လုံခြုံရေးအခြေအနေ စိတ်မချရသဖြင့် သင်တန်းဆင်းဗိုလ်လောင်းများ၏မိဘများ သင်တန်းဆင်းပွဲတက်ခွင့်မရ
ဒီဇင်ဘာ ၆ ရက်
စစ်ကောင်စီလက်အောက်ရှိ တပ်မတော်စစ်တက္က သိုလ် (DSA)၊ တပ်မတော်နည်းပညာတက္ကသိုလ် (DSTA)၊ တပ်မ တော်ဆေး
တက္ကသိုလ်(DSMA) များ၏ သင်တန်းဆင်းပွဲအခမ်းအနားများကို ဒီဇင်ဘာလအတွင်းပြုလုပ်သွားမည်ဖြစ်သော်လည်း နယ်မြေလုံခြုံရေး
စိတ်ချရမှုမရှိသဖြင့် သင်တန်းဆင်းပွဲသို့ ဗိုလ်လောင်းများ၏ မိဘများတက်ရောက်ခွင့်မရကြောင်း စစ်တပ်အသိုင်းအဝိုင်းထံကသိရသည်။
အဆိုပါ ပြင်ဦးလွင်မြို့ရှိ ဗိုလ်သင်တန်းဆင်းပွဲများကို စစ်အာဏာသိမ်းခေါင်းဆောင်တက်ရောက်၍ စစ်ရေးပြအခမ်း အနားများဖြင့် ပြုလုပ်
သွားမည်ဖြစ်သော်လည်း လုံခြုံရေးအခြေအနေအရပ်ရပ်များအရ ဗိုလ်လောင်းများ၏ မိဘများကို မဖိတ်ကြားခြင်းဖြစ်ကြောင်း သိရသည်။
” ကျောင်းဆင်းပွဲကာလဆိုလူအရမ်းများတယ်။ ခုခေတ် ကာလကသိတဲ့အတိုင်းဘဲ ဒီဗိုလ်သင် တန်းကျောင်းထဲလူတအားများလာရင်
တိုက်ခိုက် ခံရမှာတွေ ထိခိုက်မှုတွေရှိလာမှာတွေက သေချာတယ်။ နောက်ပြီး တပ်ချုပ် ကိုယ် တိုင်လည်း ကြောက်နေတယ်ထင်ပါတယ်။
လူအများကြီးထဲမှာသူကိုယ်တိုင်အဆင်မပြေလို့ မဖိတ်တာဖြစ်မယ်။ ”ဟုစစ်တက္ကသိုလ်နှင့်နီးစပ်သူတဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယင်းဗိုလ်သင်တန်းကျောင်းဆင်းပွဲများတွင် အစောဆုံးဆင်းပေးမည့် စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဥ်-၆၃ သင်တန်းဆင်းပွဲ
ကို ဒီဇင်ဘာ ၇ ရက်နေ့တွင်ပြုလုပ်မည်ဖြစ်ပြီး တပ်မတော်နည်းပညာတက္က သိုလ်နှင့်တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင် တန်း
ဆင်းပွဲများ ပြုလုပ်မည့်နေ့ကိုလည်း တပ်အသိုင်း အဝိုင်းကပင် ကြိုတင်မသိရသေးခြင်းဖြစ်သည်။
စစ်အာဏာသိမ်းခေါင်းဆောင်အနေဖြင့် ဒီဇင်ဘာ ၅ ရက်နေ့ထိ ရန်ကုန်မြို့တွင်ရှိနေပြီး ထိုမှ တဆင့် ပြင်ဦးလွင်မြို့သို့သွားရောက်၍
