ၾကားသိသမွ်
ဘယ်နေရာက ဘယ်လိုပေါ်လာမလဲဆိုတဲ့အတွေးနဲ့အရူးမီးဝိုင်းကစဉ်ကလျားဖြစ်နေကြပြီ
လက်ရှိအနေအထားကိုကြည့်ရင်…လက်နက်ကိုင်တော်လှန်ရေး အခြေနေဟာ…အရှင်းသား မြင်လာရပါပြီ။
NUG နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က
မဟာဗျူဟာအရ အသာစီးရနေပြီလို့ ပြောလို့ရနေပါပြီ။
ကြည့်တတ်ရင်မြင်ပါ။လေ့လာရင် သိပါတယ်။
စစ်ရေးအရပြောရရင်…ယခုလက်ရှိ ခရုပုံ ဗျူဟာအရ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က
အပြင်ကနေဝိုင်းပြီး တွန်းလာနိုင်တာကြောင့်..မအလနဲ့စစ်အုပ်စုဟာ မြို့ပြကို ကာကွယ်နိုင်အရေး
အသဲအသန်နဲ့ ကြောက်ကန် ကန်ပြီး..လုပ်ဆောင်နေတာကို တွေ့နေရပြီဖြစ်လို့…
ဒီကရှေ့လျှောက် မြို့နေပြည်သူတွေအနေနဲ့ပိုပြီး ဂရုစိုက်နေထိုင်သွားလာကြဖို့ အသိပေးပါရစေ။
ဥပမာပြောရရင်….အိမ်တစ်အိမ်ကို ဝင်စီးထားတဲ့ ဓမြအုပ်စုနဲ့ အိမ်ရှင်မိသားရဲ့ အိမ်ထဲကအခြေနေလို ပါ။
ဓားမြတွေဘက်က မိသားစုဝင်တချို့ကို သက်ပြလိုက်တော့ ကျန်တဲ့မိသားစုဝင်တွေဟာ…မအော်ရဲ မလှုပ်ရဲ စိုးရိမ်ထိတ်လန့်ဖြစ်ပြီး…
ခေါင်းမဖော်ဝံ့တော့တဲ့အထိ ကြောက်နေကြပေမဲ့…သတိထားမိတဲ့ ဘေးပတ်ဝန်းကျင်ရဲ့သတင်းပေးမှုကြောင့်…
အိမ်ပက်လည်ကို ရောက်လာကြတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေဟာ အိမ်အပြင်ကနေဝိုင်းထားပြီဆိုတာကိုတော့
အိမ်တွင်းမှာပိတ်မိနေတဲ့ အိမ်ရှင်တွေက မသိပါဘူး။ဘာလို့ဆိုလျှင်…ခေါင်းဖော်တာနဲ့ ဒီဓမြတွေက သတ်မယ်ဆိုတာသိလို့
အကြောက်လွန်ပြီး မကြည့်ရဲလို့ပါ။အမှန်တော့….ဓမြတွေကိုယ်တိုင်ကလည်း ဒစာခံတွေလိုပဲ ကြောက်နေတာပါ။
ဘာကြောင့်ဆို…သူတို့ကိုယ်တိုင်က အပြင်ကိုမြင်နေရလို့ပါ။သူတို့ကို ဝိုင်းထားပြီဖြစ်တဲ့ ဒီအဖွဲ့တွေဟာ…
ခေါင်မိုးပေါ်ကနေပဲ လာမှာလား…ဘေးပတ်ချာကနေပဲ ဝင်လာမလား…ဘယ်နေရာက ဘယ်လိုပေါ်လာမလဲ ဆိုတဲ့ အတွေးနဲ့..
ဓမြတွေကိုယ်တိုင် အကြောက်ကြီးနေပါပြီ။ကယ်မဲ့ကူမဲ့သူတွေ ဘေးပတ်ချာမှာရောက်နေကြောင်းအတွင်းထဲကလူတွေ မသိပေမဲ့…
ဓမြတွေကတော့ သိပါပြီ။ဒါကြောင့်လဲ…..သူတို့ထွက်ပေါက်ရရေး အိမ်ထဲကလူတွေအပေါ်နည်းအမျိုးမျိုးနဲ့ ဖိအားပေးခြိမ်ခြောက်ပြီး…
ထွက်ပေါက်ရှာကြပါလိမ်မယ်။ပြောချင်တာက….သတိနဲ့နေ သတိနဲ့သွား…ဓားစာခံအဖြစ်မခံနဲ့။ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ရဲ့စကား
အရတိုက်ပွဲဝင်နေတဲ့ တပ်ဖွဲ့အားလုံးရဲ့ ၉၀%ဟာMODနဲ့ချိတ်ဆက်ဆောင်ရွှက်နိုင်ခဲ့ပြီဖြစ်လို့….မကြာမှီမှာ….အဆုံးသတ်တိုက်ပွဲတွေ စ
လာတော့မယ်။ဒီကိစ္စတွေနဲ့ပတ်သတ်လို့…ကျနော်တို့အနေနဲ့သေခြာအတိကျ မသိရသေးပေမဲ့….ဓာမြအဖွဲ့ကတော့…အပေါ်က လာမ
လား…?အောက်ကလာ မလား…?ဘေးကဝိုင်းလာ မလား ဆိုတဲ့အတွေးနဲ့ သွေးပြတ်နေတာက လုံခြုံရေးအထပ်ထပ်
စစ်ဆေးရေးတွေ တင်းတင်းကြပ်ကြပ်လုပ်ပြီး…ဖရိုဖရဲ ဖြစ်နေတာတွေက မြင်လို့တောင်မကောင်းတော့ပါဘူး။
အချိန်ကြာလာတာနဲ့အမျှ…မအလနဲ့စစ်အုပ်စုဟာ မြို့ပြကို ထိမ်းသိမ်းထားနိုင်ရေးတောင် မလွယ်ကူတော့ကြောင်း အခြေနေအရ
သိလာရပြီဖြစ်လို့….မကြာမှီ လာမည်…
ထို့ကြောင့်….
ကျနော်တို့ နိုင်ကို နိုင်တော့မည်။
🚀သံပါးစပ်
ကြည့်တတ်ရင်မြင်ပါ။လေ့လာရင် သိပါတယ်။
ထို့ကြောင့်….
🚀သံပါးစပ်