ဒီပဲယင်းတွင် စစ်ကောင်စီတပ်မိုင်းကွင်းအတွင်းဝင်လာ၍ မိုင်းဆွဲတိုက်ခိုက်ရာ ၃၀ ထက်မနည်းသေဆုံးနိုင်ဟုထုတ်ပြန်
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများအား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့
ရာ ယနေ့တွင် မိုင်းကွင်းအတွင်း စစ်ကောင်စီတပ်သားများဝင်ရောက်လာ၍ မိုင်းဆွဲတိုက်ခိုက်ရာ ၃၀ ထက်မနည်း သေဆုံးနိုင်ကြောင်း ဂဠုန်
တပ်တော်က သတင်းထုတ်ပြန်သည်။
(ဒီဇင်ဘာလ ၃ ရက်) ညနေ ၃း၂၀ အချိန်ခန့်က ဒီပဲယင်းမြို့နယ် အနောက်ခြမ်း ဘုတ္တန်းတောတိုက်အတွင်းသို့ ဝင်ရောက်လာသော
စစ်ကောင်စီတပ်သား ၈၀ ကျော်ခန့်ကို ဂဠုန်တပ်တော်၊ ဗိုလ်ဇေယျာ Squad နှင့် ကောင်းကင်အဖွဲ့တို့မှ ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း၊
ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားများသည် မိုင်းကွင်းအတွင်းသို့ ဝင်ရောက်လာသောကြောင့် မိမိတို့ပူးပေါင်းအဖွဲ့များက
တိတိကျကျဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း၊ ၎င်းဖောက်ခွဲမှုတွင် စစ်ကောင်စီတပ်သား ၃၀ ထက်မနည်းကျဆုံးနိုင်ကြောင်း ဂဠုန်တပ်
တော်၏ စစ်ကဲမှုး ဆရာအောက်ချင်းမှအတည်ပြုကြောင်း ဂဠုန်တပ်တော်က အသိပေးသည်။
ထိုသို့ထိတွေ့မှုအပြီးတွင် ဒီပဲယင်းမြို့နယ်အတွင်းရှိ မဟာမိတ်ကာကွယ်ရေးတပ်ဖွဲ့များမှလည်း စစ်ကောင်စီတပ်ဖွဲ့အား အပြီးအပြတ်
ချေမှုန်းတိုက်ခိုက်ရန် အင်အားဖြည့်စစ်ကူပေးခဲ့ကြောင်း ဂဠုန်တပ်တော်က ထုတ်ပြန်သည်။
ဒီပဲယင်းမြို့နယ်တွင် နိုဝင်ဘာလကုန်ပိုင်းမှစတင်ကာ
အကြမ်းဖက်စစ်ကောင်စီတပ်သည် စစ်ကြောင်းများခွဲပြီး စစ်ကြောင်းထိုးခဲ့ရာ ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲများ
ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီ ဘက်မှကျဆုံးထိခိုက်မှုများရှိနေကြောင်း ဒေသခံများက ပြောသည်။ People’s Spring
ဒီပဲယင္းတြင္ စစ္ေကာင္စီတပ္မိုင္းကြင္းအတြင္းဝင္လာ၍ မိုင္းဆြဲတိုက္ခိုက္ရာ ၃၀ ထက္မနည္းေသဆုံးနိုင္ဟုထုတ္ျပန္
စစ္ကိုင္းတိုင္း၊
ဒီပဲယင္းၿမိဳ႕နယ္တြင္ အၾကမ္းဖက္စစ္ေကာင္စီတပ္သားမ်ားအား ေဒသတြင္းျပည္သူ႔ကာကြယ္ေရးအဖြဲ႕မ်ားက တိုက္ခိုက္ခဲ့ရာ ယေန႔တြင္ မိုင္းကြင္းအတြင္း
စစ္ေကာင္စီတပ္သားမ်ားဝင္ေရာက္လာ၍ မိုင္းဆြဲတိုက္ခိုက္ရာ ၃၀ ထက္မနည္း ေသဆုံးနိုင္ေၾကာင္း ဂဠဳန္တပ္ေတာ္က သတင္းထုတ္ျပန္သည္။
ယေန႔(ဒီဇင္ဘာလ ၃ ရက္) ညေန ၃း၂၀ အခ်ိန္ခန္႔က ဒီပဲယင္းၿမိဳ႕နယ္ အေနာက္ျခမ္း ဘုတၱန္းေတာတိုက္အတြင္းသို႔ ဝင္ေရာက္လာေသာ စစ္ေကာင္စီတပ္သား ၈၀ ေက်ာ္ခန္႔ကို
ဂဠဳန္တပ္ေတာ္၊ ဗိုလ္ေဇယ်ာ Squad ႏွင့္ ေကာင္းကင္အဖြဲ႕တို႔မွ ျခဳံခိုတိုက္ခိုက္ခဲ့ေၾကာင္း၊ ယင္းတိုက္ခိုက္မႈတြင္ စစ္ေကာင္စီတပ္သားမ်ားသည္ မိုင္းကြင္းအတြင္းသို႔ ဝင္ေရာက္လာေသာေၾကာင့္ မိမိတို႔ပူးေပါင္းအဖြဲ႕မ်ားက
တိတိက်က်ေဖာက္ခြဲတိုက္ခိုက္နိုင္ခဲ့ေၾကာင္း၊ ၎ေဖာက္ခြဲမႈတြင္ စစ္ေကာင္စီတပ္သား ၃၀ ထက္မနည္းက်ဆုံးနိုင္ေၾကာင္း ဂဠဳန္တပ္ေတာ္၏ စစ္ကဲမႈး ဆရာေအာက္ခ်င္းမွအတည္ျပဳေၾကာင္း ဂဠဳန္တပ္ေတာ္က အသိေပးသည္။
ထိုသို႔ထိေတြ႕မႈအၿပီးတြင္ ဒီပဲယင္းၿမိဳ႕နယ္အတြင္းရွိ မဟာမိတ္ကာကြယ္ေရးတပ္ဖြဲ႕မ်ားမွလည္း စစ္ေကာင္စီတပ္ဖြဲ႕အား အၿပီးအျပတ္ေခ်မႈန္းတိုက္ခိုက္ရန္ အင္အားျဖည့္စစ္ကူေပးခဲ့ေၾကာင္း ဂဠဳန္တပ္ေတာ္က ထုတ္ျပန္သည္။
ဒီပဲယင္းၿမိဳ႕နယ္တြင္ နိုဝင္ဘာလကုန္ပိုင္းမွစတင္ကာအၾကမ္းဖက္စစ္ေကာင္စီတပ္သည္ စစ္ေၾကာင္းမ်ားခြဲၿပီး စစ္ေၾကာင္းထိုးခဲ့ရာ
ေဒသတြင္းျပည္သူ႔ကာကြယ္ေရးအဖြဲ႕မ်ားႏွင့္ တိုက္ပြဲမ်ားဆက္တိုက္ျဖစ္ပြားေနၿပီး စစ္ေကာင္စီ ဘက္မွက်ဆုံးထိခိုက္မႈမ်ားရွိေနေၾကာင္း ေဒသခံမ်ားက ေျပာသည္။ People’s Spring