ၾကားသိသမွ်

မြန်မာ့ပြဿနာ ဖြေရှင်ရေး ပြည်ပ ဝင်မစွက်ဖို့ ရုရှားသမ္မတ ပြောကြား

မြန်မာ့ပြဿနာ ဖြေရှင်ရေးး ပြည်ပ ဝင်မစွက်ဖို့ ရုရှားသမ္မတ ပြောကြား

မြန်မာနိုင်ငံကပြဿနာတွေကို ဖြေရှင်းဆောင်ရွက်ရာမှာ ပြည်ပကနေဝင်ရောက်စွက် ဖက်မှုတွေမပါဘဲ ဖြေရှင်းဆောင်ရွက်သင့်တယ်လို့

ရုရှားသမတ Vladimir Putin က ဗုဒ္ဓဟူး နေ့မှာပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ တိုင်းရင်းသားလူမျိုးစုအရေးနဲ့ ဘာသာရေးဆိုင်ရာကွဲလွဲမှုတွေကို မြန်မာပြည်သူတွေကသာဖြေရှင်းသင့်ပြီး ပြည်ပ

ကနေဝင်ရောက်ချယ်လှယ်တာမျိုးမရှိဘဲ ဖြေရှင်းဆောင်ရွက်သင့်တယ်လို့ နိုင်ငံခြားသံတမန်တွေကိုလက်ခံတဲ့ အခမ်းအနားမှာ ရုရှား

သမတပူတင်က ပြောဆိုခဲ့တာပါ။


နိုင်ငံရေးအရတွေ့ဆုံးဆွေးနွေးအဖြေရှာရေးအပေါ်မှာ အခြေခံ ပြီးမြန်မာပြည်သူတွေကဘဲ ဖြေရှင်းသင့်တယ်လို့ဆိုပါတယ်။

ရုရှားနဲ့မြန်မာရဲ့ဆက်ဆံရေးဟာ အစဉ်အလာအရ ရင်းနှီးချစ်ကြည်တဲ့ ဆက်ဆံရေးဖြစ်ပြီး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့်

စီးပွားရေး၊ စစ်ရေး၊ နည်းပညာ၊ ပညာရေး စတဲ့ ကဏ္ဍတွေမှာ တိုးတက်လာအောင်ဆောင်ရွက်နိုင်လိမ့်မယ်လို့ယုံကြည်တယ်လို့လည်း ရုရှား

သမတ ဗလာဒီမာ ပူတင်ကပြောဆိုခဲ့ပါတယ်။


မြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကပြဿနာတွေကိုငြိမ်းချမ်းစွာ ဖြေရှင်းဖို့ အရှေ့တောင်အာရှအသင်း ASEAN

က လုပ်ငန်းစဉ် ၅ ရပ်နဲ့ကြားဝင်ဆောင်ရွက် ပေးဖို့ ကျိုးပမ်းခဲ့ပေမယ့် မြန်မာစစ်အာဏာပိုင်တွေကအပြည့်အဝပူးပေါင်း ဆောင်ရွက်ခြင်း မရှိ

တဲ့အတွက် အာစီယံကမြန်မာစစ်ခေါင်းဆောင်တွေအပေါ်အရေးယူ ဆောင်ရွက်မှုတွေလုပ် ထားပါတယ်။

ဒါ့အပြင် အရပ်သားတွေအပေါ် စစ်ဆင်တိုက်ခိုက်မှုတွေကြောင့် အိုးအိမ်စွန့်ခွါ ထွက်ပြေးနေရ သူတွေသိန်းနဲ့ချီရှိလာနေကြောင်း ကုလသမဂ္ဂ

