ၾကားသိသမွ်

အရေးတော်ပုံ အောင်အောင်သွားကြစို့

အရေးတော်ပုံ အောင်အောင်သွားကြစို့

စစ်သူပုန်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ဒီချုပ်နာယကဦးတင်ဦး နဲ့ ဗိုလ်ခင်ညွန့်ကို ရန်ကုန်မှာလာတွေ့ခဲ့ပါသတဲ့။ သူရဦးတင်ဦးနဲ့လာ

တွေ့ခြင်းဟာဓာတ်ပုံရိုက်ပြီးအမြတ်ထုတ်ဖို့ကြိုးပမ်းချက်သက်သက်သာဖြစ်ပေမယ့် ဗိုလ်ခင်ညွန့်နဲ့တွေ့ဆုံခြင်းကတော့ဂရုစိုက်ရမှာပါ။

၁၉၃၉ မှာမွေးတဲ့ (ဝီကီမှာတော့ ၁၉၃၉ အောက်တိုဘာ ၁၁ မှာမွေးတယ်လို့ရေးထားပါတယ်) ဗိုလ်ခင်ညွန့်ဟာ အာဏာရှင်ဗိုလ်နေဝင်းရဲ့

လက်သပ်မွေးတပည့်တွေထဲက လက်ချိုးရေလို့ရတဲ့နောက်ဆုံးကျန်ခဲ့သူတဦးပါဘဲ။ သူဟာ ၁၉၈၃ စစ်ဗိုလ်ဟောင်းတောင်ကိုးရီးယားသမ္မတ

ချန်ဒူးဝမ်ရဲ့ဗမာပြည်ခရီးစဉ်နောက်ပိုင်းတက်လာခဲ့တဲ့ စစ်ထောက်လှမ်းရေးအကြီးအကဲဟောင်းပါ။ ချန်ဒူးဝမ်ခရီးစဉ်အတွင်း အာဇာနည်

ကုန်းဗုံးကွဲလို့ဗိုလ်နေဝင်းမေးတဲ့အခါ ကက-လှမ်းအကြီးအကဲဟာရန်ကုန်ဂေါက်ကလပ်မှာ ဂေါက်ရိုက်ပြီးအရက်သောက်နေခဲ့လို့ အမျက်ရှခဲ့

ပါသတဲ့။

ဒါနဲ့ဘဲ ‘ထောက်လှမ်းရေးထဲ အရက်မသောက်၊ ဂေါက်မရိုက်တာဘယ်သူရှိတုန်း’ မေးရာကနေ ဗိုလ်ခင်ညွန့်စင်ပေါ်ရောက်လာတော့တာပါ

ဘဲ။ တကယ်တော့ဗိုလ်ခင်ညွန့်ဟာ ဗိုလ်နေဝင်းရဲ့အိမ်တော်ပါငယ်ကျွန်အဆင့်သာရှိပြီး ဗိုလ်နေဝင်းတိုင်းခန်းလှည့်လှည်တိုင်းလိုက်ရတဲ့

ထီးတော်မိုး၊ ဖိနပ်တော်စီးအဆင့်သာဖြစ်ပါတယ်။ ဗိုလ်နေဝင်းသမီးစန္ဒာဝင်းက ‘နင်နဲ့ငါ’ နဲ့ပြောပြီး၊ ဗိုလ်နေဝင်းမြေးအေးနေဝင်းအတွက်

မိန်းမလိုက်တောင်းပေးရတဲ့သူပါ (အေးနေဝင်းတို့ထောင်ထဲရောက်ပြီး ဒီအစီအစဉ်လည်းပျက်ပါသတဲ့)။ ၂၀၀၂ အေးနေဝင်းတို့ညီအစ်ကိုသုံး

ကောင်ကိုဆွဲစိတော့ ဗိုလ်သန်းရွှေဟာသူ့ကိုဘေးထုတ်ပြီး သူ့အောက်ကဗိုလ်ကျော်ဝင်း၊ စစ်ကောင်စီက ဗိုလ်ရွှေမန်း၊ ဗိုလ်စိုးဝင်းတို့နဲ့

တန်ပြန်လည်မြိုထောက်ခံခဲ့ရပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ဗိုလ်ခင်ညွန့်ဟာ ၁၉၈၈ အရေးတော်ပုံကာလကနေ ၂၀၀၄ ဂျေးတဲ့အောင်းတဲ့

အချိန်အထိ ဗမာပြည်တနံတလျားက လက်နက်မဲ့ရဟန်း၊ ရှင်၊ လူအမြောက်အများ အဖမ်းဆီး၊ အနှိပ်စက်၊ အသတ်ဖြတ်ခံရခြင်းအတွက်

