လှေမှောက်ပြီးပျောက်ဆုံးနေတဲ့ PDF လူငယ်တစ်ဦးရဲ့အလောင်း ၃ ရက်အကြာမှာ ပြန်ရှာတွေ့
ပြည်သူ့အတွက် အသက်ပေးတိုက်ပွဲဝင်လျက်ရှိသော PDF ရဲဘော် (၂) ဦးဟာ နိုဝင်ဘာ ၂၈ ရက်နေ့က သေန တ်ပစ်လေ့ကျင့်ပြီးအပြန် မြစ်
တစ်ခုမှာ လှေနစ်ပြီး ဆုံး ပါးသွားခဲ့ပါတယ်။ လှေပေါ်မှာ အားလုံးပေါင်းရဲဘော် (၉) ယောက်ရှိပြီး (၇) ယောက် ကမ်းပေါ်ပြန်ရောက်လာနိုင်ခဲ့
ပြီး ကံမကောင်းစွာပဲ (၂) ယောက်ရေထဲမှာ နစ်ကျန်ခဲ့တယ်။
အနီးနားရွာက ရွာသားတွေရယ် ရဲဘော်တချို့ရယ် ရေငုတ်ရှာဖွေခဲ့ပေမဲ့လဲ မနက်ပိုင်းမှာလုံးဝမတွေ့ခဲ့ပါဘူး။ ညနေလောက်ကျတော့ Body
တစ်ခုကိုပြန်ရှာတွေ့ခဲ့ပါတယ်။ ရှိနေတဲ့နယ်မြေရဲ့ ဓလေ့အရ နေ့မကူးခင်အားခြင်းပဲ မြေချခဲ့ရတယ်။
ရှာလို့မတွေ့သေးပဲ ကျန် Body နောက်တစ်ခုကို မနေ့က ၃ရက်မြောက်နေ့ မနက်မှာရှာတွေ့ခဲ့ပါတယ်။ ၃ရက်မြောက်နေ့ဖြစ်တာကြောင့်
ရဲဘော်လေးတွေအတွက် သက်ပျောက်ဆွမ်းကပ်ခဲ့ကြတယ်။ နောက်ပြီး အသုဘမြေချမှာ အခမ်းနားပုံစံနဲ့ပါပြုလုပ်နိုင်ခဲ့ကြတယ်။ ပုံမှန်
စစ်ရေးစစ်ရာအတိုင်း အမိန့်စာပြန်၊
အလေးပြုတာအပြင် ကဗျာရွက်ပြီး ကမ္ဘာမကြေသီ ချင်းကို ဟစ်ကြွေးလို့ သေသူရဲဘော်တွေအတွက် ဂုဏ်ပြုခဲ့ကြတယ်။ သူ့တို့မိဘတွေ
အနေနဲ့လဲ သူတို့သားတွေဆုံးတာဟာ စစ်အာဏာရှင်ကိုတော်လှန်ဖို့အတွက် စစ် ပညာသင်နေရင်းဆုံးပါးသွားတာ ဖြစ်တဲ့အတွက် ဂုဏ်ယူ
တယ်ဆိုတဲ့အကြောင်းလဲ စကားပါးလိုက်ပါတယ်။
#PDFNewsflash
ေလွေမွာက္ၿပီးေပ်ာက္ဆုံးေနတဲ့ PDF လူငယ္တစ္ဦးရဲ့အေလာင္း ၃ ရက္အၾကာမွာ ျပန္ရွာေတြ႕
ျပည္သူ႔အတြက္ အသက္ေပးတိုက္ပြဲဝင္လ်က္ရွိေသာ PDF ရဲေဘာ္ (၂) ဦးဟာ နိုဝင္ဘာ ၂၈ ရက္ေန႔က ေသန တ္ပစ္ေလ့က်င့္ၿပီးအျပ
န္ ျမစ္တစ္ခုမွာ ေလွနစ္ၿပီး ဆုံး ပါးသြားခဲ့ပါတယ္။ ေလွေပၚမွာ အားလုံးေပါင္းရဲေဘာ္ (၉) ေယာက္ရွိၿပီး (၇) ေယာက္ ကမ္းေ
ပၚျပန္ေရာက္လာနိုင္ခဲ့ၿပီး ကံမေကာင္းစြာပဲ (၂) ေယာက္ေရထဲမွာ နစ္က်န္ခဲ့တယ္။
အနီးနားရြာက ရြာသားေတြရယ္ ရဲေဘာ္တခ်ိဳ႕ရယ္ ေရငုတ္ရွာေဖြခဲ့ေပမဲ့လဲ မနက္ပိုင္းမွာလုံးဝမေတြ႕ခဲ့ပါဘူး။ ညေနေလာက္က်ေတာ့
Body တစ္ခုကိုျပန္ရွာေတြ႕ခဲ့ပါတယ္။ ရွိေနတဲ့နယ္ေျမရဲ့ ဓေလ့အရ ေန႔မကူးခင္အားျခင္းပဲ ေျမခ်ခဲ့ရတယ္။
ရွာလို႔မေတြ႕ေသးပဲ က်န္ Body ေနာက္တစ္ခုကို မေန႔က ၃ရက္ေျမာက္ေန႔ မနက္မွာရွာေတြ႕ခဲ့ပါတယ္။ ၃ရက္ေျမာက္ေန႔ျဖ
စ္တာေၾကာင့္ ရဲေဘာ္ေလးေတြအတြက္ သက္ေပ်ာက္ဆြမ္းကပ္ခဲ့ၾကတယ္။ ေနာက္ၿပီး အသုဘေျမခ်မွာ အခမ္းနားပုံစံ
နဲ႔ပါျပဳလုပ္နိုင္ခဲ့ၾကတယ္။ ပုံမွန္စစ္ေရးစစ္ရာအတိုင္း အမိန႔္စာျပန္၊
အေလးျပဳတာအျပင္ ကဗ်ာရြက္ၿပီး ကမၻာမေၾကသီ ခ်င္းကို ဟစ္ေႂကြးလို႔ ေသသူရဲေဘာ္ေတြအတြက္ ဂုဏ္ျပဳခဲ့ၾက
တယ္။ သူ႔တို႔မိဘေတြအေနနဲ႔လဲ သူတို႔သားေတြဆုံးတာဟာ စစ္အာဏာရွင္ကိုေတာ္လွန္ဖို႔အတြက္ စစ္ ပညာသင္ေနရင္းဆုံးပါးသြား
တာ ျဖစ္တဲ့အတြက္ ဂုဏ္ယူတယ္ဆိုတဲ့အေၾကာင္းလဲ စကားပါးလိုက္ပါတယ္။
#PDFNewsflash