ၾကားသိသမွ်

စင်ကာပူနဲ့ပွဲအတွက် ကစားသမား(၁၈)ယောက်မပြည့်တဲ့ပြဿနာနဲ့ မြန်မာအသင်းရင်ဆိုင်နေရ

စင်ကာပူနဲ့ပွဲအတွက် ကစားသမား(၁၈)ယောက်မပြည့်တဲ့ပြဿနာနဲ့ မြန်မာအသင်းရင်ဆိုင်နေရ

အာဆီယံဆူဇူကီးအဖွင့်ပွဲစဉ် အဖြစ် အိမ်ရှင်စင်ကာပူနဲ့ ပွဲအတွက် ဖီဖာသတ်မှတ်ထားတဲ့ ကစားသမား အရေ အတွက် မပြည့်မီတဲ့ ပြဿနာ

နဲ့ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း ရင်ဆိုင်နေရပါတယ်။မြန်မာအသင်းဟာ ဒီဇင်ဘာ ၅ ရက် (မနက်ဖြန်) ပွဲစဉ် မတိုင်ခင်အထိ

ကစားသမား ၁၀ ဦးအထိ ကိုဗစ် သံသယရှိနေတဲ့အတွက် ဆေးစစ်မှု ခံယူရမည် ဖြစ်သည့်အပြင် ကစားသမား ၄ ဦးဟာလည်း ဒဏ်ရာ

ပြဿနာ ရှိနေတယ်လို့သိရပါတယ်။မြန်မာအသင်းရဲ့ လက်ရှိကစား သမား ၂၇ ယောက်မှာ ၁၄ ယောက်က အခုလို ကိုဗစ်သံသယနဲ့ ဒဏ်ရာ

ပြဿနာ ရှိနေတဲ့အတွက်


ကစားသမား ၁၃ ယောက်သာ ကျန်ရှိပြီး ၄ ယောက်က ဂိုးသမားတွေ ဖြစ်နေတယ်လို့ နည်းပြချုပ် အန်တွမ်နီဟေးက ပွဲကြိုသတင်းစာ

ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ရဲ့ စည်းမျဉ်းအရ ပြိုင်ပွဲဝင် ဘောလုံးအသင်းတစ်သင်းဟာ ပွဲထွက်

ကစားသမား ၁၁ ယောက်အပြင် အရန်ခုံတန်းမှာ အရန်ကစားသမား ၇ ဦး ရှိရမယ်လို့ ပြဌာန်းထားပါတယ်။


ဒါကြောင့် မြန်မာအသင်းအနေနဲ့ ကစားသမား ၁၈ ဦး ပြည့်မီမှသာ စင်ကာပူနဲ့ ဆူဇူကီးပွဲစဉ်ကို ယှဉ်ပြိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။မြန်မာ

အသင်းရဲ့ နည်းပြချုပ် အန်တွမ်နီဟေးကတော့ ဆူဇူကီးအဖွင့်ပွဲစဉ် အဖြစ် အိမ်ရှင် စင်ကာပူအသင်းနဲ့ ကစားခွင့်ရဖို့အတွက် မနက်ဖြန်

(ဒီဇင်ဘာ ၅ ရက်) မှာ မြန်မာကစားသမား လုံလောက်မှု ရှိလာနိုင်မယ် လို့ မျှော်လင့်ကြောင်း ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။


မြန်မာဘောလုံးအသင်းရဲ့ နာမည်ကြီး ကစားသမား အတော်များများကတော့ စကစ လက်အောက်မှာ ဘော လုံး မကစားလိုတဲ့အတွက်

အသင်းမှာ ပါဝင်လာခြင်း မရှိပါဘူး။တကယ်လို့ ကိုဗစ်သံသယရှိတဲ့ ဘောလုံးသမား ၁၀ ဦးလုံးသာ ကိုဗစ်တွေ့ရှိခဲ့မယ်ဆိုရင်တော့ စင်ကာပူ

