ၾကားသိသမွ်

မြန်မာစစ်တပ်နှင့် တာလီဘန်ကိုယ်စားလှယ်များကို ကုလသမဂ္ဂသို့ ဝင်ရောက်ခွင့်ပြုရန် မရှိသေး

မြန်မာစစ်တပ်နှင့် တာလီဘန်ကိုယ်စားလှယ်များကို ကုလသမဂ္ဂသို့ ဝင်ရောက်ခွင့်ပြုရန် မရှိသေး

ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၁

ယနေ့ဒီဇင်ဘာ ၁ ရက်တွင်ကျင်းပရန်ရှိသော ကုလသမဂ္ဂကော်မတီတခုအစည်းအဝေးတွင် မြန်မာအကြမ်းဖက်စစ်တပ်က တင်သွင်းသော

ကိုယ်စားလှယ်နှင့် အာဖဂန်နစ္စတန်နိုင်ငံရှိ တာလီဘန်များတင်သွင်းသော ကိုယ်စားလှယ်တို့ကို နိုင်ငံ ၁၉၃ နိုင်ငံပါဝင်သည့်ကုလသမဂ္ဂအဖွဲ့

ထံ ဝင်ရောက်ခွင့်ပြုရန် မရှိသေးကြောင်း သံတမန်များကပြောသည်။

ယခုနှစ်တွင် ဖြုတ်ချခံခဲ့ရသော ၂ နိုင်ငံမှအစိုးရအဖွဲ့များနှင့် တာလီဘန်၊ မြန်မာအာဏာသိမ်း အကြမ်းဖက်စစ်တပ်တို့က ကုလသမဂ္ဂတွင်

ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရရန် အပြိုင်ကြိုးစားနေကြပြီး တာလီဘန်နှင့်အကြမ်းဖက်စစ်တပ်တို့ကို ကုလသမဂ္ဂကလက်ခံပါက ထို

အဖွဲ့အစည်း ၂ ဖွဲ့ရယူရန်ကြိုးစားနေသည့် နိုင်ငံတကာအသိအမှတ်ပြုမှုရရန် ခြေတလှမ်းတိုးလိုက်နိုင်မည် ဖြစ်သည်။


ရုရှား၊ တရုတ်နှင့် အမေရိကန်အပါအဝင် အဖွဲ့ဝင် ၉ နိုင်ငံပါသော ကုလသမဂ္ဂကိုယ်စားလှယ် အရည်အချင်းစစ်ဆေးရေးကော်မတီ (UN

credentials committee) က ကုလသမဂ္ဂရုံးချုပ်တွင်တွေ့ဆုံပြီး လက်ရှိကုလသမဂ္ဂအထွေထွေညီလာခံ၏ ၁၉၃ နိုင်ငံစလုံးမှ

ကိုယ်စားလှယ်များကို အရည်အသွေးပြည့်မီကြောင်း ဆုံးဖြတ်မည်ဖြစ်သည်။

မြန်မာနှင့်အာဖဂန် ၂ နိုင်ငံစလုံးမှလက်ရှိသံအမတ်ကြီးများကိုသာ နေရာတွင်ဆက်လက်အတည်ပြုထားပြီး ထိုနိုင်ငံများမှကိုယ်စားလှယ်

များတင်သွင်းမှုကို ကော်မတီကရွှေ့ဆိုင်းရန်ရှိနေသည်ဟု အမည်မဖော်လိုသောသံတမန် ၄ ယောက်က ရိုက်တာသတင်းအေဂျင်စီကို

ပြောသည်။


ဘာဟားမား၊ ဘူတန်၊ ချီလီ၊ နမီးဘီးယား၊ ဆွီဒင်နှင့် ဆီအာရာလီယွန်းနိုင်ငံတို့လည်း ကော်မတီတွင်ပါဝင်ပြီး ယခုနှစ်မကုန်မီ ကိုယ်စားလှယ်

အားလုံး အရည်အသွေးပြည့်မီမှု အစီရင်ခံစာကို ကုလသမဂ္ဂအထွေထွေညီလာခံထံ တင်သွင်းပြီး ခွင့်ပြုချက်ရယူမည်ဖြစ်သည်။

အစဉ်အလာအရ သံအမတ်ကြီးများ၏ အရည်အသွေးပြည့်မီမှုကို သဘောထားမဲခွဲခြင်းအားဖြင့် ကော်မတီသာမက ကုလသမဂ္ဂအထွေထွေ

ညီလာခံကပါ ဆုံးဖြတ်လေ့ရှိသည်ဟု သံတမန်များကပြောသည်။ Source – Reuters

ျမန္မာစစ္တပ္ႏွင့္ တာလီဘန္ကိုယ္စားလွယ္မ်ားကို ကုလသမဂၢသို႔ ဝင္ေရာက္ခြင့္ျပဳရန္ မရွိေသး

