ဗန်းမော်တွင် စစ်ကောင်စီတပ်၏ မော်တော်ဘုတ်နှစ်စီးကို ကေအိုင်အေပူးပေါင်းတပ်များတိုက်ခိုက်
ဗန်းမော် – ဒီဇင်ဘာ ၃၊ ၂၀၂၁။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ တင်ဆောင်ထားသော မော်တော်ဘုတ်နှစ်စီးကို ဗန်းမော်မြို့အနီး ယနေ့နံနက် ၇ နာရီခန့်က ကချင်
လွတ်မြောက်ရေးတပ် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဗန်းမော်မြို့နယ် ပါပေါင်းကျေးရွာအနီးရှိ ရွှေလုပ်ကွက်သို့ လာသည့် စစ်ကောင်စီမော်တော်ဘုတ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိနစ်
၂၀ ခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု အမည်မဖော်လိုသည့် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“စစ်ကောင်စီတွေက ရွှေဖောင်ဘက်ကို မော်တော်ဘုတ် နှစ်စီးနဲ့လာနေတာ။ အဲ့ဒါကို လမ်းမှာ KIA နဲ့ PDF က ကြားဖြတ်တွယ်လိုက်တာ
ပေါ့။ စစ်ကောင်စီအင်အားခန့်မှန်းခြေက ၇၀၊ ၈၀ လောက်ပါတယ်။ ကေအိုင်အေပူးပေါင်း တပ်ဖွဲ့ဘက်ကတော့ ထိခိုက်မှုမရှိပေမယ့် သူတို့
ဘက်ကတော့ ထိခိုက်မှုရှိနိုင်တာကတော့ မလွဲဧကန်ပါပဲ။” ဟုသူကပြောသည်။
ပါပေါင်းကျေးရွာ တစ်လျှောက်ရှိ ရွှေလုပ်ကွက်များသို့ စစ်ကောင်စီတပ်က အင်အားထပ်မံဖြည့်စွက်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း သူက
ဆက်ပြောသည်။ယနေ့နံနက် အပြန်အလှန်ပစ်ခတ်မှုကြောင့် ပါပေါင်းကျေးရွာမှ ဒေသခံတစ်ဦး၏ပေါင်တွင် ကျည်ထိမှန်ခဲ့ပြီး သတိမေ့မျော
နေသောကြောင့် ဗန်းမော်ဆေးရုံတွင် ဆေးကုသမှုခံယူရန် ပြင်ဆင်နေကြောင်း သိရသည်။
ဗန်းမော်မြို့တွင် လွန်ခဲ့သည့်နိုဝင်ဘာလ ၁၄ ရက်နေ့ ည ၈ နာရီခန့်ကလည်း ပတ်ကင်းပတ်နေသည့် စစ်ကောင်စီယာဉ်တစ်စီး မိုင်းခွဲခံရ
သည်။Source;74Media