ဒီပဲယင်း ပ.က.ဖ တိုက်ခိုက်ရေး ခေါင်းဆောင် CDM ကျောင်းဆရာတစ်ဦး ၄င်း၏ ရဲဘော်များကို ကာပစ်ပေးရင်း တိုက်ပွဲတွင် ကျဆုံး
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် ယမန်နေ့ ဒီဇင်ဘာ(၃)ရက် ညပိုင်းက ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) ရဲဘော်
များနှင့် စစ်ကောင်စီ လက်နက်ကိုင်များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲတွင် ဒီပဲယင်း ပ.က.ဖ၏ တိုက်ခိုက်ရေး ခေါင်းဆောင် CDM
ကျောင်းဆရာ တစ်ဦး ကျဆုံးခဲ့ကြောင်း ဒေသခံ တော်လှန်ရေး အင်အားစုများက ပြောသည်။
ကျဆုံးသူသည် စစ်တပ် အာဏာသိမ်းပြီးနောက် CDM ပြုလုပ်ထားသော ကျောင်းဆရာတစ်ဦး ဖြစ်သလို ဒီပဲယင်း ပ.က.ဖ တပ်ဖွဲ့ဝင်
တိုက်ခိုက်ရေး (Mission) ခေါင်းဆောင် ဦးမြဝင်း ခေါ် နွားကျောင်းသား ဆိုသူ ဖြစ်ကြောင်း ဒေသတွင်း တော်လှန်ရေး အင်အားစုတစ်ဖွဲ့ဖြစ်
သော ဒီပဲယင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF က ပြောသည်။
“ဟုတ်ပါတယ်။ ကျွန်တော်တို့ တပ်ရင်းကတော့ မဟုတ်ပေမယ့် ပ.က.ဖ က CDM ကျောင်းဆရာပါ။ သူ့ရဲဘော်တွေကို ကာပစ်ပေးရင်း
ကျည်ထိကျသွားတာပါ” ဟု ဒီပဲယင်း PDF က ဆိုသည်။
ယမန်နေ့ ဒီဇင်ဘာ(၃)ရက် ညပိုင်းက စစ်ကောင်စီ လက်နက်ကိုင်များ၏ လှုပ်ရှားမှုကို သွားရောက် စနည်းနာချိန်တွင် စစ်အုပ်စုနှင့်
ထိပ်တိုက်တိုးကာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ခိုက်ရေး ခေါင်းဆောင် ဦးမြဝင်း ခေါ် နွားကျောင်းသားက ရဲဘော်များကို ကာပစ်ပေးရင် ကျဆုံး
ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီက လက်နက်ကိုင် အင်အား (၄၀၀)ခန့်ဖြင့် စစ်ကြောင်း သုံးကြောင်း ခွဲကာ ဒီပဲယင်းနယ်အတွင်း ထိုးစစ်ဆင်နေ
သလို ဒေသခံ တော်လှန်ရေး တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် အထိနာချိန်တွင် လေကြောင်းအသုံးပြု၍ပါ တိုက်ခိုက်နေသည်။
စစ်ကောင်စီ လက်နက်ကိုင်များသည် ဒီပဲယင်းမြို့နယ် ကျေးရွာများသို့ စီးနင်းဝင်ရောက်ကာ ထင်တိုင်းကျဲ သောင်းကြမ်းနေပြီး သာသနိက
အဆောက်အဦးများနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ တန်ဘိုးကြီး ပစ္စည်းများ လုယက်ခိုးယူခြင်း၊ ဒေသခံ အရပ်သားပြည်သူများကို
ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခြင်းများ လုပ်ဆောင်နေသည်။
စစ်အုပ်စုက ထင်တိုင်းကျဲ သောင်းကြမ်းနေသဖြင့် လက်ရှိတွင် ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာ (၁၁)ရွာသည် ရွာလုံးကျွတ် ထွက်ပြေးနေ
ရပြီး စစ်ဘေးရှောင်ပြည်သူ နှစ်သောင်းကျော်အထိ ရှိနေသည်။
ပြီးခဲ့သည့် နိုဝင်ဘာ(၂၇)ရက်က ဒီပဲယင်းမြို့နယ် ညောင်လှရွာအတွင်း စစ်အုပ်စုက ရဟတ်ယာဉ်အသုံးပြု၍ ပစ်ခတ်ခဲ့ရာ အရပ်သားပြည်သူ
အချို့ သေဆုံးခဲ့သေးသည်။