ၾကားသိသမွ်

ဗိုလ်လောင်းအရည်အချင်း ကန့်သတ်ချက်အသစ်များ ထွက်ပြီ

“ဒါမှမဟုတ် ဖျက်သိမ်းဘို့လိုပြီ”

# DSA (Defence Services Academy)၀င်ခွင့်အတွက်..

ဗိုလ်လောင်းအရည်အချင်း ကန့်သတ်ချက်အသစ်များ ထွက်ပြီ။

ဒေါ်စိန်အေး ၀င်ခွင့်က ….ကိုယ်အလေးချိန် ပြည့်/မပြည့်စစ်ဆေးတယ် လို့ ကြားဘူးတယ် …ဒါပေမဲ့ ကျပ် ပြည့်/မပြည့် စစ်ဆေးပုံ မရဘူး ။

မျက်လုံး ကောင်း/မကောင်းစစ်ဆေးတယ် လို့ ကြားဘူးတယ် ….ဒါပေမဲ့ ဦးဏှောက် ကောင်း/ မကောင်းစစ်ဆေးပုံမရဘူး။

အရပ် မှီ/မမှီစစ်ဆေးတယ်လို့ ကြားဘူးတယ် ….ဒါပေမဲ့ ဥာဏ်ရည် မှီ/မမှီ စစ်ဆေးပုံမရဘူး။


ဘာကြောင့်လဲ ဆိုတော့ ….ရာသီဥတု (Wealther ) မကောင်းလို့တက် ပြင်ခိုင်းတဲ့ ၀န်ကြီးဟာဒေါ်စိန်အေးဆင်း ဖြစ်နေတယ်။

ရေသန့် (Ph 7) ကို ပိုကောင်းတဲ့ Ph 9အဆင့်အထိ ထုတ်လုပ်ဖို့ ညွှန်ကြားတဲ့၀န်ကြီးဟာ ဒေါ်စိန်အေး ဆင်းဖြစ်နေတယ်။

ဆိုက္ကားနင်းပြီး စင်္ကာပူကို အမှီလိုက်မယ်ပြောခဲ့သူဟာ ဒေါ်စိန်အေးဆင်း ဖြစ်နေတယ်။


နိုင်ငံတော် ကို ကာကွယ်ဘို့စစ်တပ်က လယ်ယာမြေတွေသိမ်းရတာလို့ ပြောတဲ့ ဒုသမ္မတဟောင်းဟာဒေါ်စိန်အေးဆင်း ဖြစ်နေတယ်။

ပညာရေးဆိုတာ ပြန်မရနိုင်တဲ့အရင်းအနှီးလို့ ပြောတဲ့ သမ္မတဟောင်းဦးသိန်းစိန်ဟာ ဒေါ်စိန်အေးဆင်း ဖြစ်နေတယ်။

အသက် (၆၀) ပြည့်ရင် နိုင်ငံ၀န်ထမ်းဥပဒေအရ ပင်စင်ယူရမယ်လို့ ပြောပြီးမှအသက် (၆၀) ပြည့်သွားတော့ စစ်တပ်မှာ

သူ့လောက် ကျပ်ပြည့်တဲ့ လူမရှိဘူးဆိုပြီးပင်စင်မယူတဲ့ ဗလောင်းဗလဲ ဟာလည်းဒေါ်စိန်အေးဆင်း ဖြစ်နေတယ်။


အဲဒီတော့ အကြံပြုလိုတာက …ဒေါ်စိန်အေး ကျောင်းစဝင်ကတည်းက …

ကိုယ်အလေးချိန် ပြည့်/မပြည့် စစ်ဆေးသလိုကျပ် ပြည့်/မပြည့် စစ်ဆေးဘို့ လိုပြီ။

မျက်လုံး ကောင်း/မကောင်း စစ်ဆေးသလိုဦးဏှောက်ကောင်း/မကောင်း လည်းစစ်ဆေးဘို့ လိုပြီ။

အရပ် မှီ/မမှီ စစ်ဆေးသလိုဥာဏ်ရည် မှီ/မမှီ လည်း စစ်ဆေးဘို့ လိုပြီ။ဒါမှမဟုတ် ဖျက်သိမ်းဘို့လိုပြီ။

Credit to;

“ဒါမွမဟုတ္ ဖ်က္သိမ္းဘို႔လိုၿပီ”

