ၾကားသိသမွ်

အာဂျင်တီးနားတရားရုံးက စကစခေါင်းဆောင်ကို တရားစွဲဆိုမယ့်အပေါ် ပြည်ပအနှောက်ယှက်ဖိအားများသာဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြောဆို

အာဂျင်တီးနားတရားရုံးက တရားစွဲဆိုမယ့်အပေါ် စကစဗိုလ်ချုပ်ဇော်မင်းထွန်းဘာပြောသလဲ?

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှုလုပ်ခဲ့တယ်ဆိုတဲ့ စွဲဆိုမှုကို အာဂျင်တီးနား

တရားရုံးက လက်ခံလိုက်တဲ့အပေါ်မှာ ဒါဟာ နိုင်ငံရေးအရဖိအားပေးမှုတခုလိုမြင်တယ်လို့ မြန်မာစစ်ကောင်စီဘက်က တုံ့ပြန်ပါတယ်။ ဒီ

စွပ်စွဲချက်တွေအပေါ် လက်ရှိ အာဏာသိမ်း စစ်အုပ်ချုပ်ရေး ကောင်စီဘက်ကတော့ လက်မခံဘဲ ပယ်ချလိုက်ပြီး ဒါဟာ နိုင်ငံရေးဖိအားပေး

မှုတခုသာ ဖြစ်တယ်လို့ စစ်အုပ်ချုပ်ရေးကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက တုံ့ပြန်ပြောဆိုသွားပါတယ်။


“တပ်မတော်အနေနဲ့ကတော့ အခြေခံဥပဒေအရ နိုင်ငံကာကွယ်ရေးနဲ့ လုံခြုံရေးမှာ မြန်မာနိုင်ငံအတွက် တာဝန်အရှိဆုံးအဖွဲ့အစည်းဖြစ်

တယ်။ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးပိုင်း ထမ်းဆောင်တဲ့နေရာမှာ မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက

အတိုင်း ပြည်တွင်းပဋိပက္ခ ဖြစ်ပွားနေတဲ့ နိုင်ငံဖြစ်တယ်။ ကျနော်တို့အနေနဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကို အဓိကထား တာဝန်

ထမ်းဆောင်နေရတယ်။ ထမ်းဆောင်တာမှာလည်း သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများနဲ့အညီ အရင်ကတည်းကလိုပဲ Code of

Conduct လို ကျင့်ဝတ် စည်းကမ်းတွေ၊ ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်းတွေရေးပြီး ဆောင်ရွက်လျှက် ရှိတယ်။


အဲလိုဆောင်ရွက်မှုအပေါ်မှာ ယခင်ကလည်း စွပ်စွဲချက်မျိုးစုံရှိခဲ့တယ်။ နောက်မှာလည်း ဒီလိုစွပ်စွဲချက်မျိုးစုံလာဦးမှာပဲ။ ကျနော်တို့ကတော့

ဥပဒေနဲ့ ညီညွှတ်တဲ့ လုပ်ငန်းမှန်သမျှကို နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်။ သို့သော် ဥပဒေနဲ့မညီညွှတ်ဘဲ နိုင်ငံရေးအရ

ဖိအားပေးတဲ့ပုံနဲ့ ဆောင်ရွက်တာမျိုးကိုတော့ ကျနော်တို့ အနေနဲ့ လက်ခံမှာ မဟုတ်ဘူးလို့ပဲ ပြောချင်ပါတယ်။”

“မြန်မာနိုင်ငံကို ဖိအားပေးလာတာကတော့ ဒီအုပ်စုတွေကတော့ အစိုးရ အဆက်ဆက်သာ ပြောင်းလဲမယ်၊ ဒီဖိအားတော့ပြောင်းလဲတာမရှိ

ပါဘူး။ ဒါတွေနဲ့ပတ်သတ်လို့ နိုင်ငံတကာဆက်ဆံရေးနဲ့ပတ်သက်ပြီး ကျနော်တို့ရဲ့နိုင်ငံခြားရေးမူဝါဒအတိုင်းပဲ လွတ်လပ်တက်ကြွပြီး ဘက်

မလိုက်တဲ့ ဝါဒကျင့်သုံးမယ်။ ငြိမ်းချမ်းစွာတူယဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက်အတိုင်း ကျနော်တို့ဆောင်ရွက်မယ်။ နောက် နိုင်ငံတကာ မိတ်

ဝတ်မပျက်ဆက်ဆံရေးကို ဦးတည်ဆောင်ရွက်မှာဖြစ်ပါ တယ်။

ဒါနဲ့ပတ်သက်လို့ ဖိအားဆိုတာကတော့ အရင်ကတည်းကအတိုင်း လိုရင် လိုသလို မလိုရင်မလိုသလို ပေးနေကြတာပဲ ဖြစ်ပါတယ်။

လွတ်လပ်ရေးနဲ့ အချုပ်အခြာခိုင်မြဲရေး၊ မြန်မာပြည်တည်တံ့ ခိုင်မြဲရေးကိုပဲဦးစားပေးပြီး ကာကွယ်စောင့်ရှောက်သွားမှာဖြစ်ပါတယ်။”

မြန်မာစစ်တပ်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုလက်မခံသလို ခုလို တရားစွဲတာတွေကို အသိအမှတ်မပြုဘူးလို့ ပြောဆိုထားခဲ့ဖူးပါ

တယ်။