ၾကားသိသမွ်

ကချင်ဘက်မှ စစ်ကိုင်းဘက်ဆင်းလာသည့်တင့်ကားနှင့်ဆီသယ်ယာဉ်များပါသည့် စစ်ကောင်စီယာဉ်တန်းအားအင်းတော် PDF မိုင်းဆွဲတိုက်ခိုက်

တင့်ကားနှင့်ဆီသယ်ယာဉ်များပါသည့် စစ်ကောင်စီယာဉ်တန်း ကချင်ဘက်မှ စစ်ကိုင်းဘက်ဆင်းလာ၊ အင်းတော် PDF မိုင်းဆွဲတိုက်ခိုက်

စက်သုံးဆီလာရောက်သယ်ယူသည်ဟု ယူဆရသည့် စစ်ကောင်စီယာဉ်တန်း ကချင်ပြည်နယ်ဘက်မှ စစ်ကိုင်းတိုင်းသို့ ဒီဇင်ဘာလ ၄ရက်

နံနက်ပိုင်းတွင် ဆင်းလာကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီယာဉ်တန်းတွင် ယာဉ် ၃၂စီးပါဝင်ပြီး တင့်ကား ၃စီးနှင့် ဆီသယ်ယာဉ် ၂စီးပါဝင်ကြောင်း၊ လေယာဉ်ဆီလာသယ်သည်ဟု သိရ

ကြောင်း ဒေသခံတစ်ဦးက မဲခေါင်ကို ပြောသည်။

“ဆီသယ်မယ်လို့ ကြားတယ်။ အမှန်ဆိုရင်တော့ မုံရွာအထိဆင်းသယ်ရမှာ။ ဘယ်မှာသယ်မလဲတော့ မသိသေးဘူး” ဟု ၎င်းက ပြောသည်။

ထိုသို့ဆင်းလာသည့် စစ်ကောင်စီယာဉ်တန်းကို အင်းတော်မြို့နယ်၊ ပင်ဝယ်ရွာအလွန် ပင့်တင်ရွာအနီးတွင် အင်းတော် PDF မှ မိုင်း၆လုံးဖြင့်

မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီယာဉ်တန်း ထိခိုက်မှုများခဲ့ပြီး သေဆုံးမှုကိုမသိရသေးကြောင်း အင်းတော် PDF နှင့် နီးစပ်သူတစ်ဦး

က ပြောသည်။

“စစ်ခွေး(စစ်ကောင်စီတပ်သားများကို ရည်ညွှန်း)တွေ ဘယ်နှစ်ကောင်သေလဲ မသိသေးဘူး။ အင်အားများတော့ ခွဲပြီးတာနဲ့ ပြန်ဆုတ်ရ

တယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီယာဉ်တန်းသည် အင်းတော်မှ တဆင့် ကောလင်းနယ်အတွင်းသို့ မဝင်ဘဲ ထီးချိုင့်ဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း

စုံစမ်းသိရသည်။ မဲခေါင်