ၾကားသိသမွ်

စစ်ရှောင်တစ်ဦးရဲ့ ခရစ္စမတ် ဆုတောင်းသံ

‘’ခရစ္စမတ် ဆုတောင်းကတော့ ကျမတို့က အိမ်ကိုအမြန်ပြန်ချင်တဲ့ ဆုပဲတောင်းချင်တယ်။” ဟုမိုင်းနား ကေဘီစီစစ်ရှောင်စခန်းမှ ဒေါ်ဂျာနူး

က ပြောပါတယ်။

စစ်ရှောင်တွေဟာ နှစ်စဉ် ဆုတောင်းမပြည့်တဲ့ ဘဝနဲ့ပဲ ခရစ္စမတ်ကို ရင်နာစွာနဲ့ ဖြတ်သန်းနေရပါတယ်။ မနှစ်က သူတို့မျော်လင့်တောင့်တခဲ့

တဲ့ စစ်ပွဲတွေငြိမ်းပြီး အိမ်ပြန်နိုင်မဲ့ဆုတောင်းသံဟာလည်း စစ်တပ် အာဏာသိမ်းမှုကြောင့် ဟိုးအဝေးကြီးမှာ ထပ်မံ ကျန်ခဲ့ပြီလေ။ သူတို့

လိုချင်တဲ့ အိမ်ပြန်နိုင်မဲ့ခရစ္စမတ် လက်ဆောင်ကို တစုံတယောက်က ဖျက်စီးခြင်းခံလိုက်ရတာဟာ ရင်နာစရာကောင်းလှပါတယ်။

မငြိမ်းချမ်းသေးတော့ စစ်ပွဲတွေထပ်ဖြစ်လာနိုင်တဲ့အခြေအနေနဲ့ရင်ဆိုင်နေရလို့ အိမ်မပြန်နိုင်သေးဘဲ အိမ်ပြေးဘဝနဲ့သာ ဆက်ပြီးတော့ဘဝ

ကိုဖြတ်သန်းနေကြပါတယ်။


အေးချမ်းတဲ့ ခရစ္စမတ်ဖြစ်ပေမဲ့ သူတို့ရင်ဘတ်ထဲမှာတော့ အပူမီးတွေနဲ့တောက်လောင် နှိပ်စက်နေဆဲပါ။ တစ်စုံတရာသူတို့ဆီရောက်လာမဲ့

အရာကိုပဲ ဆက်ပြီးမျော်လင့်နေကြရပါတယ်။ အပူမီးတွေမငြိမ်းပဲ အိမ်ပြေးဘဝနဲ့ ၁၀ ပေခန်းကျဉ်းလေးထဲက အိမ်တန်းရှည်ထဲမှာ နေခဲ့တာ

ခရစ္စမတ်ဆုတောင်းမပြည့်ခဲ့တာ ဆယ်နှစ်တောင်ပြည့်တော့မယ်။

အိမ်ပြေးဘဝအဖြစ် မတွေ့ကြုံမီအချိန်တုန်းက ဆိုရင် ခရစ္စမတ်ပွဲကိုစည်ကားစွာနဲ့ ပျော်ရွှင်ခဲ့ကြပါတယ်။ စစ်ရှောင်စခန်းမှာ မိသားစုနဲ့အတူ

အခုတော့စိတ်ပူပန်စွာနဲ့ဖြတ်သန်းနေရပါတယ်။


ချမ်းအေးတဲ့ ဒီဇင်ဘာခရစ္စမတ်ရောက်လာခဲ့ပြီ။ ဒီအချိန်ဟာ လူသားတိုင်းပျော်ရွှင်ငြိမ်းချမ်းခြင်းနဲ့ ဖြတ်သန်းဖို့ ကာလပဲဖြစ်ပါတယ်။

လောကလူသားတွေ ဝမ်းမြောက်တဲ့အခါသမယပဲ ဖြစ်ပါတယ်။ အထီးကျန်ပြီး ခက်ခဲနေတဲ့ဘဝတွေဆီကို အလည်သွားကြည့်ပြီး ခံစားကူညီ

ပေးကြဖို့လည်း လိုအပ်ပါတယ်။

‘’အခု ဒီစစ်ရှောင်စခန်းမှာက နိုင်ငံရေးအခြေအနေလဲမတည်ငြိမ်တော့ အပြင်ထွက်ပြီး လုပ်ကိုင်စားသောက်လို့လဲမရဘူး။ ပြီးတော့ကိုဗစ်

ရောဂါလဲ ကူးစက်နေတော့ အပြင်ထွက်ပြီး အလုပ်လုပ်လို့မရဘူးဖြစ်နေတယ်။ ခရစ္စမတ် လက်ဆောင်အနေနဲ့ကျနော်တို့ လာကူညီတော့

