ၾကားသိသမွ်

စစ်တပ်နဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာရအောင် ငါတို့ပြည်သူတွေက စစ်တပ်ပိုင်တဲ့ဟာတွေ တောင်းနေတာမှ မဟုတ်ဘူး

စစ်တပ်နဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာရအောင် ငါတို့ပြည်သူတွေက စစ်တပ်ပိုင်တဲ့ဟာတွေ တောင်းနေတာမှ မဟုတ်တာ။

စစ်တပ်ဆိုတာ တိုင်းပြည်ကို ကာကွယ်ဖို့ တိုင်းသူပြည်သားတွေက ပိုက်ဆံပေးပြီး အလုပ်ခန့်ထားတဲ့ ဝန်ထမ်းတွေ။ သူ့တာဝန် သူမကျေလို့

ပြည်သူက သူတို့ကို အလုပ်ဖြုတ်နေတာလေ။

ဒါကို မဆင်းပဲ ပြည်သူဆင်ထားတဲ့ လက်နက်နဲ့ ပြည်သူကို ပြန်ရန်ရှာနေတာ မဟုတ်ဘူးလား?

ရင်ကြားစေ့ရေးဆိုတာ အဆင့်မီတဲ့သူနဲ့ပဲ ထိုက်တန်တယ်။ မြတ်စွာဘုရားတောင် ကျွတ်ထိုက်သူ မဟုတ်ရင် လေကုန်ခံပြီး တရားမဟောခဲ့

ဘူး။ ဟောခဲ့သမျှ ကျွတ်ထိုက်လို့ ဟောခဲ့တာချည်းပဲ။


မေတ္တာတရားက အရာရာတိုင်းကို အောင်နိုင်တယ်ဆိုတာလည်း ဘာသာရေး ဂျင်းပဲ။ မြတ်စွာဘုရားတောင် အောင်ခြင်း၈ပါးလုံးကို

မေတ္တာ၁မျိုးတည်းနဲ့ အောင်ခဲ့တာ မဟုတ်ဘူး။

ပစ္စကပရိဗိုဇ်ဆိုရင် ဘုရားနဲ့ စကားရည်လုတာ ပြန်လည်း မချေပနိုင်ရော ဘုရားမေးတာကို မဖြေဘူးလေ။ အဲ့ဒီမှာ ဘုရားက မဖြေရင် နင့်

ခေါင်း ၈စိတ်ကွဲမယ်လို့ မခြိမ်းခြောက်ခဲ့ဘူးလားပြော (ကျမ်းထဲမှာပါတယ်)။ ဒါတောင် ရူးသလို ပေါသလို လုပ်နေလို့ သိကြားမင်းကိုယ်တိုင်

ဘီလူးကြီးအသွင်ပြပြီး ဝရဇိန်နဲ့ ခေါင်းတကယ်ခွဲမယ် လုပ်တော့မှပဲ မာန်လျှော့ပြီး ဘုရားကို အရှုံးပေးခဲ့တာ မဟုတ်လား။


နောက်ပြီးတော့ နန္ဒေါပနန္ဒကိုဆိုရင် ဘုရားကတရားတောင်မဟောဘူး။ ရှင်မောဂ္ဂလန်ကို သွားဆော်ခိုင်းတာ။ ရှင်မောဂ္ဂလန်က နန္ဒောပနန္ဒ

ထက်၂ဆကြီးတဲ့ နဂါးကြီး ဖန်ဆင်းပြီး သူ့အပေါ်က ထပ်ပတ်ပြီး ဆွဲညှစ်တာ၊ မီးနဲ့မှုတ်ပစ်တာ။ ဘုရားက “မောဂ္ဂလန် သတိလည်းထား”လို့

တောင် မြှောက်ပေးလိုက်သေးတယ်။

နဂါးကလည်း မနိုင်မှန်းသိတာတောင် လွယ်လွယ်လျှော့ပေးတာ မဟုတ်ဘူး။ ရှင်မောဂ္ဂလန်ကို သတ်ဖို့အမျိုးမျိုး ကြိုးစားသေးတာ။

နောက်ဆုံး ရှုံးတာလည်းသေချာရော ဘာလုပ်ခဲ့လဲ။ ထွက်ပြေးတာဗျ။ ရှင်မောဂ္ဂလန်က ဂဠုန်လိုဖန်ဆင်းပြီး လိုက်ရတာ။ ဟိုးမော်စကိုကနေ

မနည်း ဂုတ်ဆွဲခေါ်ခဲ့ရတာ မဟုတ်လား။


အမေစုက တိုင်းပြည်အပျက်အစီးနည်းအောင် စစ်တပ်ကိုပေါင်းပြီး ဆွဲခေါ်ခဲ့တဲ့ စေတနာကိုတော့ နားလည်ပါတယ်။ ဒါပေမယ့် တပ်မဒေါ်ဂျီး

က အစကတည်းက စောင်ဆင့်ရှိတာမှ မဟုတ်ပဲ။ သူတို့ဂွင်ထဲဝင်ပြီထင်ပြီး ဘွားတော်ကို ဝိုင်းချောက်ချကြတာ။ နာမည်ပျက်ခံပြီး ICJ

အထိ စစ်တပ်ကို ကာကွယ်ခဲ့တာတောင်မှ ကျေးဇူးသိတတ်ခဲ့လို့လား။ လွှတ်တော်ထဲက အရေးမကြီးတဲ့ ပုဒ်မ၁ခုလောက်တောင် အပြင်မခံ

ခဲ့ပဲ အိုးစည်ဗုံမောင်းနဲ့တောင် အောင်ပွဲခံခဲ့ကြသေးတာ။


ဖေဖေထောင်တဲ့ တပ်မတော်ကြီးက ရှိမှမရှိတော့တာ၊ နှစ်ပေါင်း ၆၀ ကျော်နေပြီလေ။ စေတနာနဲ့ပဲ ပေါင်းပေါင်း၊ ဝေဒနာနဲ့ပဲပေါင်းပေါင်း

“အသေဝနာစ ဗာလာနံ”လို့ ဘရားကဟောခဲ့ပြီးသား။ လူမိုက်ကိုပေါင်းရင် ၃၈ဖြာ မင်္ဂလာနဲ့ မညီတာတော့ အမှန် အခုလက်တွေ့ပဲဗျာ။

ဒီအချိန်မှာကတော့ အဖြူ-အမဲလည်း ကွဲနေပါပြီ။ ရန်-ငါလည်း ပြတ်နေပါပြီ။ နိုင်ငံတကာက တိုက်တွန်းနေသလို စစ်တပ်နဲ့ ရင်ကြားစေ့

ရအောင်လည်း ပြည်သူတွေက စစ်တပ်ပိုင်တာတွေကို တောင်းနေတာ မဟုတ်ဘူး။ ကိုယ်ခန့်ထားတဲ့ဝန်ထမ်း စောင်သုံးမကျလို့

အလုပ်ဖြုတ်နေတာ။

ကိုယ့်စောင်ဆင့်ကိုယ်မသိပဲ ပေကပ်နေလို့ မြတ်စွာဘုရားထုံး နှလုံးမူပြီး ပြည်သူတွေက သူ့ထက် ၂ဆကြီးတဲ့ နဂါးကြီး ဖန်ဆင်းနေကြတာ

ပဲ။ Credit;