အဓိကတာဝန်ရှိသူစစ်ရာဇဝတ်ကောင်တကောင်သာဖြစ်တယ်ဆိုတာပါ။


မင်းအောင်လှိုင်ဟာလည်း ဖေဖော်ဝါရီ (၁)၊ ၂၀၂၁ ကနေ ကနေ့အထိပြစ်မှုများစွာကျူးလွန်နေခဲ့တဲ့စစ်ရာဇဝတ်ကောင်ပါဘဲ။ ခုမှသာ ခင်

ညွန့်နဲ့အတူလူသိရှင်ကြားဓာတ်ပုံရိုက်ပြပေမယ့် ခင်ညွန့်၊ သိန်းစိန် အပါအဝင် စစ်အုပ်စုဓမြဂိုဏ်းဝင်ဟောင်းတွေနဲ့မင်းအောင်လှိုင်ပုံမှန်

တွေ့ဆုံခဲ့တာကြာလှပါပြီ။ ဒီလူ့မိစ္ဆာတသိုက်ပေးတဲ့အကြံဉာဏ်တွေကိုထည့်သွင်းအသုံးချပြီးလူထုကို နှိပ်စက်ဖြိုခွဲနေခဲ့တာပါဘဲ။ လူထုတ

ရပ်လုံးဟာ ဘယ်ခေတ်ဘယ်အခါနဲ့မှမတူဘဲတလောကလုံးဝိုင်းဆန့်ကျင်ကြတာရော၊ နည်းပညာတိုးတက်ပွင့်လင်းလာတာကြောင့်ရော နှစ်

မျိုးစလုံးကြောင့်သာတပြည်လုံးပြားပြားဝပ်မသွားခြင်းပါဘဲ။ လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်းက စစ်ဆေးရုံပေါ်မှာ A ကိုက်ပြီးမသာပေါ်

သွားတဲ့ထောက်ပြုတ်ရဲမိုးလိုကောင်မျိုးတောင် လက်ရှိတပ်တွေထဲသင်တန်းပေးနေခဲ့တာမျိုးပါ။ ဒီအာဏာသိမ်းမှုဟာ စစ်သူပုန်အဖွဲ့က

အချိန်ယူကျူးလွန်ခဲ့တဲ့ နိုင်ငံတော်ပုန်ကန်မှုဆိုတာကိုတော့ အားလုံးအနေနဲ့သိထားရမှာဖြစ်ပါတယ်။


တိတ်တိတ်ပုန်းပူးပေါင်းရာကနေ လူသိရှင်ကြားပူးပေါင်းလာတဲ့ မင်းအောင်လှိုင်+ခင်ညွန့်ပေါင်းစပ်မှုကနေ ခင်ညွန့်အမာခံတွေဖြစ်တဲ့ သိန်း

ဆွေတို့သန်းထွန်းတို့အပါအဝင် ကက-လှမ်းကွန်ယက်ဟောင်းသက်ဝင်လှုပ်ရှားမှုအတိုင်းအတာတရပ်ထိရှိလာမယ့်သဘောပါဘဲ။ ဒါဟာ

ကြောက်စရာမဟုတ်ပါဘူး၊ သတိထားစရာပါ။ ထိုင်ကြည့်နေစရာမဟုတ်ပါဘူး၊ ချေမှုန်းသုတ်သင်စရာပါ။ ပြည်သူတွေထဲ “စစ်သူပုန်ကိုရှင်းဖို့

ငါတို့အသက်တွေသေချင်သေပစေ” ဆိုတဲ့ခံယူချက်ပိုင်ရှင်သန်းနဲ့ချီလာရင် ခင်ညွန့်လည်းမှုစရာမလိုသလို မင်းအောင်လှိုင်လည်းမှုစရာမလို

ပါဘူး။လူထုအမြဲအာရုံစိုက်ထားရမှာက

– စစ်သူပုန်ကိုဖြုတ်ချ၊

– စစ်ရာဇဝတ်ကောင်မှန်သမျှကြိုးစင်ပို့ပြီး

– စစ်အုပ်စုခိုးထားသမျှအကုန်ပြန်သိမ်း

ဖို့ပါဘဲ။ “အရေးတော်ပုံ” ဆိုတာ ဒါပါဘဲ။ အောင်အောင်သွားကြစို့ရဲ့ … !!!!!

လေးစားလျက်   ကိုထင် (ခ) လင်းမြတ်