နွေဦးထီ အထူးဆု ကျပ်သိန်း၁၀၀ ထပ်တိုးချီးမြှင့်မယ်
အောင်လံလွှင့်ချီနွေဦးထီ အထူးဆုအဖြစ် ကျပ်သိန်း ၁၀၀ထပ်တိုးချီးမြှင့်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုး(NUG)က ထုတ်ပြန်
ကြေငြာလိုက်သည်။
ထိုဆုကို ဒီဇင်ဘာ ထီဖွင့်ပွဲမှစ၍ ကျပ်သိန်း ၁၀၀ အထူး ဆု ထည့်သွင်းဖွင့်လှစ်သွားမည်ဟု အမျိုးသားညီညွတ် ရေးအစိုးရအဖွဲ့၊ စီမံကိန်း၊
ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမူဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
သို့သော် နွေဦးထီလက်မှတ်စျေးနှုန်းများ ပြောင်းလဲခြင်း မရှိပဲ လက်မှတ်တစ်စောင်လျှင် ၂၀၀၀ ကျပ် နှုန်းဖြင့် အနည်းဆုံး ၅စောင်မှ အများ
ဆုံး အစောင် ၅၀ ထိ ဝယ်ယူနိုင်မည်ဟု NUGက ဆိုသည်။
နွေဦးထီ ရှေပြေးစီမံကိန်း( pilot project) စတင်ချိန်မှ ယနေ့အထိ ပြည်သူများ၏ ဝန်းရံမူကြောင့် စစ်ကောင်စီ ၏ အောင်ဘာလေထီကို
အလဲထိုးနိုင်ခဲ့သည်ဟု NUGကဆိုထားသည်။
လစဉ် နွေဦးထီ ရောင်းရငွေ စုစုပေါင်း ဝင်ငွေ၏ ၇၀ ရာခိုင်နှုန်းကို တာဝန်သိ CDM ဝန်ထမ်းများအား ချီးမြှင့်သွားမည်ဟုလည်း NUGက ဆို
ထားသည်။
အောင်လံလွှင့်ချီနွေဦးထီကို အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံရေးဝန်ကြီးဌာနက ဩဂုတ်
၁၅ရက်တွင် စတင်ရောင်းချခဲ့ခြင်းဖြစ်သည်။
အောက်တိုဘာ ၁ ရက်တွင် ပထမဦးဆုံး ထီဖွင့်ပွဲကို ကျင်းပခဲ့သည်။ တစ်ဆုလျှင် ကျပ် ၁၅ သိန်းချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ပထမဦးဆုံးထီပေါက်
သူ ၇၅ ဦးအနက် ၆၂ ဦးက NUG ကို ပြန်လည်လှူဒါန်းထားသည်။
Zawgyi
ေႏြဦးထီ အထူးဆု က်ပ္သိန္း၁၀၀ ထပ္တိုးခ်ီးျမႇင့္မယ္
ေအာင္လံလႊင့္ခ်ီေႏြဦးထီ အထူးဆုအျဖစ္ က်ပ္သိန္း ၁၀၀ထပ္တိုးခ်ီးျမႇင့္မည္ျဖစ္ေၾကာင္း အမ်ိဳးသားညီညြတ္ေရးအစိုး(NUG)က
ထုတ္ျပန္ေၾကျငာလိုက္သည္။
ထိုဆုကို ဒီဇင္ဘာ ထီဖြင့္ပြဲမွစ၍ က်ပ္သိန္း ၁၀၀ အထူး ဆု ထည့္သြင္းဖြင့္လွစ္သြားမည္ဟု အမ်ိဳးသားညီညြတ္ ေရးအစိုးရအဖြဲ႕၊ စီမံကိန္း၊
ဘ႑ာေရးႏွင့္ ရင္းႏွီးျမႇပ္ႏွံမူဝန္ႀကီးဌာနက ယေန႔ ထုတ္ျပန္လိုက္ျခင္းျဖစ္သည္။
သို႔ေသာ္ ေႏြဦးထီလက္မွတ္ေစ်းႏႈန္းမ်ား ေျပာင္းလဲျခင္း မရွိပဲ လက္မွတ္တစ္ေစာင္လၽွင္ ၂၀၀၀ က်ပ္ ႏႈန္းျဖင့္ အနည္း
ဆုံး ၅ေစာင္မွ အမ်ားဆုံး အေစာင္ ၅၀ ထိ ဝယ္ယူနိုင္မည္ဟု NUGက ဆိုသည္။
ေႏြဦးထီ ေရွေျပးစီမံကိန္း( pilot project) စတင္ခ်ိန္မွ ယေန႔အထိ ျပည္သူမ်ား၏ ဝန္းရံမူေၾကာင့္ စစ္ေကာင္စီ ၏ ေအာင္
ဘာေလထီကို အလဲထိုးနိုင္ခဲ့သည္ဟု NUGကဆိုထားသည္။
လစဥ္ ေႏြဦးထီ ေရာင္းရေငြ စုစုေပါင္း ဝင္ေငြ၏ ၇၀ ရာခိုင္ႏႈန္းကို တာဝန္သိ CDM ဝန္ထမ္းမ်ားအား ခ်ီးျမႇင့္သြားမည္ဟုလည္း
NUGက ဆိုထားသည္။
ေအာင္လံလႊင့္ခ်ီေႏြဦးထီကို အမ်ိဳးသား ညီညြတ္ေရးအစိုးရ(NUG)၊ စီမံကိန္း၊ ဘ႑ာေရးႏွင့္ ရင္းႏွီးျမႇုပ္ႏွံေရးဝန္ႀကီး
ဌာနက ဩဂုတ္ ၁၅ရက္တြင္ စတင္ေရာင္းခ်ခဲ့ျခင္းျဖစ္သည္။ ေအာက္တိုဘာ ၁ ရက္တြင္ ပထမဦးဆုံး ထီဖြင့္ပြဲကို က်င္းပခဲ့သည္။ တစ္ဆု
လၽွင္ က်ပ္ ၁၅ သိန္းခ်ီးျမႇင့္ခဲ့ျခင္းျဖစ္သည္။
ပထမဦးဆုံးထီေပါက္သူ ၇၅ ဦးအနက္ ၆၂ ဦးက NUG ကို ျပန္လည္လႉဒါန္းထားသည္။