မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ချင်းတွင်းမြစ်ရိုးအောက်ဒေသ(ပကဖ)နှင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများတိုက်ပွဲဖြစ်ပွားရာ
ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးအပါအဝင် ၈ဦးသေဆုံး၊သေဆုံးသွားသည့် ဗိုလ်ကြီးမှာ မုံရွာသားဖြစ်နေ
စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ် ဖတ်ခတ်ကျေးရွာအနီးမှာ မနေ့ကနိုဝင်ဘာ၃၀ရက်နေ့ မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ချင်းတွင်း
မြစ်ရိုးအောက်ဒေသ(ပကဖ)အဖွဲ့နှင့်အကြမ်းဖက်စစ်ကောင်စီတပ်သားများ တိုက်ပွဲဖြစ်ပွားရာ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးအပါအဝင်
အကြမ်းဖက်စစ်ကောင်စီတပ်သား ၈ဦးသေဆုံးခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရရှိသူများရှိတယ်လို့ သိရှိရပါတယ်။
ဒဏ်ရာရသူနှင့်သေဆုံးသူတွေကို မော်တော်၄စီးဖြင့် မိုးကာအစိမ်းအုပ်၍ မင်းကင်းမြို့နယ် ပန်းဆက်ကျေးရွာသို့ သယ်ယူသွားပြီး အဲ့ဒီ
သေဆုံးသည့်ထဲမှာ ဗိုလ်ကြီးအဆင့်ရှိသူကိုတော့ ပန်းဆက်ကျေးရွာကနေ စစ်ရဟတ်ယာဉ်ဖြင့် လာရောက်ခေါ်ဆောင်သွားတယ်လို့ သိရှိရပါ
တယ်။မင်းကင်းတိုက်ပွဲမှာ သေဆုံးသွားသည့်ဗိုလ်ကြီးအဆင့်ရှိသူသည် မုံရွာမြို့ တက္ကသိုလ်ဆရာမ(ကျူတာ)အမျိုးသားတစ်ဦးဖြစ်တယ်လို့
သိရှိရပြီး မုံရွာသားတစ်ဦးဖြစ်တယ်လို့လည်းပြည်သူ့သတင်းမီဒီယာ RNAမှ လတ်တလောသိရှိရပါတယ်။
ဒီအကြောင်းအရာတွေနဲ့ပက်သက်ပြီး RNAမှ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါသည်။
ဒဏ်ရာရသူနှင့်သေဆုံးသူတွေကို မော်တော်၎စီးဖြင့် မိုးကာအစိမ်းအုပ်၍ မင်းကင်းမြို့နယ် ပန်းဆက်ကျေးရွာသို့
သယ်ယူသွားပြီး အဲ့ဒီသေဆုံးသည့်ထဲမှာ ဗိုလ်ကြီးအဆင့်ရှိသူကိုတော့ ပန်းဆက်ကျေးရွာကနေ စစ်ရဟတ်ယာဉ်ဖြင့် လာရောက်ေ
ခ်ါဆောင်သွားတယ်လို့ သိရှိရပါတယ်။