ၾကားသိသမွ်

ရန်ကုန်တွင် ငြိမ်းချမ်းစွာဆန္ဒပြသည့်ပြည်သူများအား အာဏာသိမ်းစစ်တပ်က နောက်မှကားဖြင့်ဝင်တိုက်၊ ပစ်ခတ်ဖြိုခွင်း

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်တွင် ယနေ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၅) ရက်နေ့ နံနက်ပိုင်းက ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်သည့် စစ်အာဏာရှင်

ဆန့်ကျင်ရေးလူထုသပိတ်ကို အာဏာသိမ်းအဖွဲ့၏ စစ်တပ်က နောက်မှနေ၍ စစ်ကားဖြင့် အရှိန်ပြင်းစွာဝင်တိုက်ပြီး ပစ်ခတ်ဖြိုခွင်းသည့်

ဖြစ်စဉ်ကို ပြည်သူအချို့က မှတ်တမ်းရယူနိုင်ခဲ့သည်။

အဆိုပါ ဖြိုခွင်းမှုကြောင့် ပြည်သူ (၄) ဦးကျဆုံးရပြီး ဖမ်းဆီးခံရသူများလည်းရှိကြောင်း သိရသည်။




