ၾကားသိသမွ်

အလုပ်လုပ်ချင်တဲ့ CDM တပ်မတော်သားနဲ့ရဲအချို့အတွက် NUG အလုပ်စတင်ဖန်တီးပေး

အလုပ်လုပ်ချင်တဲ့ CDM တပ်မတော်သားနဲ့ရဲအချို့အတွက် NUG အလုပ်စတင်ဖန်တီးပေး

ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)လုပ်ပြီး ပြည်သူနဲ့ပူးပေါင်းလာတဲ့ တပ်မတော်သားတွေနဲ့ ရဲတပ်သားတွေအနက်အချို့က

အလုပ်လုပ်ချင်ကြတဲ့အတွက် တော်လှန်ရေးကို အကူအညီဖြစ်စေမယ့် အလုပ်မျိုးတွေ စတင်ဖန်တီးပေးနေတယ်လို့ ပြည်သူ့ရင်ခွင်

ကော်မတီဝင် မကြည်ပြာက လူထုနွေဦးကို ပြောပါတယ်။

ကရင်ပြည်နယ်ကို ရောက်နေတဲ့ CDMတပ်မတော်သားအချို့ဟာ အုတ်ရိုက်အလုပ် ကူညီလုပ်ကိုင်ပေးနေပြီး အမျိုးသားညီညွတ်ရေး

အစိုးရ(NUG)က ဖွဲ့စည်းပေးထားတဲ့ ကော်မတီကစီစဥ်ပေးထားတာလို့လည်း မကြည်ပြာက ပြောပါတယ်။

“သူတို့က အလုပ်လုပ်ချင်တယ်ပြောပါတယ်။ ပိုက်ဆံရတဲ့အလုပ်မျိုးထက် တစ်နေရာရာမှာ ပြန်ပါ၀င်လုပ်ဆောင်ချင်တာမျိုးပါ။ အလုပ်လို့

ဆိုရာမှာ ငွေကြေးနဲ့အလုပ်မျိုးကတော့ရှားပါတယ်။တခြားကဏ္ဏတွေမှာ တာ၀န်တွေယူပြီး တော်လှန်ရေးအတွက်ကူနေကြသူတွေတော့ရှိပါ

တယ်”လို့ သူမက ဆက်ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)မှ ခေါင်းဆောင်တစ်ဦးကလည်း “CDM တွေဟာ ထိုင်စားရမှာအားနာကြတယ်။ ဒါ

ကြောင့်လုပ်အားပေးနေကြတာ။ သူတို့ကိုလက်ခံထားတဲ့ စခန်းတွေက အလုပ်ရှိအောင်ဝိုင်းရှာပေးနေကြတာ”လို့ ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်မှုတွေပြုလုပ်ပြီးနောက် ပြည်သူ့ဘက် ရပ်တည်ဖို့ဆက်သွယ်လာတဲ့

CDM တပ်မတော်သားနဲ့ ရဲတပ်သား တစ်သောင်းကျော်ရှိနေပြီလို့လည်း သိရပါတယ်။

အဲဒီထဲက ရဲတပ်သားတွေက အများဆုံးလို့လည်း မကြည်ပြာက ဆိုပါတယ်။

ဒါ့အပြင် ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ တပ်မတော်သားတွေထဲမှာ (၃) မျိုး (၃)စားတွေ့ရပါတယ်လို့လည်း ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဥ်

အကောင်အထည်ဖော်မှုကော်မတီ အတွင်းရေးမှူးအဖွဲ့က ပြောပါတယ်။

“PDFတွေ၊ EAOsတွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို ပြန်တိုက်ချင်တဲ့သူ၊ လွတ်မြောက်နယ်မြေမှာပဲ အေးအေးဆေးဆေးနေပြီး အခြားနည်း

နဲ့ တော်လှန်ရေးကို ကူညီချင်သူ၊ ပိုမိုလုံခြုံတဲ့ အနောက်နိုင်ငံတွေကို ထွက်ချင်သူဆိုပြီး တွေ့ရပါတယ်”လို့ အတွင်းရေးမှူးအဖွဲ့က ပြောပါ

တယ်။ဒါပေမယ့် ပထမအမျိုးအစားကတော့ အများဆုံးလို့လည်း ဆက်ပြောပါတယ်။

ကော်မတီအနေနဲ့ CDM တပ်မတော်သားတွေနဲ့ ရဲတပ်သားတွေအားလုံးကို လိုအပ်တဲ့အလုပ်အကိုင် စီစဉ်ပေးနိုင်ခြင်းမရှိသေးပေမယ့် အခု

လောလောဆယ်မှာ စာရင်းကောက်ခံရရှိသမျှကို စားသောက်စရိတ် တစ်ဦးလျှင် တစ်လ ၄သောင်းထောက်ပံ့ပေးနေသလို အခြားအရေးပေါ်

လိုအပ်ချက်တွေအတွက်လည်း ထောက်ပံ့ပေးနေတယ်လို့ အတွင်းရေးမှူးအဖွဲ့က ပြောပါတယ်။

တော်လှန်ရေးမှာ ပြန်လည်ပါဝင်လိုတဲ့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေရဲ့ အင်အား၊ အတွေ့အကြုံနဲ့ အသိပညာတွေကို အပြည့်အဝ

အသုံးပြုဖို့အတွက် ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ် အကောင်အထည် ဖော်မှုကော်မတီနဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနဲ့

လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနတို့က ပူးပေါင်းပြီး စီစဉ်ဆောင်ရွက်နေပါတယ်။ People’s Spring