နဲ့ မြန်မာအသင်း ပွဲစဉ်ဟာ ပျက်ပြယ်သွားရမှာပဲ ဖြစ်ပါတယ်။

စင္ကာပူနဲ႔ပြဲအတြက္ ကစားသမား(၁၈)ေယာက္မျပည့္တဲ့ျပႆနာနဲ႔ ျမန္မာအသင္းရင္ဆိုင္ေနရ

အာဆီယံဆူဇူကီးအဖြင့္ပြဲစဥ္ အျဖစ္ အိမ္ရွင္စင္ကာပူနဲ႔ ပြဲအတြက္ ဖီဖာသတ္မွတ္ထားတဲ့ ကစားသမား အေရ အတြက္ မျပည့္မီတဲ့ ျပႆနာနဲ႔ ျမန္

မာ့လက္ေရြးစင္ ေဘာလုံးအသင္း ရင္ဆိုင္ေနရပါတယ္။ျမန္မာအသင္းဟာ ဒီဇင္ဘာ ၅ ရက္ (မနက္ျဖန္) ပြဲစဥ္ မတိုင္ခင္အထိ

ကစားသမား ၁၀ ဦးအထိ ကိုဗစ္ သံသယရွိေနတဲ့အတြက္ ေဆးစစ္မႈ ခံယူရမည္ ျဖစ္သည့္အျပင္ ကစားသမား ၄ ဦးဟာလည္း ဒဏ္ရာျပႆ

နာ ရွိေနတယ္လို႔သိရပါတယ္။ျမန္မာအသင္းရဲ့ လက္ရွိကစား သမား ၂၇ ေယာက္မွာ ၁၄ ေယာက္က အခုလို ကိုဗစ္သံသယနဲ႔ ဒဏ္ရာျပႆနာ

ရွိေနတဲ့အတြက္ကစားသမား ၁၃ ေယာက္သာ က်န္ရွိၿပီး ၄ ေယာက္က ဂိုးသမားေတြ ျဖစ္ေနတယ္လို႔ နည္းျပခ်ဳပ္ အန္တြမ္နီေဟးက ပြဲႀ

ကိဳသတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။ကမၻာ့ေဘာလုံးအဖြဲ႕ခ်ဳပ္ (ဖီဖာ) ရဲ့ စည္းမ်ဥ္းအရ ၿပိဳင္ပြဲဝင္ ေဘာလုံး

အသင္းတစ္သင္းဟာ ပြဲထြက္ ကစားသမား ၁၁ ေယာက္အျပင္ အရန္ခုံတန္းမွာ အရန္ကစားသမား ၇ ဦး ရွိရမယ္လို႔ ျပဌာန္းထားပါတယ္။

ဒါေၾကာင့္ ျမန္မာအသင္းအေနနဲ႔ ကစားသမား ၁၈ ဦး ျပည့္မီမွသာ စင္ကာပူနဲ႔ ဆူဇူကီးပြဲစဥ္ကို ယွဥ္ၿပိဳင္ခြင့္ ရရွိမွာ ျဖစ္ပါတယ္။ျမ

န္မာအသင္းရဲ့ နည္းျပခ်ဳပ္ အန္တြမ္နီေဟးကေတာ့ ဆူဇူကီးအဖြင့္ပြဲစဥ္ အျဖစ္ အိမ္ရွင္ စင္ကာပူအသင္းနဲ႔ ကစားခြင့္ရဖို႔အတြက္ မနက္ျဖ

န္ (ဒီဇင္ဘာ ၅ ရက္) မွာ ျမန္မာကစားသမား လုံေလာက္မႈ ရွိလာနိုင္မယ္ လို႔ ေမၽွာ္လင့္ေၾကာင္း ပြဲႀကိဳသတင္းစာရွင္းလင္းပြဲ

မွာ ေျပာခဲ့ပါတယ္။

ျမန္မာေဘာလုံးအသင္းရဲ့ နာမည္ႀကီး ကစားသမား အေတာ္မ်ားမ်ားကေတာ့ စကစ လက္ေအာက္မွာ ေဘာ လုံး မကစားလိုတဲ့အတြ

က္ အသင္းမွာ ပါဝင္လာျခင္း မရွိပါဘူး။တကယ္လို႔ ကိုဗစ္သံသယရွိတဲ့ ေဘာလုံးသမား ၁၀ ဦးလုံးသာ ကိုဗစ္ေတြ႕ရွိခဲ့မယ္ဆိုရင္ေတာ့ စင္

ကာပူနဲ႔ ျမန္မာအသင္း ပြဲစဥ္ဟာ ပ်က္ျပယ္သြားရမွာပဲ ျဖစ္ပါတယ္။