ၾကားသိသမွ်

တော်လှန်ရေးမှာ မဆိုင်တဲ့ ပြည်သူတွေကိုထိခိုက်တယ်လို့ ဆိုသူများကိုဒေါက်တာတူးခေါင်ပြောပြီ

နိုင်ငံရေးနဲ့ မဆိုင်တဲ့ ပြည်သူ ဆိုတာမရှိဘူး၊ လက်နက်မဲ့ ပြည်သူ ဆိုတာပဲရှိတယ်။

စကစ လော်ဘီတွေပြောပြောနေတဲ့ ဒီတော်လှန်ရေးမှာ မဆိုင်တဲ့ ပြည်သူတွေကိုထိခိုက်တယ် ဆိုတာမျိုး ခဏခဏ တွေ့မိမှာပါ။

နိုင်ငံရေးမှာ ပြည်သူတိုင်းက တနည်းနည်းနဲ့ ပတ်သက်နေတာချည်းပါ။ နေ့စဥ်ထမင်းစားနေတာကီုက နိုင်ငံရေး နဲ့ သက်ဆိုင်ပါတယ်။ ၅၀၀

တန် ထမင်းဆိုင်များမှာ လူတွေ ကြိတ်ကြိတ်တိုးနေတာဟာ နိုင်ငံရေး မကောင်းလို့ ဆင်းရဲသား (စားသောက်ရေးခက်ခဲလာသူလူတန်းစား)

ပိုများလာတဲ့ သက်သေပါ။ ခုလို တရားမဲ့ လူသတ်ခွင့်ရနေသော အာဏာရှင်ရှိတဲ့ နိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု (FDI) တွေလဲ လာမှာ

မဟုတ်သလို ရှိပြီးသားလုပ်ငန်းတွေလဲ အလျိုလျိုထွက်သွားကြတာ အားလုံးအသိပါ။ ဒီတော့ အလုပ်လက်မဲ့ တိုးပွါးလာတယ်။ သာမန်

လက်လုပ်လက်စားများဟာ နေ့စဥ်ဝင်ငွေမရှိရင် ထုခွဲရောင်းစားဖို့ ပိုင်ဆိုင်မှုကလဲ မရေရာပါဘူး။ တနေ့ထက်တနေ့ ပိုပိုဆင်းကြပ်တည်းလာ

မယ်၊ စားစရာမရှိရင် တခြားရွေးချယ်စရာမရှိတဲ့အခါ လုစား၊ ခိုးစား၊ ဒမြတိုက်ဖို့ ဝန်မလေးတော့ဘူး။ ဒီတော့ ဘယ်သူမှ မလုံခြုံတော့ဘူး။ ဒီ

လို ဆင်းရဲတဲ့ သံသရာ အမြန်ဖြတ်ဖို့လိုတယ်။


ခုဆိုရင် လုပ်စရာ အလုပ်အကိုင်ရှားပါးလာတာနဲ့အမျှ သဘာဝ သယံဇာတ အပေါ် အလွန်အကျွံ မှီခိုလာတာတွေရှိတယ်။ သစ်တောတွေလဲ

ဖြုန်းတီးနေတယ်။ ရွှေ၊ ကျောက်မျက် တူးဖေါ်တဲ့နေရာတွေမှာ အရင်ကထက်ပိုပြီး လူများလာတယ်။ ဒါဟာ အနာဂတ် မြန်မာနိုင်ငံအတွက်

ရင်လေးစရာပါ။

ဒီတော်လှန်ရေးအမြန်အောင်ဖို့လိုတယ်။ မြန်မာပြည်သားအားလုံး ကိုယ့်ဒေသကိုယ် လွတ်လွတ်လပ်လပ် စီမံအုပ်ချုပ်ခွင့် (ကိုယ့်ကြမ္မာ

ကိုယ်ဖန်တီးခွင့်) ရှိတဲ့ ဖက်ဒရယ်စနစ်အမြန်အကောင်အထည်ဖေါ်ဖို့လိုတယ်။ ဒါမှသာလျှင် အာဏာရှင်သံသရာက လွတ်မှာပါ။

လက်နက်မဲ့ပြည်သူတွေကို ရန်သူလို ဆက်ဆံတဲ့ စစ်တပ်ဟာ မြန်မာပြည်သူအားလုံးအတွက် စိတ်ညစ်စရာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

ဒီတော့ တသက်လုံး စိတ်ညစ်ခံမလား၊ ခဏလေး ဒုက္ခခံပြီး ရုန်းထွက်ကြမလား ဆိုတာ ရှင်းရှင်းလေး သိဖို့လိုပါတယ်။

-Dr. Tu. Hkawng