ၾကားသိသမွ်

PDF တပ်ရင်းတစ်ရင်း ထူထောင်ရန်အတွက် အနည်းဆုံး အမေရိကန်ဒေါ်လာ ၂ သန်းခွဲအထိ လိုအပ်ဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြား

PDF တပ်ရင်းတစ်ရင်း ထူထောင်ရန်အတွက် အနည်းဆုံး အမေရိကန်ဒေါ်လာ ၂ သန်းခွဲအထိ လိုအပ်ဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်

ပြောကြား

ဒီဇင်ဘာ၊ ၄ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကို ထူထောင်ရာတွင် တပ်ရင်းတခုအတွက် အနည်းဆုံး ကုန်ကျ

ငွေမှာ အမေရိကန်ဒေါ်လာ ၂ သန်းခွဲအထိ ရှိကြောင်း ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်က လူထုနွေဦး သတင်းဌာနနှင့် အင်တာဗျူးတွင်

ထည့်သွင်းပြောကြားခဲ့သည်။


“စစ်ရေးလိုအပ် ချက်အတွက် လိုအပ်ချက်ကတော့ အင်မတန်ကြီးမားပါတယ်။ လက်ရှိ စစ်အုပ်စု တနှစ်တနှစ်သုံးနေတဲ့ ဘဏ္ဍာငွေဆိုတာ

အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာရှိတယ်။ အခုကျနော်တို့ ပီဒီအက်ဖ်ကို ထူထောင်တယ်ဆိုတဲ့ အချိန်နဲ့ တပ်ရင်းတရင်းကို

လက်နက် တပ်ဆင် နိုင်ဖို့ဆိုရင် အနည်းဆုံးဒေါ်လာ နှစ်သန်းခွဲလောက် လိုအပ်တာဖြစ်ပါတယ်။ လိုအပ်ချက်က ကြီးကြီးမားမားရှိတယ်လို့

ပြောနိုင် တယ်။ သို့သော် တော်လှန်ရေးဆိုတာသည် မရှိတာကို ရှိအောင်လုပ်ရတယ်ပေါ့။ ကျနော်တို့မှာ လူထုအင်အားရှိတယ်။ လက်နက်

တော့ အားနည်းတယ်။ သို့သော် ကျနော်တို့က စိတ်ဓာတ်ကောင်းကောင်း၊ မဟာဗျုဟာကောင်းကောင်းနဲ့ တိုက်ပွဲဝင်ကြမယ်ဆိုရင်

တော်လှန်ရေးအနှေးနဲ့အမြန် အောင်မြင်လိမ့်မယ်လို့ ယုံကြည်မှုရှိပါတယ်။” ဟု ကာကွယ်ရေးပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြား

ခဲ့ခြင်းဖြစ်သည်။


ထိုအပြင် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့အကြား ထိတွေ့ပေါင်းစပ်နိုင်မှု ပိုမိုရှိလာ ပြီ

ဖြစ်ကြောင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အထူးအလုပ်ကော်မတီတခု ဖွဲ့စည်းထားပြီး Local Defence Foce (LDF) များနှင့်

ချိတ်ဆက်နေကြောင်းလည်း သိရသည်။


“ဒီလိုချိတ်ဆက်ဆောင်ရွက်တဲ့အခါမှာ ရှိသင့်ရှိထိုက်တဲ့ chain of command ၊ cod of conducd နောက်ပြီးဒေသတွင်း coordinate ရှိဖို့

ပေါ့။ ဒါတွေကို အမြဲတမ်းရှင်းလင်းဆွေးနွေးတယ်။ ဒီအပေါ်မှာ လက်ခံတယ်။ သဘောတူတယ်ဆိုတဲ့အဖွဲ့တွေက တချို့ကလည်း ပီဒီအက်ဖ်

တပ်ရင်းတပ်ဖွဲ့တွေထဲ ပူးပေါင်းပါဝင်လာတယ်။ တချို့တော့ မြို့နယ်တွေကို အခြေခံပြီးတော့ပေါ့။ ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေး

အဖွဲ့တွေ ပကဖ တွေနဲ့ အတူတကွ ပူးပေါင်းလုပ်ဆောင် နေတာဖြစ်ပါတယ်။” ဟု ဦးရည်မွန်က ပြောသည်။


အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်တွင် ပြည်သူ့ခုခံတွန်းလှန်စစ် စတင်ပြီဖြစ်ကြောင်း တရားဝင်

ကြေညာထားခြင်းဖြစ်သည်။

ထိုအချိန်မှစ၍ နိုင်ငံတဝန်း တွန်းလှန်စစ် ဆင်နွဲနေကြသောအဖွဲ့အစည်းအားလုံး၏ ၉၀ ရာခိုင်နှုန်းကျော်အထိ အမျိုးသားညီညွတ်ရေး

အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက် ထားနိုင်ပြီ ဖြစ်ကြောင်းလည်း သိရသည်။

PDF တပ္ရင္းတစ္ရင္း ထူေထာင္ရန္အတြက္ အနည္းဆုံး အေမရိကန္ေဒၚလာ ၂ သန္းခြဲအထိ လိုအပ္ဟု ကာကြယ္ေရးဝန္ႀကီး ဦးရည္မြန္ေျပာၾကား

