႕တန္းက ျပန္မရာက္သည္မွာ ႏွစ္ေပါက္ ေနၿပီ ျဖစ္သည္ဟု အၿငိမ္းစားရဲအရာရွိက ဆက္ေျပာသည္။

ျမန္မာနိုင္ငံ၏ ရဲတပ္ဖြဲ႕တြင္ လက္ရွိ အင္အားစုစုေပါင္း ၈၃၀၈၆ ဦးရွိၿပီး အရာရွိ ၁၄၉၅၁ဦး၊ အျခားအဆင့္ ၆၈၁၉၂ ဦးရွိကာ ရဲတပ္ဖြဲ႕ႏွင့္ ျပည္သူအခ်ိဳးမွာ တစ္အခ်ိဳး ၆၅၀ ျဖစ္သည္ဟု ၂၀၁၉ ခုႏွစ္ စာရင္းမ်ားအရ သိရ သည္။

ျမန္မာနိုင္ငံရဲတပ္ဖြဲ႕၏ ဖြဲ႕စည္းပုံတြင္ ရဲဌာနႀကီး ေျခာက္ ခု၊ အထူးတပ္ဖြဲ႕ ၁၆ဖြဲ႕၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ရဲတပ္ဖြဲ႕ ၁၅ ဖြဲ႕၊ နယ္ျခားေစာင့္ရဲကြပ္ကြဲမႈအဖြဲ႕၊ လုံျခဳံေရး ရဲကြက္ကဲမႈအဖြဲ႕ႏွင့္ ေလ့က်င့္ေရး ေက်ာင္းမ်ား ပါဝင္သည္ဟု သိရ သည္။