“ဒေါ်အောင်ဆန်းစုကြည် အဂတိအမှု အိမ်အကူကို လိုပြသက်သေအဖြစ် စစ်ဆေး”
ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရွှေနဲ့ဒေါ်လာတွေ ပေးတယ်ဆိုပြီး အဂ တိလိုက်စားမှု တိုက်ဖျက်ရေး
ဥပဒေနဲ့ စွဲဆိုထားတဲ့ အမှုနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်အကူ ဒေါ်ဝေဝေသန်းကို စစ်ကောင်စီရဲ့ တရားလိုပြသက်သေ
အဖြစ် ဒီနေ့ စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။
ဒါ့အပြင် ဦးဖြိုးမင်းသိန်းရဲ့ အတွင်းရေးမှူးဟောင်း ဦးမောင်မောင်ကြည်နဲ့ ယာဉ်မောင်း ဦးဖြိုးကိုကိုဝင်းတို့ကိုလည်း တရားလိုပြ သက်သေ
တွေအဖြစ် ဆက်လက် စစ်ဆေးခဲ့တယ်လို့ဆိုပါတယ်။
အိမ်အကူ ဒေါ်ဝေဝေသန်းကတော့ ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ကို မိုင်းဖုန်းဆရာတော်ရဲ့ ကိုးလက္မ အရွယ်ရှိ ဗုဒ္ဓရွှေဆင်းတု
တစ်ဆူကို ပေးခဲ့တဲ့ကိစ္စကိုသာ ထွက်ဆိုခဲ့ပြီး ရွှေချောင်းနဲ့ ဒေါ်လာကိစ္စကိုတော့ ထွက်ဆိုခဲ့ခြင်း မရှိဘူးလို့လည်း ဆိုပါတယ်။
ဦးဖြိုးမင်းသိန်းရဲ့ အတွင်းရေးမှူးဟောင်းနဲ့ ယာဉ်မောင်း တို့ရဲ့ ထွက်ဆိုချက်ကိုတော့ မသိရသေးပါဘူး။
အခုအမှုနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့ ရုံးချိန်းရက်က ဦးဖြိုးမင်းသိန်းရဲ့ ဇနီး ဒေါ်ခင်မိမိကြွယ်က နေပြည်တော်ထိ လူ
ကိုယ်တိုင် လာရောက်ထွက်ဆိုခဲ့ပါတယ်။
အဲဒီနေ့က ခင်ပွန်းဖြစ်သူရဲ့ တောင်းဆိုချက်အရ ရွှေ ချောင်းတွေနဲ့ အမေရိကန် ဒေါ်လာတွေကို ဒေါ်အောင်ဆန်းစုကြည်ထံပေးဖို့ သူစီစဉ်ပေး
ခဲ့ရတာလို့ သက်သေထွက်ဆိုခဲ့ပေမယ့် အပြန်အလှန် စစ်မေးရာမှာတော့ ရွှေနဲ့ ဒေါ်လာတွေ သွားပေးရာမှာ သူပါမသွားကြောင်းနဲ့ သွားပေး
တဲ့ ရက်စွဲ အတိအကျ ကိုလည်း မမှတ်မိကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။
ဒီအမှုအတွက် တရားလိုဖြစ်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် စစ်ဆေးရေးမှူး ဦးရဲထက်ကို စစ်မေးခဲ့တုန်းကလည်း ဦးဖြိုးမင်း
သိန်း ပေးခဲ့တယ်ဆိုတဲ့ ရွှေနဲ့ဒေါ်လာတွေကို ဒေါ်အောင်ဆန်းစုကြည်ထံကနေ သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းရမိခဲ့တာ မရှိဘူးလို့
အောက်တိုဘာ ၈ ရက် ရုံးချိန်းတုန်းက ထွက်ဆို ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း “ရွှေနဲ့ ဒေါ် လာတွေကို ဦးဖြိုးမင်းသိန်းက သူ့ကိုပေးစရာ ဘာအ ကြောင်းမှမရှိဘူး၊ ယူစရာ
အကြောင်းလည်းမရှိဘူး၊ ဒါတွေအားလုံးဟာ လက်တွေ့မမြင်ရတဲ့ စိတ်ကူးနဲ့ လုပ်ကြံဖန်တီးမှုတွေသာဖြစ်တယ်” လို့ ပြီးခဲ့တဲ့
အောက်တိုဘာလ ရုံးချိန်းတစ်ခုမှာ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
ဒီနေ့ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို အရေးယူထားတဲ့ အဂတိအမှု ငါးမှုအနက် ဒီအမှု တစ်ခုတည်းကိုပဲ စစ် ဆေးခဲ့ပြီး ကျန်တဲ့အမှု
တွေအားလုံးကို လာမယ့် ဒီဇင် ဘာလ ၁၀ ရက်နေ့ကို ပြန်လည်ချိန်းဆိုလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရနိုင်တဲ့ အစိုးရလျှို့ဝှက်ချက်များဥပဒေ
ပုဒ်မ – ၃ (၁)(ဂ)၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ – ၅၅ အပါအဝင် စုစုပေါင်းအမှု ၁၁ ခုနဲ့ တရားရင်ဆိုင်နေရပါတယ်။
လတ်တလောမှာလည်း ရွေးကောက်ပွဲ မသမာမှုအပြင် နောက်ထပ် အဂတိအမှုတစ်ခုနဲ့ ထပ်မံအရေးယူခံထားရပြီး အဲဒီအမှုတွေကတော့
တရားရုံးကို မရောက်လာသေးပါဘူး။
RFA