ဗိုလ်သင်တန်းဆင်းပွဲတက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ ဧရာဝတီတိုင်းမ်
လုံျခဳံေရးအေျခအေန စိတ္မခ်ရသျဖင့္ သင္တန္းဆင္းဗိုလ္ေလာင္းမ်ား၏မိဘမ်ား သင္တန္းဆင္းပြဲတက္ခြင့္မရ
ဒီဇင္ဘာ ၆ ရက္
စစ္ေကာင္စီလက္ေအာက္ရွိ တပ္မေတာ္စစ္တကၠ သိုလ္ (DSA)၊ တပ္မေတာ္နည္းပညာတကၠသိုလ္ (DSTA)၊ တပ္မ ေတာ္ေဆးတကၠသို
လ္(DSMA) မ်ား၏ သင္တန္းဆင္းပြဲအခမ္းအနားမ်ားကို ဒီဇင္ဘာလအတြင္းျပဳလုပ္သြားမည္ျဖစ္ေသာ္လည္း နယ္ေျမလုံျခဳံေရး စိ
တ္ခ်ရမႈမရွိသျဖင့္ သင္တန္းဆင္းပြဲသို႔ ဗိုလ္ေလာင္းမ်ား၏ မိဘမ်ားတက္ေရာက္ခြင့္မရေၾကာင္း စစ္တပ္အသိုင္းအဝိုင္းထံကသိရသ
ည္။အဆိုပါ ျပင္ဦးလြင္ၿမိဳ႕ရွိ ဗိုလ္သင္တန္းဆင္းပြဲမ်ားကို စစ္အာဏာသိမ္းေခါင္းေဆာင္တက္ေရာက္၍ စစ္ေရးျပအခမ္း အနား
မ်ားျဖင့္ ျပဳလုပ္သြားမည္ျဖစ္ေသာ္လည္း လုံျခဳံေရးအေျခအေနအရပ္ရပ္မ်ားအရ ဗိုလ္ေလာင္းမ်ား၏ မိဘမ်ားကို မဖိတ္ၾကားျခ
င္းျဖစ္ေၾကာင္း သိရသည္။
” ေက်ာင္းဆင္းပြဲကာလဆိုလူအရမ္းမ်ားတယ္။ ခုေခတ္ ကာလကသိတဲ့အတိုင္းဘဲ ဒီဗိုလ္သင္ တန္းေက်ာင္းထဲလူတအားမ်ား
လာရင္ တိုက္ခိုက္ ခံရမွာေတြ ထိခိုက္မႈေတြရွိလာမွာေတြက ေသခ်ာတယ္။ ေနာက္ၿပီး တပ္ခ်ဳပ္ ကိုယ္ တိုင္လည္း ေၾကာက္ေနတ
ယ္ထင္ပါတယ္။ လူအမ်ားႀကီးထဲမွာသူကိုယ္တိုင္အဆင္မေျပလို႔ မဖိတ္တာျဖစ္မယ္။ ”ဟုစစ္တကၠသိုလ္ႏွင့္နီးစပ္သူတဦးက ဧရာဝတီတိုင္းမ္ကို ေျပာ
သည္။ယင္းဗိုလ္သင္တန္းေက်ာင္းဆင္းပြဲမ်ားတြင္ အေစာဆုံးဆင္းေပးမည့္ စစ္တကၠသိုလ္ဗိုလ္ေလာင္းသင္တန္း အမွတ္စဥ္-၆၃ သင္တ
န္းဆင္းပြဲကို ဒီဇင္ဘာ ၇ ရက္ေန႔တြင္ျပဳလုပ္မည္ျဖစ္ၿပီး တပ္မေတာ္နည္းပညာတကၠ သိုလ္ႏွင့္တပ္မေတာ္ေဆးတကၠသိုလ္ ဗို
လ္ေလာင္းသင္ တန္းဆင္းပြဲမ်ား ျပဳလုပ္မည့္ေန႔ကိုလည္း တပ္အသိုင္း အဝိုင္းကပင္ ႀကိဳတင္မသိရေသးျခင္းျဖစ္သည္။
စစ္အာဏာသိမ္းေခါင္းေဆာင္အေနျဖင့္ ဒီဇင္ဘာ ၅ ရက္ေန႔ထိ ရန္ကုန္ၿမိဳ႕တြင္ရွိေနၿပီး ထိုမွ တဆင့္ ျပင္ဦးလြင္ၿမိဳ႕သို႔သြားေ
ရာက္၍ ဗိုလ္သင္တန္းဆင္းပြဲတက္ေရာက္မည္ျဖစ္ေၾကာင္း သိရသည္။ ဧရာဝတီတိုင္းမ္