ၾကားသိသမွ်

ရွှေတိဂုံစေတီတော်မှာ ရွှေစင်တစ်ကျပ်သားကို ငွေကျပ် ၁၆သိန်း ဖြင့် ပြန်လည် လှူဒါန်းနိုင်ပြီလို့ ဂေါပကအဖွဲ့ပြော

ရွှေဈေးတွေ ပြန်တည်ငြိမ်လာလို့ ရွှေတိဂုံစေတီတော်မှာ ရွှေစင်တစ်ကျပ်သားကို ငွေကျပ် ၁၆သိန်း ဖြင့် ပြန် လည် လှူဒါန်းနိုင်ပြီလို့ စေတီ

တော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ပြောကြားလိုက်ပါတယ်။

ယခုအခါတွင် ရွှေဈေးနှုန်းများ ပြန်လည်တည်ငြိမ်လာပြီ ဖြစ်ပြီး ဘုရားဖူး အများပြည်သူအလှူရှင်များအနေ ဖြင့် ရွှေစင်ပြားများ လှူဒါန်းလို

ပါသဖြင့် အလှူရှင်များ လှူဒါန်းနိုင်ရန်အတွက် ရွှေစင်တစ်ကျပ်သားလျှင် ငွေကျပ် ၁၆သိန်း သတ်မှတ်အလှူခံမည့်အကြောင်း


ရွှေတိဂုံစေတီတော်ရင်ပြင် တောင်ဘက်ရှေးဟောင်း ဗုဒ္ဓ ရုပ်ပွား‌တော်များ တန်ဆောင်းမှာ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပက

အဖွဲ့က ဩဝါဒါစရိယဆရာ တော်ကြီးများထံမှ ဩဝါဒခံယူပွဲ အခမ်းအနားတွင် လျှောက်ထားခဲ့ရာ ဩဝါဒါစရိယ ဆရာတော်ကြီးများက

သင့်မြတ်ကြောင်း ဩဝါဒကထာများ မြွက်ကြား တော်မူခဲ့ပါတယ်လို့ ဆိုပါတယ်။


ယင်းအခမ်းအနားတွင် သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး ရွှေ တိဂုံစေတီတော်ဘဏ္ဍာတော်

ထိန်းဂေါပကအဖွဲ့ သြဝါဒါစရိ ယ၊ ဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသ၊အဂ္ဂမ ဟာပဏ္ဍိတ၊ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွာမပရိယတ္တိစာသင်

တိုက်၊ ပဓာန နာယကဆရာတော်ထံမှ…


လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရားနာကြား၍ ရေစက်ချအမျှပေးဝေခဲ့ပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို

ဆုတောင်း၍ ရုပ်သိမ်းခဲ့ကြ တယ်လို့ဆိုပါတယ်။

ေရႊေဈးေတြ ျပန္တည္ၿငိမ္လာလို႔ ေရႊတိဂုံေစတီေတာ္မွာ ေရႊစင္တစ္က်ပ္သားကို ေငြက်ပ္ ၁၆သိန္း ျဖင့္ ျပန္ လည္ လႉဒါန္းနို

င္ၿပီလို႔ ေစတီေတာ္ ဘ႑ာေတာ္ထိန္းေဂါပကအဖြဲ႕က ေျပာၾကားလိုက္ပါတယ္။

ယခုအခါတြင္ ေရႊေဈးႏႈန္းမ်ား ျပန္လည္တည္ၿငိမ္လာၿပီ ျဖစ္ၿပီး ဘုရားဖူး အမ်ားျပည္သူအလႉရွင္မ်ားအေန ျဖင့္ ေရႊစင္ျပားမ်ား

လႉဒါန္းလိုပါသျဖင့္ အလႉရွင္မ်ား လႉဒါန္းနိုင္ရန္အတြက္ ေရႊစင္တစ္က်ပ္သားလၽွင္ ေငြက်ပ္ ၁၆သိန္း သတ္မွတ္အလႉခံမည့္အေၾကာင္း

ေရႊတိဂုံေစတီေတာ္ရင္ျပင္ ေတာင္ဘက္ေရွးေဟာင္း ဗုဒၶ ႐ုပ္ပြား‌ေတာ္မ်ား တန္ေဆာင္းမွာ ေရႊတိဂုံေစတီေတာ္

ဘ႑ာေတာ္ထိန္း ေဂါပကအဖြဲ႕က ဩဝါဒါစရိယဆရာ ေတာ္ႀကီးမ်ားထံမွ ဩဝါဒခံယူပြဲ အခမ္းအနားတြင္ ေလၽွာက္ထားခဲ့ရာ

ဩဝါဒါစရိယ ဆရာေတာ္ႀကီးမ်ားက သင့္ျမတ္ေၾကာင္း ဩဝါဒကထာမ်ား ႁမြက္ၾကား ေတာ္မူခဲ့ပါတယ္လို႔ ဆိုပါတယ္။

ယင္းအခမ္းအနားတြင္ သံဃာေတာ္အရွင္သူျမတ္တို႔အား လႉဖြယ္ဝတၳဳမ်ား ဆက္ကပ္လႉဒါန္းၾကၿပီး ေရႊ တိဂုံေစတီေတာ္ဘ႑ာေ

တာ္ ထိန္းေဂါပကအဖြဲ႕ ၾသဝါဒါစရိ ယ၊ ဆရာေတာ္ ဘဒၵႏၲတိေလာကာဘိဝံသ၊အဂၢမ ဟာပ႑ိတ၊ နိုင္ငံေတာ္ဩဝါဒါစရိယ၊

ရြာမပရိယတၱိစာသင္တိုက္၊ ပဓာန နာယကဆရာေတာ္ထံမွ…

လႉဒါန္းမႈအစုစုအတြက္ အႏုေမာဒနာတရားနာၾကား၍ ေရစက္ခ်အမၽွေပးေဝခဲ့ၿပီး အခမ္းအနားကို “ဗုဒၶသာသနံစိရံတိ႒တု”

သုံးႀကိမ္ရြတ္ဆိုဆုေတာင္း၍ ႐ုပ္သိမ္းခဲ့ၾက တယ္လို႔ဆိုပါတယ္။