ၾကားသိသမွ်

မြောင်မြို့နယ်အတွင်းစကစပိုင်သဘ်ော ၂စီးမှ ဖမ်းဆီးရမိသော ဆီပေပါများကို တစ်ရွာလျှင်ပေပါနှစ်လုံးကြခွဲပေး

မြောင်မြို့နယ်အတွင်းစကစပိုင်သဘ်ော ၂စီးမှ ဖမ်းဆီးရမိသော ဆီပေပါများကို တစ်ရွာလျှင်ပေပါနှစ်လုံးကြခွဲပေး

ဇေယျာတိုင်း၊ ဒီဇင်ဘာ ၅

ဒီဇင်ဘာ ၄ရက် ယမန်နေ့မနက်ပိုင်းက မြောင်မြို့နယ်ကို

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်လိုက်ပြီး

စစ်တပ်ပိုင် ရွှေဂျိုးဖြူဆီသဘ်ေ နဲ့ BOCသဘ်ော တို့ကိုပြည်သူ့ကာကွယ်ရေးအဖွဲ့များက နှလုံးလှဂိတ်မှာသိမ်းဆည်းလိုက်သည်။

မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အကြမ်းဖက်စစ်တပ်ပိုင် ဆီသင်္ဘော ၂စီးကို ဖမ်းဆီးရမိပြီး တစ်ရွာလျှင်

ဆီပီပေပါ ၂လုံးကြခွဲဝေပေးပြီး ဒေသခံလူထုကို ဈေးနှုန်းချိုသာစွာဖြန့်ဝေပေး လျက်ရှိကြောင်းသိရှိရသည်။

ရရှိလာတဲ့ ရံဘုံငွေကို လက်နက်တက်ဆင်ရန်နှင့် ဒေသဖွံ့ဖြိုးရေးအတွက် သုံးစွဲသွားမယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့နဲ့နီးစပ်သူတစ်ဦးက

ဇေယျာတိုင်း ကိုပြောပါတယ်။

မြောင်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့များထမ်းချုပ်ထားလျက်ရှိပြီး

ဒီကနေ့မနက်ပိုင်းမှာတော့ အကြမ်းဖက်စကစ ကစစ်ကြောင်းများဖြင့် တပ်ဖြန့်လျက်ရှိကြောင်း

မြောင်မြို့နယ်သတင်းပြန်ကြားရေးမှသိရသည်။


ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးအဖွဲ့များက စကစမှထံဖမ်းဆီးရမိသော ဆီများကို ပြည်သူများအားခွဲဝေပေးစဉ်


ဇေယျာတိုင်း၊ ဒီဇင်ဘာ ၅










