ၾကားသိသမွ်

စိတ်ဓာတ်ကျနေပြီး စစ်ရေးညံ့တဲ့ အကြမ်းဖက်စစ်တပ်ဟာ မင်းအောင်လှိုင်ရဲ့အနာဂတ်ကို အကြီးဆုံးစိန်ခေါ်နေ

စိတ်ဓာတ်ကျနေပြီး စစ်ရေးညံ့တဲ့ အကြမ်းဖက်စစ်တပ်ဟာ မင်းအောင်လှိုင်ရဲ့အနာဂတ်ကို အကြီးဆုံးစိန်ခေါ်နေ

စိတ်ဓာတ်ကျဆင်းနေပြီး စစ်ရေးစွမ်းရည် ချို့တဲ့နေတဲ့အကြမ်းဖက်စစ်တပ်ဟာ မင်းအောင်လှိုင် ရင်ဆိုင်နေရတဲ့ အကြီးမားဆုံးစိန်ခေါ်မှုတွေ

ထဲက တစ်ခုဖြစ်တယ်လို့ အငြိမ်းစား တပ်အရာရှိကြီး တစ်ဦးကပြောပါတယ်။

အကြမ်းဖက်စစ်တပ်ထဲက အဂတိလိုက်စားခွင့်မရသူများစွာရဲ့ မိသားစုတွေဟာ လူစဉ်မှီ စားနပ်ရိက္ခာမရှိတဲ့ ပြဿနာကို ရင်ဆိုင်နေရသလို

ပြည်သူက ရန်သူလိုဆက်ဆံတာခံတာ၊ နေ့စဉ် ပြောက်ကျားတပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်မှုကြောင့်အသက်ဆုံးရှုံးနေရတာ ၊လူမှုကွန်ရက်ပေါ်

က သတင်းအချက်အလက်အားလုံးရဲ့ ၉၅ရာခိုင်နှုန်းကျော်ဟာ အကြမ်းဖက်စစ်တပ်ကိုဆန့်ကျင်ခြင်းနဲ့ အကြမ်းဖက်စစ်တပ်အကျအဆုံး

သတင်းတွေကိုသာ မြင်နေရခြင်းကြောင့် စိတ်ဓာတ်ကျဆင်းနေကြတယ်လို့ သူကပြောပါတယ်။


‘အရင်တုန်းကကျတော့ ရှေ့တန်းရောက်မှ သတိကြီးကြီးထားရတာ။အခုကျတော့ တပ်အပြင်ထွက်တာနဲ့ သတိကြီးကြီးထားရတော့တယ်။

ပြီးတော့ မြန်မာနိုင်ငံအနှံ့မြို့ကြီးတွေကလည်း ရှေ့တန်းစစ်မြေပြင်ဖြစ်နေ တယ်။ဒါပေမဲ့ PDFဆိုတာ ယူနီဖောင်းမရှိတော့ သူတို့ရဲ့ရန်သူ

ဘယ်သူလဲဆိုတာမသိဘူး။ဒီကြားထဲ လူလည်း မရှိတော့ အာဏာသိမ်းပြီး ၂လလောက်ကတည်းက တစ်ရက်မှအနားမရတဲ့ စစ်သားတွေ

အများကြီးပဲ’လို့သူ ကပြောပါတယ်။


ဒေသခံပြောက်ကျားတွေရဲ့ ဒလန်ရှင်းလင်းရေးလုပ်ငန်း အရှိန်ကောင်းလာတဲ့အချိန်ကစလို့ အကြမ်းဖက်စစ် တပ်သတင်းပေး ရှားလာသလို

ဒေသခံတွေဆီကနေ ‌ဒေသခံပြောက်ကျားတွေရဲ့သတင်းကို လုံးဝမရတာ ကြောင့် မျက်ကန်းသွားလာနေတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေဟာ

ဒေသခံပြောက်ကျားတွေ စိတ်ကြိုက် မိုင်းဆွဲ တိုက်ခိုက်ခြင်းခံနေရတာလို့လည်းဆိုပါတယ်။

‘ဒီပဲရင်းကိုကြည့်မလား၊ဆောကိုကြည့်မလား ဒေသခံပြောက်ကျားတွေမှာ မောင်းပြန်သေနတ် မယ်မယ်ရရရှိ တာမဟုတ်ဘူး။ဒါပေမဲ့

စစ်တပ်က မြေပြင်မှာမယှဉ်နိုင်လို့ လေကြောင်းပစ်ကူပေးရတယ်။အဲဒါကိုကြည့်လိုက် ရင် စစ်တပ်ရဲ့ စစ်ရေးစွမ်းရည် ဘယ်လောက်ချို့တဲ့

နေသလဲဆိုတာပြောပြနေတယ်’လို့ သူကဆက်ပြောပါ တယ်။


ဆက်လက်ပြီး အငြိမ်းစားတပ်အရာရှိကြီးက ဖေ့စ်ဘွတ်ခ်သုံးစွဲမှုဟာ တပ်မိသားစုဝင်ကြား မသုံးစွဲရလို့ ကန့် သတ်ထားလို့ မရသလို လူတိုင်း

သုံးစွဲနေတဲ့ဖေ့စ်ဘွတ်ခ်ကို မင်းအောင်လှိုင်က ဆင်ဆာလုပ်လို့မရတာကြောင့် ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းသံအမတ်ကြီး ဦးကျော်မိုး

ထွန်းကို ဖြုတ်ချဖို့ မင်းအောင်လှိုင်ရဲ့ကြိုးပမ်းမှု ကျဆုံးသွားတယ်ဆိုတဲ့ သတင်းမျိုးကို သတင်းထိန်ချန်လိမ်လည်လို့မရတော့ကြောင်းပြောပါ

တယ်။‘မင်းအောင်လှိုင်ကို မြန်မာပြည်သူတွေတင်မကဘူး၊နိုင်ငံတကာကလည်း အသိအမှတ်မပြုတော့ဘူးဆိုတာ စစ် တပ်ထဲက

စစ်သွေးကြွတွေကိုတောင် စိတ်ဓာတ်မကျအောင်မတားနိုင်ဘူး။မင်းအောင်လှိုင်အခြေအနေမ ကောင်းတော့ဘူးဆိုတာ တပ်ထဲမှာ ကြိတ်

ပြောစရာသတင်းဖြစ်လာတယ်။’လို့ သူကဆိုပါတယ်။

NUG အစိုးရအနေနဲ့ ပြည်သူ့ရင်ခွင်ခိုဝင်လာတဲ့သူတွေရဲ့အနာဂတ်အတွက် ဒါ့ထက်ပိုကောင်းတဲ့အစီအမံတွေ ချမှတ်ဖော်ဆောင်နိုင်ပါက

ပြည်သူ့ရင်ခွင်အစီအစဉ် အားကောင်းလာမှာသေချာကြောင်းလည်းပြောပါတယ်။ Source;DNA