မြင်းမူ အခြေစိုက် ကာကွယ်ရေးတပ် People’s Guerillas Commando Myinmu က RPG စမ်းသပ်အောင်မြင်ဟုဆို
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် အခြေစိုက် People’s Guerillas Commando Myinmu မှ ဒီဇင်ဘာလ ၁ ရက်နေ့တွင် လက်လုပ် RPG များ
စမ်းသပ်ရာ ပေ ၈၅၀ အဝေးပစ်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း PGC အဖွဲ့ဝင်တစ်ဦးထံက သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်တွင် မုံရွာမှ အရာတော်သို့လာသည့် စစ်ကောင်စီ၏ လိုက်ထရပ်ကား နှစ်စီး
အနက် ရှေ့ကားအား တုံးတင်ကန်အနီးတွင် တစ်ဖက်ပွင့်ပြောင်း နှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ
အနည်းဆုံး စစ်ကောင်စီတပ်သား ငါးဦးခန့် သေဆုံးနိုင်ပြီး အထိခိုက်များနိုင်ကြောင်းနှင့် ၎င်းစစ်ဆင်ရေးကို People’s Guerillas
Commando Myinmu နှင့်အတူ တော်လှန်ရေးညီနောင် ခြောက်ဖွဲ့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း အဆိုပါ PGC အဖွဲ့ဝင်က ပြောသည်။
ဖွဲ့ဝင်က ပြောသည်။