ၾကားသိသမွ်

သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂသံတမန် အဖြစ် ရပ်တည်ခွင့်ကို ကုလညီလာခံက မဲမခွဲဘဲ အတည် ပြု

စစ်ကောင်စီ၏ သံတမန်ကို ကုလသမဂ္ဂအထွေထွေညီလာခံက လက်မခံဘဲ တရားဝင်ငြင်းပယ်ရွှေ့ဆိုင်း၊ သံအမတ်ကြီး ဦးကျော်မိုးထွန်း

ကုလသမဂ္ဂသံတမန် အဖြစ် ရပ်တည်ခွင့်ကို ကုလညီလာခံက မဲမခွဲဘဲ အတည် ပြု

ရန်ကုန်၊ ဒီဇင်ဘာ ၇

ကုလသမဂ္ဂအထွေထွေညီလာခံက စစ်ကောင်စီတင်ပြလာသည့် သံတမန်ကို လက်မခံဘဲ တရားဝင်ငြင်းပယ် ရွှေ့ဆိုင်းလိုက်ပြီး သံအမတ်

ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂ၏ သံတမတန်အဖြစ် တရားဝင် ရပ်တည်ခွင့်ကို ညီလာခံတွင် မဲမခွဲဘဲ တညီတညွတ်တည်း အတည်ပြု

ပေးလိုက်ကြောင်း ကုလသမဂ္ဂက လာသော သတင်းများတွင် ဖော်ပြထားသည်။

ကုလသမဂ္ဂညီလာခံက စိစစ်ရေးကော်မတီ၏ တင်ပြချက်ကို လက်ခံပြီး မြန်မာနှင့် အာဖဂန်နိုင်ငံမှ အာဏာသိမ်းထားသူများက တင်ပြလာ

သည့် သံတမန်များကို အစားထိုးရန် ကြိုးပမ်းမှု လုပ်ဆောင်ချက်ကို ဆိုင်းငံ့ထားရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ကုလသမဂ္ဂညီလာခံ၏ ယင်းသို့ ဆုံးဖြတ်မှုသည် သံအမတ်ကြီးဦးကျော်မိုးထွန်းအနေဖြင့် ၂၀၂၂ ခုနှစ် ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ

အထွေထွေညီလာခံအထိ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဆက်လက် ရပ်တည်ခွင့် ရရှိခြင်းဖြစ်သည်။

ကုလသမဂ္ဂ စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ ဆွီဒင်နိုင်ငံသံအမတ်ကြီး Anna Karin Eneström က “ မြန်မာနိုင်ငံ ကိုယ်စားလှယ်တွေနဲ့

ပတ်သက်တဲ့ တင်ပြချက်၊ အာဖဂန်နစ္စတန် ကိုယ်စားလှယ်တွေနဲ့ ပတ်သက်တဲ့ တင်ပြချက်တွေကို ၇၆ ကြိမ်မြောက်အထွေထွေညီလာခံကို

ရွှေ့ဆိုင်းလိုက်တယ်” ဟု ပြောဆိုသည်။

Zawgyi

စစ္ေကာင္စီ၏ သံတမန္ကို ကုလသမဂၢအေထြေထြညီလာခံက လက္မခံဘဲ တရားဝင္ျငင္းပယ္ေရႊ႕ဆိုင္း၊ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း ကုလသမဂၢသံတမန္ အျဖစ္ ရပ္တည္ခြင့္ကို ကုလညီလာခံက မဲမခြဲဘဲ အတည္ ျပဳ

ရန္ကုန္၊ ဒီဇင္ဘာ ၇

ကုလသမဂၢအေထြေထြညီလာခံက စစ္ေကာင္စီတင္ျပလာသည့္ သံတမန္ကို လက္မခံဘဲ တရားဝင္ျငင္းပယ္ ေရႊ႕ဆိုင္းလိုက္ၿပီး သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို

ကုလသမဂၢ၏ သံတမတန္အျဖစ္ တရားဝင္ ရပ္တည္ခြင့္ကို ညီလာခံတြင္ မဲမခြဲဘဲ တညီတညြတ္တည္း အတည္ျပဳေပးလိုက္ေၾကာင္း ကုလသမဂၢက လာေသာ သတင္းမ်ားတြင္ ေဖာ္ျပထားသည္။

ကုလသမဂၢညီလာခံက စိစစ္ေရးေကာ္မတီ၏ တင္ျပခ်က္ကို လက္ခံၿပီး ျမန္မာႏွင့္ အာဖဂန္နိုင္ငံမွ အာဏာသိမ္းထားသူမ်ားက တင္ျပလာသည့္ သံတမန္မ်ားကို အစားထိုးရန္ ႀကိဳးပမ္းမႈ လုပ္ေဆာင္ခ်က္ကို ဆိုင္းငံ့ထားရန္ ဆုံးျဖတ္လိုက္ျခင္းျဖစ္သည္။

ကုလသမဂၢညီလာခံ၏ ယင္းသို႔ ဆုံးျဖတ္မႈသည္ သံအမတ္ႀကီးဦးေက်ာ္မိုးထြန္းအေနျဖင့္ ၂၀၂၂ ခုႏွစ္ ၇၆ ႀကိမ္ေျမာက္ ကုလသမဂၢအေထြေထြညီလာခံအထိ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီးအျဖစ္ ဆက္လက္ ရပ္တည္ခြင့္ ရရွိျခင္းျဖစ္သည္။

ကုလသမဂၢ စိစစ္ေရးေကာ္မတီဥကၠ႒၊ ဆြီဒင္နိုင္ငံသံအမတ္ႀကီး Anna Karin Eneström က “ ျမန္မာနိုင္ငံ ကိုယ္စားလွယ္ေတြနဲ႔ ပ

တ္သက္တဲ့ တင္ျပခ်က္၊ အာဖဂန္နစၥတန္ ကိုယ္စားလွယ္ေတြနဲ႔ ပတ္သက္တဲ့ တင္ျပခ်က္ေတြကို ၇၆ ႀကိမ္ေျမာက္အေထြေထြညီလာခံကို ေရႊ႕ဆိုင္းလိုက္တယ္” ဟု ေျပာဆိုသည္။