ၾကားသိသမွ်

ဘဏ်ဝန်ထမ်းတွေရဲ့ ကျင့်ဝတ်မစောင့်ထိန်းတဲ့ လုပ်ရပ်ကို ဖော်လိုက်ပါပြီ (အတွင်းလူ အကုန်ဖော်ပြီ)

ဘဏ်ဝန်ထမ်းတွေလူလည်ကျပြီး ဘဏ်ကပ်စတန်မာအပေါ်မှာကျင့်ဝတ်မစောင့်ထိန်းတဲ့လုပ်ရပ်ကို ဘဏ်ဝန်ထမ်းမိသားစုဝင်ဆီက ကြားရ

တယ်။ရာခိုင်နှုန်းနဲ့လုပ်စားကြတာ နယ်မြို့ကလေးတစ်ခုမှာတင် ဘဏ်အသေးတစ်ခုကဝန်ထမ်းတွေဟာ

နစကအာဏာထိန်းတဲ့ ဖေဖေါ်ဝါရီလကနေ အခုနိုဝင်ဘာလကုန်အထိ ၁၀ လတာ ကာလမှာ လိုင်စင်နဲ့ကားတွေဝယ်စီးနိုင်တဲ့အထိဖြစ်တယ်

လို့သိရတယ်။ဘဏ်ဝန်ထမ်းတွေက ဘဏ်ဖေါက်သည်ကပ်စတန်မာထက်ပိုပြီး အခွင့်အရေးယူလုပ်စားနေတာကို အထက်အဆင့်ဆင့်က

မန်နေဂျာများကလည်း သိသိနဲ့ မသိချင်ယောင်ဆောင်နေကြသလို၊


အဆင့်တူ၊အဆင့်နိမ့် တခြားဝန်ထမ်းတွေကလည်း သူလုပ်တာသူ့အကြောင်း၊ သူ့ကိစ္စ ကိုယ့်ကိစ္စမဟုတ်ဘူးလို့ မျက်နှာလွှဲနေကြတာရှိနေပါ

တယ်။အထက်အဆင့်ဆင့်ကမန်နေဂျာများ၊ ဘဏ်တစ်ခုလုံးရဲ့ ဒါရိုက်တာများ၊ မန်နေဂျင်းဒါရိုက်တာများ၊ CEO ဆိုသူများ၊ ဘဏ်ပိုင်ရှင်ဆို

သူများက မိမိတို့ဘဏ်ရဲ့ အောက်ခြေမှာ ဖြစ်ပျက်နေတာကို အလုံးစုံသိကြပါရဲ့လားလို့မေးမြန်းချင်ပါတယ်။

ကပ်စတန်မာတွေဟာ တိုကင်တွေရဖို့ဖုန်းဆက်ပေမဲ့ တိုကင်မရခြင်း၊ အွန်လိုင်းအပွိုင့်မန့်လုပ်ပေမဲ့ သတ် မှတ်တဲ့အချိန်နာရီအစမှာပင်

တစ်နေ့တာအတွက် သတ် မှတ်တဲ့ လူဦးရေပြည့်နေခြင်း။ ဥပမာ- မနက် ၉ နာရီမှာ ငွေထုတ်ဖို့အွန်လိုင်းအပွိုင့်မန့်ယူဖို့သတ်မှတ်ထားပေမဲ့

၉နာရီမှာ သတ်မှတ်တဲ့ Link, App ကိုဝင်ရောက်တဲ့အခါမှာ သတ်မှတ်တဲ့ဦးရေကပြည့်နေခြင်း။


၎င်းလူဦးရေမှာ ဘဏ်ဝန်ထမ်းများနဲ့ ပြုလုပ်ထားတဲ့ ပူးတွဲအကောင့် များဖြစ်နေခြင်း၊ ဝန်ထမ်းများက ၎င်းတို့မိသားစုဝင်များနှင့်၊ သူငယ်ချင်း

များနှင့်၊ ဘဏ်ဝန်ထမ်းအချင်းချင်း ပူးတွဲအကောင့်များဖွင့်ကာ ငွေထုတ်ဖို့အတွက် တိုကင်ယူတဲ့အခါ၊ အွန်လိုင်းအပွိုင့်မန့်ယူတဲ့အခါ ၎င်းတို့

ပူးတွဲအကောင့်များနဲ့ လက်ဦးမှုရယူထားတဲ့အတွက် ရိုးသားတဲ့ဘဏ်ဖေါက်သည်များမှာ ငွေထုတ်ယူခွင့်မရနိုင်တာတွေ့ရပါတယ်။

၎င်းလုပ်ရပ်များသည် Insider trading လို့ခေါ်ရမယ်ထင်ပါတယ်။ ဘဏ်ဖေါက်သည်များကို ဦးစားပေးဆောင်ရွက်ခြင်းမရှိပဲ၊ ဝန်ထမ်းများ

ရဲ့ Join account များကနေ ရာခိုင်နှုန်းနဲ့ ငွေထုတ်ပေးခြင်း၊ ငွေထုတ်ရန်တိုကင်များရယူထားခြင်း၊ အွန်လိုင်းအပွိုင့်မန့်များကို ကြိုတင်

လက်ဦးမှုရယူထားခြင်းတို့က ကျင့်ဝတ်အရမလုပ်သင့်ပါဘူး။

စကစအစိုးရ၊ဗဟိုဘဏ်၊ သက်ဆိုင်ရာ စီမံ/ဘဏ္ဍာဝန်ကြီးဌာန၊ပုဂ္ဂလိကဘဏ်တွေက အကြီးတန်းအရာရှိတွေ၊ စီအီးအိုတွေ၊ ဘဏ်ပိုင်ရှင်

များနှင့် ဘဏ်အစုရှ ယ်ယာပိုင်ရှင်များအနေနဲ့ မိမိတို့ရဲ့ဘဏ်များရဲ့အခြေအနေကို ကပ်စတန်မာများနဲ့တွေ့ဆုံပြီးနားထောင်စေချင်ပါတယ်။

သို့မှသာ ဘဏ်ရဲ့အောက်ခြေကအဖြစ်အပျက်များကို သိရှိပြိး ယုံကြည်မှုကင်းမဲ့ခံနေရတဲ့ မိမိတို့ရဲ့ဘဏ်ကို ပြုပြင်နိုင်မယ်လို့ အသိပေး

တိုက်တွန်းလိုက်ရပါတယ်။

ဘဏ်ဖေါက်သည်တစ်ဦး