# DSA (Defence Services Academy)၀င္ခြင့္အတြက္..

ဗိုလ္ေလာင္းအရည္အခ်င္း ကန္႔သတ္ခ်က္အသစ္မ်ား ထြက္ၿပီ။

ေဒၚစိန္ေအး ၀င္ခြင့္က ….ကိုယ္အေလးခ်ိန္ ျပည့္/မျပည့္စစ္ေဆးတယ္ လို႔ ၾကားဘူးတယ္ …ဒါေပမဲ့ က်ပ္ ျပည့္/မျပည့္ စစ္ေ

ဆးပုံ မရဘူး ။


မ်က္လုံး ေကာင္း/မေကာင္းစစ္ေဆးတယ္ လို႔ ၾကားဘူးတယ္ ….ဒါေပမဲ့ ဦးေဏွာက္ ေကာင္း/ မေကာင္းစစ္ေဆးပုံမရဘူး။

အရပ္ မွီ/မမွီစစ္ေဆးတယ္လို႔ ၾကားဘူးတယ္ ….ဒါေပမဲ့ ဥာဏ္ရည္ မွီ/မမွီ စစ္ေဆးပုံမရဘူး။

ဘာေၾကာင့္လဲ ဆိုေတာ့ ….

ရာသီဥတု (Wealther ) မေကာင္းလို႔တက္ ျပင္ခိုင္းတဲ့ ၀န္ႀကီးဟာေဒၚစိန္ေအးဆင္း ျဖစ္ေနတယ္။

ေရသန္႔ (Ph 7) ကို ပိုေကာင္းတဲ့ Ph 9အဆင့္အထိ ထုတ္လုပ္ဖို႔ ညႊန္ၾကားတဲ့၀န္ႀကီးဟာ ေဒၚစိန္ေအး ဆင္းျဖစ္ေနတယ္။

ဆိုကၠားနင္းၿပီး စကၤာပူကို အမွီလိုက္မယ္ေျပာခဲ့သူဟာ ေဒၚစိန္ေအးဆင္း ျဖစ္ေနတယ္။

နိုင္ငံေတာ္ ကို ကာကြယ္ဘို႔စစ္တပ္က လယ္ယာေျမေတြသိမ္းရတာလို႔ ေျပာတဲ့ ဒုသမၼတေဟာင္းဟာေဒၚစိန္ေအးဆင္း ျဖ

စ္ေနတယ္။


ပညာေရးဆိုတာ ျပန္မရနိုင္တဲ့အရင္းအႏွီးလို႔ ေျပာတဲ့ သမၼတေဟာင္းဦးသိန္းစိန္ဟာ ေဒၚစိန္ေအးဆင္း ျဖစ္ေနတယ္။

အသက္ (၆၀) ျပည့္ရင္ နိုင္ငံ၀န္ထမ္းဥပေဒအရ ပင္စင္ယူရမယ္လို႔ ေျပာၿပီးမွအသက္ (၆၀) ျပည့္သြားေတာ့ စစ္တပ္မွာ

သူ႔ေလာက္ က်ပ္ျပည့္တဲ့ လူမရွိဘူးဆိုၿပီးပင္စင္မယူတဲ့ ဗေလာင္းဗလဲ ဟာလည္းေဒၚစိန္ေအးဆင္း ျဖစ္ေနတယ္။

အဲဒီေတာ့ အႀကံျပဳလိုတာက …ေဒၚစိန္ေအး ေက်ာင္းစဝင္ကတည္းက …

ကိုယ္အေလးခ်ိန္ ျပည့္/မျပည့္ စစ္ေဆးသလိုက်ပ္ ျပည့္/မျပည့္ စစ္ေဆးဘို႔ လိုၿပီ။

မ်က္လုံး ေကာင္း/မေကာင္း စစ္ေဆးသလိုဦးေဏွာက္ေကာင္း/မေကာင္း လည္းစစ္ေဆးဘို႔ လိုၿပီ။

အရပ္ မွီ/မမွီ စစ္ေဆးသလိုဥာဏ္ရည္ မွီ/မမွီ လည္း စစ္ေဆးဘို႔ လိုၿပီ။ဒါမွမဟုတ္ ဖ်က္သိမ္းဘို႔လိုၿပီ။
Credit to;