Dr.SaSa နှင့် BBC World News Interview.
Interview အကြောင်းအရာ
NUGအစိုးရအပေါ် မြန်မာပြည်သူများရဲ့ထောက်ခံမူနှင့်မင်းအောင်လိူင် စစ်ဗိုလ်ချုပ်များစဥ်းစားတွေးခေါ်ပုံ နည်းပါးမူ
၁။မေးခွန်း ****
Dr.sasaတို့ NUG အစိုးရအပေါ်မှာ မြန်မာပြည်သူလူထုရဲ့ ထောက်ခံအားပေးမူကအံ့မခန်းပါပဲ NUG အစိုးရက ဘာပဲလုပ်လုပ်
ပြည်သူလူထုက အားဖြည့်ပေးနေတာ ကျန်တာကတော့မပြောတော့ဘူး။ NUG ငွေတိုက်စာချုပ် ရောင်းချမူက ကမ္ဘာက အံ့သြသွားစေတဲ့
အထိပါပဲ။ ကျွန်မတို့ BBC world News ကမြင်ရ၊ကြားရပါတယ်။Dr.sasရဲ့ ထင်မြင်ချက်ကိုကမ္ဘာကသိချင်ပါတယ် ပြောပြပါအုံး။
ဖြေ****အခုန ဆရာမမေးတဲ့ NUG အစိုးရအပေါ် မြန်မာပြည်သူလူထုကြီးက အခိုင်အမာရပ်တည်ပေးနေတယ် ဆိုတာထက် ကျွန်တော်တို့ NUG အစိုးရက မြန်မာပြည်သူလူထုဘက်က အခိုင်မာရပ်တည်နေတာဆိုရင် ပိုမှန်လိမ့်မယ်။
ကျွန်တော်တို့ဟာလဲ မြန်မာပြည်သူထဲက ပြည်သူတွေပါ။ ကျွန်တော်တို့ NUG အစိုးရရဲ့ ဝန်ကြီးဌာန အားလုံးကိုကြည့်ပါ ဆေးထိုးအပ်ကိုင်ထားတဲ့ ဒေါက်တာတွေများပါတယ်၊
အရပ်သားတွေများပါတယ်၊ CRPH ဆိုတာဟာလဲ မြန်မာပြည်သူလူထုတွေရဲ့မဲဆန္ဒနှင့် ရွေးကောက်တင်မြောက်ထားတဲ့ လွှတ်တော်ကိုယ်စလဲတွေနှင့် ဖွဲ့စည်းထားတာပါ။
ဖေဖော်ဝါရီလစစ်အာဏာသိမ်းလိုက်တော့ မြန်မာပြည်သူလူထုကြီးဟာ ဘယ်လောက်ထိ ဒီမိုကဒီစိလိုလားတောင်းတနေလဲဆိုတာ အသက်ပေးပြီးငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဒါကို လက်နက်မဲ့ ပြည်သူများကို အကြမ်းဖက်စစ်ကောင်စီက ရက်ရက်စက်စက် ဆည်ဆံအစစ်တွေနှင့် ပစ်သတ်ခံခဲ့ကြရပါတယ်ကမ္ဘာကြီးကသိကြ၊ မြင်ကြတဲ့အတိုင်းပါပဲ။
ဒါကို ကျွန်တော်တို့ NUG အစိုးရဟာ မြန်မာပြည်သူဘက်ကနေ အခိုင်အမာရပ်တည်ပေးဖို့ မြန်မာပြည်သူလူထုထဲကနေ မွှေးဖွားလာတဲ့ အစိုးရဖြစ်ပါတယ်။
ဒါကြောင့် မြန်မာပြည်သူလူထုက NUG အစိုးရအပေါ် အခိုင်မာရပ်တည်ပေးနေတာမဟုတ်ပဲ။ NUG အစိုးရသာ မြန်မာပြည်သူလူထုဘက်က အပြည့်ဝရပ်တည်နေတာပါ။
ဒါကိုကြည့်ခြင်းအားဖြင့် မြန်မာပြည်သူလူထုနှင့် NUG တရားဝင်အစိုးရဟာ တစ်သားတည်ဖြစ်ကြောင်းကိုပြသခြင်းဖြစ်ပါတယ်။
NUG ရဲ့ အောင်မြင်ခြင်းသည် မြန်မာပြည်သူလူထုရဲ့အောင်မြင်ခြင်းဖြစ်ပါတယ်။ မြန်မာပြည်သူလူထုရဲ့အောင်မြင်ခြင်းသည် NUG ရဲ့ အောင်မြင်ခြင်းဖြစ်ပါတယ်။
၂။မေးခွန်း ****Dr.SaSa ကျွန်မနောက်ထပ်မေးချင်တာက
စစ်အာဏာသိမ်း ခေါင်းဆောင်မင်းအောင်လိူင်နှင့် စစ်ဗိုလ်ချုပ်တွေက ဘာကြောင့် အာဏာသိမ်းတယ်လို့ ထင်သလဲ? အခုအခြေနေရကြည့်မယ်ဆိုရင် သူတို့ အာဏာသိမ်းတာဟာ မြန်နိူင်ငံအတွက်လဲအကြိုးမရှိသလို သူတို့ပိုင်ဆိုင်မူများစွား ဖျတ်ဆီးခြင်းခံရတယ်။
နိူင်ငံတကာကလဲ သူတို့ပိုင်ဆိုင်မူများစွာ ဒဏ်ခတ်ပိတ်ဆို့ထားပါတယ်။ သူတို့အတွက် အာဏာသိမ်းခြင်းရလဒ်က ဘာတွေဖြစ်နိူင်မလဲ?