ကုလသမဂၢ၊ ဒီဇင္ဘာ ၁

ယေန႔ဒီဇင္ဘာ ၁ ရက္တြင္က်င္းပရန္ရွိေသာ ကုလသမဂၢေကာ္မတီတခုအစည္းအေဝးတြင္ ျမန္မာအၾကမ္းဖက္စစ္တပ္က တင္သြင္းေသာကိုယ္

စားလွယ္ႏွင့္ အာဖဂန္နစၥတန္နိုင္ငံရွိ တာလီဘန္မ်ားတင္သြင္းေသာ ကိုယ္စားလွယ္တို႔ကို နိုင္ငံ ၁၉၃ နိုင္ငံပါဝင္သည့္ကုလသမဂၢအဖြဲ႕ထံ ဝ

င္ေရာက္ခြင့္ျပဳရန္ မရွိေသးေၾကာင္း သံတမန္မ်ားကေျပာသည္။

ယခုႏွစ္တြင္ ျဖဳတ္ခ်ခံခဲ့ရေသာ ၂ နိုင္ငံမွအစိုးရအဖြဲ႕မ်ားႏွင့္ တာလီဘန္၊ ျမန္မာအာဏာသိမ္း အၾကမ္းဖက္စစ္တပ္တို႔က ကုလသမဂၢတြင္

ကိုယ္စားလွယ္အျဖစ္ ေရြးခ်ယ္ခံရရန္ အၿပိဳင္ႀကိဳးစားေနၾကၿပီး တာလီဘန္ႏွင့္အၾကမ္းဖက္စစ္တပ္တို႔ကို ကုလသမဂၢကလက္ခံပါက ထို

အဖြဲ႕အစည္း ၂ ဖြဲ႕ရယူရန္ႀကိဳးစားေနသည့္ နိုင္ငံတကာအသိအမွတ္ျပဳမႈရရန္ ေျခတလွမ္းတိုးလိုက္နိုင္မည္ ျဖစ္သည္။

႐ုရွား၊ တ႐ုတ္ႏွင့္ အေမရိကန္အပါအဝင္ အဖြဲ႕ဝင္ ၉ နိုင္ငံပါေသာ ကုလသမဂၢကိုယ္စားလွယ္ အရည္အခ်င္းစစ္ေဆးေရးေကာ္မတီ

(UN credentials committee) က ကုလသမဂၢ႐ုံးခ်ဳပ္တြင္ေတြ႕ဆုံၿပီး လက္ရွိကုလသမဂၢအေထြေထြညီလာခံ၏ ၁၉၃ နိုင္ငံစလုံးမွကိုယ္

စားလွယ္မ်ားကို အရည္အေသြးျပည့္မီေၾကာင္း ဆုံးျဖတ္မည္ျဖစ္သည္။

ျမန္မာႏွင့္အာဖဂန္ ၂ နိုင္ငံစလုံးမွလက္ရွိသံအမတ္ႀကီးမ်ားကိုသာ ေနရာတြင္ဆက္လက္အတည္ျပဳထားၿပီး ထိုနိုင္ငံမ်ားမွကိုယ္စားလွယ္မ်ားတင္သြ

င္းမႈကို ေကာ္မတီကေရႊ႕ဆိုင္းရန္ရွိေနသည္ဟု အမည္မေဖာ္လိုေသာသံတမန္ ၄ ေယာက္က ရိုက္တာသတင္းေအဂ်င္စီကို ေျပာသည္။

ဘာဟားမား၊ ဘူတန္၊ ခ်ီလီ၊ နမီးဘီးယား၊ ဆြီဒင္ႏွင့္ ဆီအာရာလီယြန္းနိုင္ငံတို႔လည္း ေကာ္မတီတြင္ပါဝင္ၿပီး ယခုႏွစ္မကုန္မီ ကိုယ္

စားလွယ္အားလုံး အရည္အေသြးျပည့္မီမႈ အစီရင္ခံစာကို ကုလသမဂၢအေထြေထြညီလာခံထံ တင္သြင္းၿပီး ခြင့္ျပဳခ်က္ရယူမည္ျဖစ္သည္။

အစဥ္အလာအရ သံအမတ္ႀကီးမ်ား၏ အရည္အေသြးျပည့္မီမႈကို သေဘာထားမဲခြဲျခင္းအားျဖင့္ ေကာ္မတီသာမက ကုလသမဂၢအေ

ထြေထြညီလာခံကပါ ဆုံးျဖတ္ေလ့ရွိသည္ဟု သံတမန္မ်ားကေျပာသည္။
Source – Reuters