ၾကားသိသမွ်

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်တွေ့ဆုံမှု စကားမပြောနိုင်ဘဲ ကျန်းမာရေးမကောင်းမွန်သော NLD နာယက ဦးတင်ဦးက ပင်နီဝတ်၍ တွေ့ဆုံ

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်တွေ့ဆုံမှု စကားမပြောနိုင်ဘဲ ကျန်းမာရေးမကောင်းမွန်သော NLD နာယက

ဦးတင်ဦးက ပင်နီဝတ်၍ တွေ့ဆုံ

ရန်ကုန်၊ ဒီဇင်ဘာ ၅

အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ယနေ့ ဒီဇင်ဘာလ ၅ ရက် နံနက်ပိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

နာယက ဦးတင်ဦးထံ လာရောက်တွေ့ဆုံသောအခါ စကားမပြော နိုင်ဘဲ ကျန်းမာရေးမကောင်းမွန်သည် ဦးတင်ဦးက ပင်နီတိုက်ပုံဝတ်၍

လက်ခံတွေ့ဆုံကြောင်း ဦးတင်ဦး၏‌ မြေးတစ်ဦးဖြစ်သူ မေချိုလွင်က လူမှုကွန်ရက်တွင် ရေးသားသတင်းထုတ်ပြန်ထားသည်။


NLD နာယက ဦးတင်ဦးသည် အသက်အရွယ်ကြီးရင့်နေပြီး လေဖြတ်ထားသည့် အတွက် လမ်းမလျှောက်နိုင်တော့သည့်အပြင် စကား

လည်း မပြောနိုင်တော့ကြောင်း၊ နေအိမ်ထိလာရောက်တွေ့ဆုံသည့် မင်းအောင်လှိုင်ကို ငြင်းပယ်နိုင်ခြင်းမရှိကြောင်း၊ ပင်နီတိုက်ပုံဝတ်ဆင်

ပြီးမှ လက်ခံတွေ့ဆုံကြောင်း မိသားစုဝင်တစ်ဦးထံမှ သိရှိရသည်။


“ဘဘ ဟာ အသက်အရွယ် လည်း အလွန်ကြီးရင့်နေပြီးတော့ လေဖြတ်ထားသူတစ်ဦးဖြစ်တဲ့ အတွက် လမ်းလည်း မလျောက်နိုင်တော့သလို

စကားလည်း မပြောနိုင်တော့ပါဘူး။ အဲဒီ အတွက် ဘ ဘ အနေ နဲ့ အိမ်အထိ လာရောက် တွေ့ ဆုံသူကို ငြင်းပယ် မရတဲ့ အခြေအနေ နဲ့

လက်ခံ တွေ့ဆုံလိုက်ရပေမယ့် စကား တော့ ပြန်ပြောနိုင်မှာ မဟုတ်ပါဘူး။ ဘဘ ရဲ့ မိသားစုဝင်တစ်ဦးဆီ က ကြားသိချက်အရ ဘဘ ဦးတ

င်ဦး က လက်ရှိကာချုပ်ကို ပင်နီတိုက်ပုံဝတ်ပြီး တော့မှ လက် ခံ တွေ့ဆုံခဲ့တယ်လို့ ကြားသိရပါတယ် ။ ဒါက လေဖြတ်ထားလို့ စကားမပြော

နိုင်တော့တဲ့ ဘဘ က သူ့ရဲ့စိတ်သဘောထားရပ်တည်ချက်ကို ပင်နီတိုက်ပုံဝတ်ပြီး ပြသလိုက်တာလို့ပဲ မေချိုကတော့ ယူဆ ပါတယ် ရှင့်”

ဟု မြေးမြစ်သူမေချိုလွင်က ရေးသားထားသည်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်းတစ်ဦးဖြစ်သူ ဦးတင်ဦးအပါအဝင် ဘိုကလေးတင့်အောင်၊ ထောက်လှမ်းရေးအကြီးအကဲဟောင်း

ခင်ညွန့်တို့ကို မင်းအောင်လှိုင်က ယနေ့နံနက်တွင် လိုက်လံတွေ့ဆုံကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက မီဒီယာများသို့

ထုတ်ဖော်ပြောဆိုထားသည်။

အၾကမ္းဖက္စစ္ေခါင္းေဆာင္ မင္းေအာင္လွိုင္ လာေရာက္ေတြ႕ဆုံမႈ စကားမေျပာနိုင္ဘဲ က်န္းမာေရးမေကာင္းမြန္ေသာ