တာဝန် ရှိသူတွေကတော့ ပြောဆိုထားပါတယ်။

ျမန္မာ့ျပႆနာ ေျဖရွင္ေရးး ျပည္ပ ဝင္မစြက္ဖို႔ ႐ုရွားသမၼတ ေျပာၾကား

ျမန္မာနိုင္ငံကျပႆနာေတြကို ေျဖရွင္းေဆာင္ရြက္ရာမွာ ျပည္ပကေနဝင္ေရာက္စြက္ ဖက္မႈေတြမပါဘဲ ေျဖရွင္းေဆာင္ရြက္သင့္တယ္လို႔ ႐ုရွားသမတ Vladimir Putin က ဗုဒၶဟူး ေန႔မွာေျပာဆိုလိုက္ပါတယ္။

ျမန္မာနိုင္ငံမွာ နိုင္ငံေရး၊ တိုင္းရင္းသားလူမ်ိဳးစုအေရးနဲ႔ ဘာသာေရးဆိုင္ရာကြဲလြဲမႈေတြကို ျမန္မာျပည္သူေတြကသာေျဖရွင္းသင့္ၿပီး ျပည္ပကေနဝင္ေရာက္ခ်ယ္လွယ္တာမ်ိဳးမရွိဘဲ ေျဖရွင္းေဆာင္ရြက္သင့္တယ္လို႔ နိုင္ငံျခားသံတမန္ေတြကိုလက္ခံတဲ့ အခမ္းအနားမွာ ႐ုရွား သမတပူတင္က ေျပာဆိုခဲ့တာပါ။

နိုင္ငံေရးအရေတြ႕ဆုံးေဆြးေႏြးအေျဖရွာေရးအေပၚမွာ အေျခခံ ၿပီးျမန္မာျပည္သူေတြကဘဲ ေျဖရွင္းသင့္တယ္လို႔ဆိုပါတယ္။

႐ုရွားနဲ႔ျမန္မာရဲ့ဆက္ဆံေရးဟာ အစဥ္အလာအရ ရင္းႏွီးခ်စ္ၾကည္တဲ့ ဆက္ဆံေရးျဖစ္ၿပီး၊ ႏွစ္နိုင္ငံပူးေပါင္းေဆာင္ရြက္ျခင္းအားျဖင့္ စီးပြားေရး၊ စစ္ေရး၊ နည္းပညာ၊ ပညာေရး စတဲ့ က႑ေတြမွာ တိုးတက္လာေအာင္ေဆာင္ရြက္နိုင္လိမ့္မယ္လို႔ယုံၾကည္တယ္လို႔လည္း ႐ုရွား သမတ ဗလာဒီမာ ပူတင္ကေျပာဆိုခဲ့ပါတယ္။

ျမန္မာနိုင္ငံမွာစစ္တပ္ကအာဏာသိမ္းၿပီးေနာက္ ျမန္မာနိုင္ငံကျပႆနာေတြကိုၿငိမ္းခ်မ္းစြာ ေျဖရွင္းဖို႔ အေရွ႕ေတာင္အာရွအသင္း ASEAN က လုပ္ငန္းစဥ္ ၅ ရပ္နဲ႔ၾကားဝင္ေဆာင္ရြက္ ေပးဖို႔ က်ိဳးပမ္းခဲ့ေပမယ့္ ျမန္မာစစ္အာဏာပိုင္ေတြကအျပည့္အဝပူးေပါင္း ေဆာင္ရြက္ျခင္း မရွိတဲ့အတြက္ အာစီယံကျမန္မာစစ္ေခါင္းေဆာင္ေတြအေပၚအေရးယူ ေဆာင္ရြက္မႈေတြလုပ္ ထားပါတယ္။

ဒါ့အျပင္ အရပ္သားေတြအေပၚ စစ္ဆင္တိုက္ခိုက္မႈေတြေၾကာင့္ အိုးအိမ္စြန႔္ခြါ ထြက္ေျပးေနရ သူေတြသိန္းနဲ႔ခ်ီရွိလာေနေၾကာင္း ကုလသမဂၢတာဝန္ ရွိသူေတြကေတာ့ ေျပာဆိုထားပါတယ္။