ရေစကြိုမှ စစ်မှုထမ်းဟောင်း လက်နက်ကိုင် ပျူစောထီးခေါင်းဆောင် မာတာ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဆေးရုံသွားစဉ် ထပ်မံ ပစ်ခတ်ခံ
ရကာ သေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၄
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှ ပျူစောထီးခေါင်းဆောင်လည်းဖြစ် ၊ စစ်မှု ထမ်းဟောင်းလည်းဖြစ်သူ ဦးမာတာသည် ဒီဇင်ဘာလ ၃ ရက်နေ့
က သေနတ်ဖြင့် ပစ် ခတ်ခံရသဖြင့် ဒဏ်ရာ ရရှိပြီး မုံရွာဆေးရုံသို့ ဆေးကုသွားစဉ် လမ်းတွင် ထပ်မံ ပစ်ခတ်ခံရကာ သေဆုံးသွားကြောင်း
ဒေသ ကာကွယ်ရေးတပ်များထံမှ သိရှိရသည်။
ဒီဇင်ဘာ ၃ ရက် နေ့ နံနက် ၈ နာရီ၁၅ မိနစ်ခန့်အချိန် ရေစကြိုမြို့နယ်မှ စစ်မှု ထမ်းဟောင်း၊ လက်နက်ကိုင် ပျူစောထီးခေါင်းဆောင် ဦး
မာတာသည် သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် ဒဏ်ရာဖြင့် မုံရွာမြို့သို့ ဆေးကုသရန်လာရောက်စဥ် ဆင်ဖြူရှင်-ချောင်းဦးလမ်းတစ်နေရာတွင်
တားဆီးခံရပြီး ထပ်မံ ပစ်ခတ်ခံရသဖြင့် ပွဲချင်းပြီး သေ ဆုံးသွားကြောင်း ဒေသ ကာကွယ်ရေးတပ်များ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
နိုဝင်ဘာလ ၁၇ ရက်နေ့ ရေစကြိုမြို့ရှိ NLD ပါတီဝင် မိသားစုနေအိမ်တွင် ဦးမာတာ ခေါင်းဆောင်သော ပျူအဖွဲ့က ပါဆယ်ဗုံးပစ်ခတ်ခဲ့ပြီး
ဖွင့်ကြည့်မိသဖြင့် NLD အမာခံ တက်ကြွလှုပ်ရှားသူ ကိုအေးလှိုင် (၅၂ နှစ်)၊ ဇနီး မမာစီ (၄၅ နှစ်)၊ သမီးဖြစ်သူ မအေးသင်း (၂၀ နှစ်) နှင့်
အိမ်နီးချင်းဖြစ်သူ ဒေါ်စီ (၄၇ နှစ်) တို့ သေဆုံးသွားခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်က ပြောသည်။
လက်နက်ကိုင် ဦးမာတာသည် ရေစကြို မြို့အတွင်း ဆိုင်ခန်းများနှင့် လူနေအိမ်များကို ဖောက် ထွင်းခိုးယူခြင်း၊ မီးရှို့ခြင်း၊ စစ်ကောင်စီ
ဆန့်ကျင်သူများ ၊ သံပုံးတီးဆန္ဒပြသူများကို စစ်တပ်နှင့်ပူးပေါင်း ဖမ်းဆီးခြင်း လုပ်ကြောင်း၊ ၎င်းကိုယ် တိုင်လည်း လက်နက်ကိုင်ဆောင်ထား
သော ပျူစောထီးခေါင်းဆောင်အဖြစ် လုပ်ကိုင်နေသူဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည် ။
လက်နက်ကိုင် ပျူစောထီးခေါင်းဆောင် ဦးမာတာကို သတ်ဖြတ်ရာတွင် 27 Revolutionforceက ဦးဆောင်၍ ThwayThauk
Revolution Forcesနှင့်People Defense Force YSO တို့က ပူးပေါင်း လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။