ၾကားသိသမွ်

တူမီးတွေနဲ့ စစ်ကား ၆ စီးကို တက်သိမ်းခဲ့တဲ့ မင်းတပ် CDF များ(ရုပ်သံ)

တူမီးတွေနဲ့ စစ်ကား ၆ စီးကို တက်သိမ်းခဲ့တဲ့ မင်းတပ် CDF များ(ရုပ်သံ)

မင်းတပ်မြို့ရဲ့ ဒုတိယအကြိမ်တိုက်ပွဲအတွင်းမှာ မင်းတပ် CDF က တူမီးတွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကား ၆ စီးကို တက်သိမ်း နိုင်ခဲ့ပါတယ်။

ဒုတိယအကြိမ် မင်းတပ်တိုက်ပွဲဟာ ၂၀၂၁ ခုနှစ်မေလ၁၂ရက်နေ့မှာ စခဲ့ပြီး ၁၄ရက်နေ့မှာပဲ မင်းတပ် CDF တွေက စစ်ကားခြောက်စီးကို တူမီးတွေကိုင်ပြီးသိမ်းခဲ့ကြပါတယ်။

“ဒါဟာမင်းတပ်သမိုင်းမှာ သမိုင်းတွင့်မယ့် အရာမို့ ကြာခဲ့ပေမယ့်ပြန်တင်ပေးလိုက်ပါတယ် ” လို့ မင်းတပ် CDF တပ်ဖွဲ့ဝင်တစ်ဦးက ယနေ့ ဒီဇင်ဘာလ ၂ ရက်မှာ ရုပ်သံမှတ်တမ်းကို ဖော်ပြထားပါတယ်။

မင်းတပ် CDF တွေက စစ်ကား ၆ စီးကို သိမ်းပိုက်လိုက်နိုင်ခဲ့တဲ့နောက်ရက်မှာ အကြမ်းဖက်စစ်ကောင်စီက ရဟတ်ယာဉ်တွေပါသုံးပြီး အင်အားအများအပြားနဲ့ မင်းတပ်မြို့ကို သိမ်းခဲ့ပါတယ်။

မင်းတပ် CDF တွေဟာ ပြည်သူတွေ ထိခိုက်မှာစိုးတာကြောင့် မင်းတပ်မြို့ပေါ်ကနေ ဆုတ်ခွာပေးခဲ့ကြပါတယ်။

အဲဒီနောက်ပိုင်းမှာ မင်းတပ် CDF တွေဟာ နယ်မြေကျူးကျော်ထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို ပြောက်ကျား စစ်ဆင်ရေးတွေနဲ့ တိုက်ထုတ်နေခဲ့တာ အခုချိန်ထိပဲ ဖြစ်ပါတယ်။

သံလွင်ခက်

တူမီးေတြနဲ႔ စစ္ကား ၆ စီးကို တက္သိမ္းခဲ့တဲ့ မင္းတပ္ CDF မ်ား(႐ုပ္သံ)

မင္းတပ္ၿမိဳ႕ရဲ့ ဒုတိယအႀကိမ္တိုက္ပြဲအတြင္းမွာ မင္းတပ္ CDF က တူမီးေတြနဲ႔ အၾကမ္းဖက္စစ္ေကာင္စီတပ္ စစ္ကား ၆ စီးကို တက္သိမ္း နိုင္ခဲ့ပါတယ္။

ဒုတိယအႀကိမ္ မင္းတပ္တိုက္ပြဲဟာ ၂၀၂၁ ခုႏွစ္ေမလ၁၂ရက္ေန႔မွာ စခဲ့ၿပီး ၁၄ရက္ေန႔မွာပဲ မင္းတပ္ CDF ေတြက စစ္ကားေျခာက္စီးကို တူမီးေတြကိုင္ၿပီးသိမ္းခဲ့ၾကပါတယ္။

“ဒါဟာမင္းတပ္သမိုင္းမွာ သမိုင္းတြင့္မယ့္ အရာမို႔ ၾကာခဲ့ေပမယ့္ျပန္တင္ေပးလိုက္ပါတယ္ ” လို႔ မင္းတပ္ CDF တပ္ဖြဲ႕ဝင္တစ္ဦးက ယေန႔ ဒီဇင္ဘာလ ၂ ရက္မွာ ႐ုပ္သံမွတ္တမ္းကို ေဖာ္ျပထားပါတယ္။

မင္းတပ္ CDF ေတြက စစ္ကား ၆ စီးကို သိမ္းပိုက္လိုက္နိုင္ခဲ့တဲ့ေနာက္ရက္မွာ အၾကမ္းဖက္စစ္ေကာင္စီက ရဟတ္ယာဥ္ေတြပါသုံးၿပီး အင္အားအမ်ားအျပားနဲ႔ မင္းတပ္ၿမိဳ႕ကို သိမ္းခဲ့ပါတယ္။

မင္းတပ္ CDF ေတြဟာ ျပည္သူေတြ ထိခိုက္မွာစိုးတာေၾကာင့္ မင္းတပ္ၿမိဳ႕ေပၚကေန ဆုတ္ခြာေပးခဲ့ၾကပါတယ္။

အဲဒီေနာက္ပိုင္းမွာ မင္းတပ္ CDF ေတြဟာ နယ္ေျမက်ဴးေက်ာ္ထားတဲ့ အၾကမ္းဖက္စစ္ေကာင္စီတပ္ေတြကို ေျပာက္က်ား စစ္ဆင္ေရးေတြနဲ႔ တိုက္ထုတ္ေနခဲ့တာ အခုခ်ိန္ထိပဲ ျဖစ္ပါတယ္။

သံလြင္ခက္