CNDF အထူးကွန်မန်ဒို သင်တန်းပွဲပြုလုပ်၊ ပြည်သူ၏ အားပေးထောက်ခံကူညီမှုဖြင့် စစ်ကောင်စီ၏ ကျွန်ပြုအုပ်စိုးမှုကို တိုက်ဖျက်အနိုင်ယူ
မည်ဟု NUG ကာကွယ်ရေးဝန်ကြီး သဝဏ်လွှာပို့
ရန်ကုန်၊ ဒီဇင်ဘာ ၃
ချင်းပြည်နယ်တွင် CNDF အထူးကွန်မန်ဒို သင်တန်းပွဲကို ယနေ့ပြုလုပ်ပြီး NUG ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ကသဝဏ်လွှာပေးပို့လိုက်
ကြောင်း CNO က သ တင်းထုတ်ပြန်သည်။
ပြည်သူ၏အားပေးထောက်ခံကူညီမှုဖြင့် စစ်ကောင်စီ၏ ကျွန်ပြုအုပ်စိုးမှုကို တိုက်ဖျက်အနိုင်ယူမည်ဟု NUG ကာကွယ်ရေးဝန်ကြီးဦးရည်
မွန်ကသဝဏ် လွှာတွင် ထည့်သွင်းပြောဆိုထားသည်။
အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးဦးရည်မွန် ပေးပို့ သေ သဝဏ်လွှာမှာ အောက်ပါအတိုင်း
ဖြစ်သည်။”ရဲဘော်တို့အားလုံး ကိုယ်စိတ်ကျန်းမာချမ်းသာပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါသည်။
CNDF အထူးကွန်မန်ဒိုသင်တန်းအမှတ်စဥ် (၁/၂၀၂၁)ဆင်းပွဲသို့ အခုလို သဝဏ်လွှာ ပါးခွင့် ရသည့်အတွက် အထူး ဂုဏ်ယူကြောင်း ပြော
လိုသည်။ရဲဘော်တို့တို့၏စွန့်လွှတ်ပေးဆပ်မှုများသည် နောင်လာနောက်သား ငါတို့မျိုးဆက်များအတွက် ဖြစ်သည်။ ငါတို့ပြည်ထောင်စု
နိုင်ငံတော်၏ အနာဂတ်အတွက်ဖြစ်သည်။
တိုင်းရင်းသားပြည်သူအားလုံး စစ်ကျွန်ဘဝမှ လွှတ်မြောက်ရေးအတွက် အဆုံးသတ်တိုက်ပွဲဝင်ရန် ရည်ရွယ်လျက် ဤစွန့်လွှတ်ပေးဆပ်မှု
များကို အရင်းအနှီးပြုနေသည့် ရဲဘော်တို့အားလုံးကို ဤနေရာမှ ဦးညွှတ်အလေးပြုလိုက်ပါသည်။
ရင်းနှီးပေးဆပ်မှုမရှိဘဲ တော်လှန်ရေးသည် မရှိနိုင်။ ဤတော်လှန်ရေးအတွက် ဘဝ၊ အသက်နှင့်ခန္ဓာကို စွန့်လွှတ်ရန် စိတ်ပိုင်းဖြတ်ထား
သူများ ဖြစ်သည့်အားလျော်စွာ ဆင်းရဲပင်ပန်းမှုဒဏ်မှန်သမျှကို ကြံ့ကြံ့ခံ ကျော်ဖြတ်နိုင်လိမ့်မည်ဟုယုံကြည်သည်။ငါတို့တော်လှန်ရေးရဲ
ဘော်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ် လက် ကိုင်တုတ်များကြား အဓိကကွာခြားမှုမှာ “စိတ်ဓာတ်” ဖြစ်သည်။
၄င်းစစ်ကောင်စီ၏လက်ကိုင်တုတ်များသည် ယုံကြည်ချက်မဲ့၊ ကျင့်ဝတ်မဲ့၊ စည်းကမ်းမဲ့၊ အသိညဏ်မဲ့၊ စိတ်ဓာတ် ဖရိုဖရဲဖြစ်လျက်
တပ်မတော်ဟူသည့် အမည်နာမကိုပင် ခံယူရန် မထိုက်တန်သော၊ တပ်မတော်တစ်ရပ်၏ အရည် အချင်း ပျက်ယွင်းခဲ့ပြီဖြစ်သော
လက်နက်ကိုင် အကြမ်းဖက်အုပ်စုများအဖြစ် မြင်တွေ့နေရသည်။
ဤအခြေအနေတွင်ငါတို့ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ၏ စိတ်ဓာတ်တံခွန်ကို အမြင့်ဆုံးအထိ ဆက်လက်လွှင့်ထူထားရန်
လိုအပ်သည်။တော်လှန်ရေးတစ်ရပ်၏ အနိုင်အရှုံးကို လက်နက်က ဆုံးဖြတ်သည်မဟုတ်။ စိတ်ဓာတ်ကသာဆုံးဖြတ်ပေသည်။
ငါတို့၏ စိတ်ဓာတ်အင်အား သာလွန်မှု၊ဗျူဟာမှန်ကန်မှု၊ပြည်သူ၏ အားပေးထောက်ခံကူညီမှုဖြင့်စစ်ကောင်စီ၏ကျွန်ပြုအုပ်စိုးမှုကို တိုက်
ဖျက်အနိုင်ယူနိုင်လိမ့် မည်ဟုငါတို့ယုံကြည်သည်။
ဤတော်လှန်ရေးတွင် အတူတကွ တိုက်ပွဲဝင်လျက်ရှိသော ညီနောင်များ၊မဟာမိတ်များအပေါ်တွင်လည်း ညီရင်းအကိုစိတ်ဓာတ်ကို အရင်း
ပြုလျက် ယုံကြည်မှု၊ လေးစားမှုထားကြရန် တိုက်တွန်းသည်။
ယခုအခါ ငါတို့နိုင်ငံတွင် တိုင်းရင်းသား လူမျိုးစုံ ပါဝင်လျက် ပြည်သူ့တော် လှန်ရေးတနည်းအားဖြင့် ပြည်သူ့ခုခံတွန်းလှန်စစ်ကို တစ်ပြည်
လုံးအတိုင်းအတာဖြင့် ဆင်နွှဲနေကြပြီ ဖြစ်ရာ ရဲဘော်တို့အားလုံး ကျရာတာဝန်ထမ်းရွက်ရန် အသင့်ရှိကြစေလိုသည်။
“အရေးတော်ပုံအောင်ရမည်။”
Photo – CNO/CNDF