NLD နာယက ဦးတင္ဦးက ပင္နီဝတ္၍ ေတြ႕ဆုံ

ရန္ကုန္၊ ဒီဇင္ဘာ ၅

အၾကမ္းဖက္စစ္ေကာင္စီေခါင္းေဆာင္ မင္းေအာင္လွိုင္သည္ ယေန႔ ဒီဇင္ဘာလ ၅ ရက္ နံနက္ပိုင္းတြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္

နာယက ဦးတင္ဦးထံ လာေရာက္ေတြ႕ဆုံေသာအခါ စကားမေျပာ နိုင္ဘဲ က်န္းမာေရးမေကာင္းမြန္သည္ ဦးတင္ဦးက ပင္နီတိုက္ပုံဝ

တ္၍ လက္ခံေတြ႕ဆုံေၾကာင္း ဦးတင္ဦး၏‌ ေျမးတစ္ဦးျဖစ္သူ ေမခ်ိဳလြင္က လူမႈကြန္ရက္တြင္ ေရးသားသတင္းထုတ္ျပန္ထားသည္။

NLD နာယက ဦးတင္ဦးသည္ အသက္အရြယ္ႀကီးရင့္ေနၿပီး ေလျဖတ္ထားသည့္ အတြက္ လမ္းမေလၽွာက္နိုင္ေတာ့သည့္အျပင္

စကားလည္း မေျပာနိုင္ေတာ့ေၾကာင္း၊ ေနအိမ္ထိလာေရာက္ေတြ႕ဆုံသည့္ မင္းေအာင္လွိုင္ကို ျငင္းပယ္နိုင္ျခင္းမရွိေၾ

ကာင္း၊ ပင္နီတိုက္ပုံဝတ္ဆင္ၿပီးမွ လက္ခံေတြ႕ဆုံေၾကာင္း မိသားစုဝင္တစ္ဦးထံမွ သိရွိရသည္။

“ဘဘ ဟာ အသက္အရြယ္ လည္း အလြန္ႀကီးရင့္ေနၿပီးေတာ့ ေလျဖတ္ထားသူတစ္ဦးျဖစ္တဲ့ အတြက္ လမ္းလည္း မေလ်ာက္နို

င္ေတာ့သလို စကားလည္း မေျပာနိုင္ေတာ့ပါဘူး။ အဲဒီ အတြက္ ဘ ဘ အေန နဲ႔ အိမ္အထိ လာေရာက္ ေတြ႕ ဆုံသူကို ျငင္းပ

ယ္ မရတဲ့ အေျခအေန နဲ႔ လက္ခံ ေတြ႕ဆုံလိုက္ရေပမယ့္ စကား ေတာ့ ျပန္ေျပာနိုင္မွာ မဟုတ္ပါဘူး။ ဘဘ ရဲ့ မိသားစုဝင္တစ္ဦးဆီ က

ၾကားသိခ်က္အရ ဘဘ ဦးတင္ဦး က လက္ရွိကာခ်ဳပ္ကို ပင္နီတိုက္ပုံဝတ္ၿပီး ေတာ့မွ လက္ ခံ ေတြ႕ဆုံခဲ့တယ္လို႔ ၾကားသိရပါတယ္ ။ ဒါက

ေလျဖတ္ထားလို႔ စကားမေျပာ နိုင္ေတာ့တဲ့ ဘဘ က သူ႔ရဲ့စိတ္သေဘာထားရပ္တည္ခ်က္ကို ပင္နီတိုက္ပုံဝတ္ၿပီး ျပသလိုက္တာလို႔ပဲ ေမခ်ိဳကေ

တာ့ ယူဆ ပါတယ္ ရွင့္” ဟု ေျမးျမစ္သူေမခ်ိဳလြင္က ေရးသားထားသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ေဟာင္းတစ္ဦးျဖစ္သူ ဦးတင္ဦးအပါအဝင္ ဘိုကေလးတင့္ေအာင္၊ ေထာက္လွမ္းေရးအႀကီးအ

ကဲေဟာင္း ခင္ညြန႔္တို႔ကို မင္းေအာင္လွိုင္က ယေန႔နံနက္တြင္ လိုက္လံေတြ႕ဆုံေၾကာင္း စစ္ေကာင္စီ ေျပာခြင့္ရ ေဇာ္မင္းထြန္း

က မီဒီယာမ်ားသို႔ထုတ္ေဖာ္ေျပာဆိုထားသည္။