ဒီဇင္ဘာ၊ ၄ ရက္

အမ်ိဳးသားညီညြတ္ေရးအစိုးရ အေနျဖင့္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ PDF ကို ထူေထာင္ရာတြင္ တပ္ရင္းတခုအတြက္ အနည္းဆုံး ကုန္က်ေငြမွာ အေမရိကန္ေဒၚလာ ၂ သန္းခြဲအထိ ရွိေၾကာင္း ကာကြယ္ေရး ဝန္ႀကီး ဦးရည္မြန္က လူထုေႏြဦး သတင္းဌာနႏွင့္ အင္တာဗ်ဴးတြင္ ထည့္သြင္းေျပာၾကားခဲ့သည္။

“စစ္ေရးလိုအပ္ ခ်က္အတြက္ လိုအပ္ခ်က္ကေတာ့ အင္မတန္ႀကီးမားပါတယ္။ လက္ရွိ စစ္အုပ္စု တႏွစ္တႏွစ္သုံးေနတဲ့ ဘ႑ာေငြဆိုတာ အေမရိကန္ေဒၚလာ ဘီလီယံေပါင္းမ်ားစြာရွိတယ္။

အခုက်ေနာ္တို႔ ပီဒီအက္ဖ္ကို ထူေထာင္တယ္ဆိုတဲ့ အခ်ိန္နဲ႔ တပ္ရင္းတရင္းကိုလက္နက္ တပ္ဆင္ နိုင္ဖို႔ဆိုရင္ အနည္းဆုံးေဒၚလာ ႏွစ္သန္းခြဲေလာက္ လိုအပ္တာျဖစ္ပါတယ္။

လိုအပ္ခ်က္က ႀကီးႀကီးမားမားရွိတယ္လို႔ ေျပာနိုင္ တယ္။ သို႔ေသာ္ ေတာ္လွန္ေရးဆိုတာသည္ မရွိတာကို ရွိေအာင္လုပ္ရတယ္ေပါ့။ က်ေနာ္တို႔မွာ လူထုအင္အားရွိတယ္။

လက္နက္ ေတာ့ အားနည္းတယ္။ သို႔ေသာ္ က်ေနာ္တို႔က စိတ္ဓာတ္ေကာင္းေကာင္း၊ မဟာဗ်ဳဟာေကာင္းေကာင္းနဲ႔ တိုက္ပြဲဝင္ၾကမယ္ဆိုရင္ ေတာ္လွန္ေရးအေႏွးနဲ႔အျမန္ ေအာင္ျမင္လိမ့္မယ္လို႔ ယုံၾကည္မႈရွိပါတယ္။” ဟု ကာကြယ္ေရးျပည္ေထာင္စုဝန္ႀကီး ဦးရည္မြန္က ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ထိုအျပင္ ေဒသတြင္း ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မ်ားႏွင့္ အမ်ိဳးသားညီညြတ္ေရးအစိုးရတို႔အၾကား ထိေတြ႕ေပါင္းစပ္နိုင္မႈ ပိုမိုရွိလာ ၿပီျဖစ္ေၾကာင္းႏွင့္ ကာကြယ္ေရးဝန္ႀကီးဌာနအေနျဖင့္ အထူးအလုပ္ေကာ္မတီတခု ဖြဲ႕စည္းထားၿပီး Local Defence Foce (LDF) မ်ားႏွင့္ ခ်ိတ္ဆက္ေနေၾကာင္းလည္း သိရသည္။

“ဒီလိုခ်ိတ္ဆက္ေဆာင္ရြက္တဲ့အခါမွာ ရွိသင့္ရွိထိုက္တဲ့ chain of command ၊ cod of conducd ေနာက္ၿပီးေဒသတြင္း coordinate ရွိဖို႔ေပါ့။ ဒါေတြကို အျမဲတမ္းရွင္းလင္းေဆြးေႏြးတယ္။

ဒီအေပၚမွာ လက္ခံတယ္။ သေဘာတူတယ္ဆိုတဲ့အဖြဲ႕ေတြက တခ်ိဳ႕ကလည္း ပီဒီအက္ဖ္ တပ္ရင္းတပ္ဖြဲ႕ေတြထဲ ပူးေပါင္းပါဝင္လာတယ္။ တခ်ိဳ႕ေတာ့ ၿမိဳ႕နယ္ေတြကို အေျခခံၿပီးေတာ့ေပါ့။ ဖြဲ႕စည္းထားတဲ့ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြ ပကဖ ေတြနဲ႔ အတူတကြ ပူးေပါင္းလုပ္ေဆာင္ ေနတာျဖစ္ပါတယ္။” ဟု ဦးရည္မြန္က ေျပာသည္။

အမ်ိဳးသားညီညြတ္ေရးအစိုးရအေနျဖင့္ ၿပီးခဲ့သည့္ စက္တင္ဘာ ၇ ရက္တြင္ ျပည္သူ႔ခုခံတြန္းလွန္စစ္ စတင္ၿပီျဖစ္ေၾကာင္း တရားဝင္ေၾကညာထားျခင္းျဖစ္သည္။

ထိုအခ်ိန္မွစ၍ နိုင္ငံတဝန္း တြန္းလွန္စစ္ ဆင္ႏြဲေနၾကေသာအဖြဲ႕အစည္းအားလုံး၏ ၉၀ ရာခိုင္ႏႈန္းေက်ာ္အထိ အမ်ိဳးသားညီညြတ္ေရးအစိုးရ၊ ကာကြယ္ေရးဝန္ႀကီးဌာနႏွင့္ ခ်ိတ္ဆက္ေဆာင္ရြက္ ထားနိုင္ၿပီ ျဖစ္ေၾကာင္းလည္း သိရသည္။