ဖြေ****မင်းအောင်လိူင် သမ္မတဖြစ်ချင်လို့ အာဏာသိမ်းတယ်။သူပြီးရင် စစ်ဗိုလ်ချုပ်အဆင့်ဆင့်လက်ဆင့်ကမ်းမယ် အကြံအစည်းနှင့် အာဏာသိမ်းခဲ့ကြတာဖြစ်ပါတယ်။
မင်းအောင်လိူင်တို့ အကြမ်းဖက် စစ်ဗိုလ်ချုပ်တွေဟာ တွေးခေါ်တတ်မယ်ဆိုရင် လက်နက်အားကိုးနှင့် အာဏာမသိမ်းမှာမဟုတ်ဘူး။ ဒါက သေချာပါတယ်။
သူတို့သာ တွေးခေါတတ်ခဲ့မယ်ဆိုရင်သူတို့ ခိုးယူထားတဲ့ ဥစွာပစ္စည်းပမာဏဟာ စားမကုန်ဖြစ်နေပြီပဲ ပင်စင်ယူပြီး အေးအေးဆေးဆေးနေလို့ရတာကို သမ္မတရူး ရူးပြီးအာဏာသိမ်းလိုက်တော့
တိုင်ပြည်လဲနစ်နာသလို သူတို့ ပိုင်ဆိုင်မူအားလုံး သူတို့အနာဂတ် သူတို့မျိုးဆက်တွေပါ အဆိုးဆုံး ခံစားကြရတော့မှာပါ ဒါဟာ စစ်ဗိုလ်ချုပ်တွေရဲ့ အာဏာသိမ်း ရလဒ်ပါပဲ။
ဖေဖော်ရီလ အလည်လောက်ကတည်းက ကျွန်တော် မြန်မာမီဒီယာကတစ်ဆင့် အာဏာကိုစွန့်လွတ်ဖို့အကြိမ်ကြိမ်သတိပေးခဲ့ပါတယ်။
သို့သော် သူတို့သည် အကြမ်းဖက်မူများနှင့်စစ်ရာဇာဝတ်မူများ ဆက်တိုက် ကျုးလွန်လာကြတာ ယနေ့ထိပါပဲ။ ဆိုတော့ သူတို့ရဲ့ပြစ်မူများဟာ ဘယ်လိုမှခွင့်လွတ်လို့ရတဲ့အနေထားမှာမရှိတော့ပါဘူး။
သူတို့သာမက သူတို့အပေါင်းအပါများ သူတို့ရဲ့မျိုးဆက်တွေပါ အနာဂတ်ပျောက်သွားပြီ အနာဂတ်သေသွားပြီ။အကြမ်းဖက်အုပ်စုကသူတို့အထင်မှာ ၁၉၈၈ခုနစ်ကလို အကြောက်တရားအုပ်ချုပ်မယ် ၊
ဖြတ်လေးဖြတ်လုပ်ရင်၂လ၃လ လောက်ကြာသွားရင် ပြည်သူတွေက မတောင့်ခံနိူင်တော့ပဲ ငြိမ်သွားလိမ့်မယ်ဆိုတဲ့တွက်ချက်နှင့်လုပ်လာကြတာ
အခုဆိုရင် ၁၁လထဲရောက်တော့မယ် ပြည်သူတွေက တောင့်ခံနေတုန်းပဲဆိုတော့ ဒီအာဏာသိမ်းမူသည် မအောင်မြင်ဘူး။ သူတို့သည်ကျရူံးနေပြီဆိုတာ သေချာပါတယ်။
မင်းအောင်လိူင်ဖြစ်ချင်တဲ့ သမ္မတလဲ မဖြစ်နိူင်သလိုစစ်ဗိုလ်ချုပ်အားလုံးက မြန်မာပြည်သူလူထုဆီက ခိုးယူထားတဲ့ ဥစ္စာပစ္စည်းမှန်သမျှကို မြန်မာပြည်လူထုက ပြန်ရုပ်သိမ်းရလိမ့်မယ်။
ဒါဟာ သူတို့ အာဏာသိမ်းခြင်းရဲ့ ရလဒ်ပဲလို့ နောက်ဆုံးအနေနှင့် ပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
BBC World News အဖွဲ့သားများနှင့်အတူ မြန်မာပြည်သူလူထု တစ်ရပ်လုံးကို ဘုရားသခင် ကောင်းကြီးပေးပါစေ။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