အရမ်းကောင်းမှာ ပဲလို့တွေးမိတယ်’’ဟု ဒေါ်ဂျာနူးက ပြောပါတယ်။


စစ်အာဏာသိမ်းမှုနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် စစ်ရှောင်စခန်းအားလုံး ခက်ခဲနေကြကြောင်း သိရပါတယ်။ World Food

Program မှထောက်ပံ့ကူညီတဲ့ မိသားစုတစ်စုလျှင် တစ်လ ၁၁၀၀၀ ကျပ်နဲ့သာ စစ်ရှောင်ပြည်သူတွေ ခရီးဆက်နေကြပါတယ်။

၂၀၁၁ ဇွန်လ ကချင်ဒေသ တကျော့ပြန်တိုက်ပွဲကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲ

ဖြစ်ပွားကြောင့် တိမ်းရှောင်လာတဲ့ပြည်သူတွေပဲဖြစ်ပါတယ်။ စစ်ပွဲကြောင့်ထွက်ပြေးလာခဲ့တဲ့ပြည်သူ တစ်သိန်းကျော်ရှိပါတယ်။ သူတို့ဟာ

အရာအားလုံးစွန့်လွတ်ပြီး ခက်ခဲစွာနဲ့ အိမ်ပြေးလာတဲ့သူတွေပဲဖြစ်ပါတယ်။

တကယ်တမ်း စစ်ရှောင်ပြည်သူတွေ အိမ်ပြန်ချင်တဲ့စိတ်ကတော့ ရွာမှာကျန်ခဲ့တဲ့မြေယာတွေ အဆုံးရှုံးမခံနိုင်လို့၊ မိမိနေရပ်မှာ အေးချမ်းစွာ

လုပ်ကိုင်ရှာဖွေစားသောက်ချင်လို့ပဲဖြစ်ပါတယ်။ သူတို့အိမ်ပြေးဖြစ်နေတဲ့အချိန် ကျန်ခဲ့တဲ့မြေယာတွေကို တရုတ်သစ်သျှူးငှက်ပျော်ကုမ္မဏီ

တွေက မတရားမြေယာများသိမ်းပိုက်ပြီး စိုက်ပျိုးလာတာကြောင့်လဲဖြစ်ပါတယ်။ လျော်ကြေးမရဘဲမြေယာတွေဆုံးရှုံးခံနေရတာတွေလည်း

စစ်ပြေးဘဝတွေမှာ ခံစားနေရပါတယ်။


”ကျမက မုဆိုးမလည်း ဟုတ်တယ်။ စစ်မဖြစ်ခင်သုံးလေးနှစ်က တောင်ယာတွေလုပ်တယ် နှစ်ရှည်ပင်သီးနှံတွေ စိုက်တယ်။ တစ်ချို့စိုက်

ထားတဲ့ အပင်တွေဆိုရင် အသီးတွေခူးစားလို့ရပြီး စစ်ဖြစ်တော့ မြေယာတွေပစ်ထားခဲ့ပြီး ကျမဝိုင်းမော်ကိုစစ်ရှောင်လာခဲ့တယ်။ အခုဒီမိုင်း

နားဒုက္ခသည်စခန်းမှာနေနေတဲ့ချိန် ကျမရဲ့မြေကို ငှက်ပျော်စိုက်တဲ့သူတွေ ကအသိမပေးဘဲ ၂၀၁၈ ခုနှစ်တုန်းက အကုန်လုံးသိမ်းပိုက်လိုက်

ကြတယ်။ သူငယ်ချင်းတွေလာပြောပြတော့မှသိရတယ်။ သိတော့ သွားပြောတဲ့အချိန် သူတို့ကမြေငှားပေးရမယ်တဲ့ အဲ့တာနဲ့ တစ်နှစ်ကိုတစ်

ဧကကို ၂သိန်းနဲ့၆နှစ်ငှားပေးလိုက်တယ်။ အရင်ကစိုက်ထားတဲ့နှစ်ရှည်ပင်တွေလည်း အကုန်ဖျက်စီးပေးလိုက်တယ်။ လျော်ကြေးငွေလည်းမ

ရဘူး။ မြေငှားသဘောတူစာချုပ်ကိုလည်းသူတို့ဘဲ သိမ်းထားတယ်။ကျမတို့ကို မပေးဘူး။ကျမဟာဘဲမဟုတ်ဘူး တစ်ခြားသူငယ်ချင်းတွေရဲ့

မြေယာတွေကိုလည်းအဲ့လိုဘဲ လုပ်ကြတယ်” ဟု ဒေါ်ဂျာရွယ်က ပြောပါတယ်။

စစ်ရှောင်ပြည်သူတွေအားလုံး ငြိမ်းချမ်းစွာနဲ့မိမိနေရပ်မှာ မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့၊ စစ်အာဏာရှင်အမြန်အဆုံးသတ်ဖို့ ဒီ

ခရစ္စမတ်ကာလမှ အားလုံးဆုတောင်းဖို့ လိုအပ်ပါတယ်။  အာဘရာဟမ်

Source;KNG