ၾကားသိသမွ်

NUG ၏ “အောင်လံလွှင့်ချီ နွေဦးထီ” ကံထူးသူ ၇၈ ဦးရှိသည့်အနက် ၅၅ ဦးက ဆုကြေးငွေများကို ပြန်လည်လှူဒါန်း

NUG ၏ “အောင်လံလွှင့်ချီ နွေဦးထီ” ကံထူးသူ ၇၈ ဦးရှိသည့်အနက် ၅၅ ဦးက ဆုကြေးငွေများကို ပြန်လည်လှူဒါန်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG ) ၏ “အောင်လံလွှင့်ချီ နွေဦးထီ” ကံထူးသူ ၇၈ ဦးရှိသည့်အနက် ၅၅ ဦးက ဆုကြေးငွေများကို

ပြန်လည်လှူဒါန်းခဲ့ကြောင်း ယနေ့ ဒီဇင်ဘာလ ၁ ရက်တွင် NUGက သတင်းထုတ်ပြန်သည်။

ဆုကြေးအနေဖြင့် တစ်ဆုလျှင် ငွေကျပ် ၁၅ သိန်း အညီအမျှ သတ်မှတ်ထားပြီး ၅၅ ဦး၏ ပြန်လည်လှူဒါန်းငွေပမာဏသည် ကျပ်ငွေ ၈၂၅

သိန်း ဖြစ်သည်။

နိုဝင်ဘာလအတွက် ထီပေါက်စဉ်ကို အောင်လံလွှင့်ချီနွေဦးထီ Page Messenger Chat Box တွင် ထီပေါက်စဉ်ကိုရွေးကာ ထီတိုက်နိုင်ပြီး

ကံထူးသူများကို နွေဦးထီ အေးဂျင့်များမှ ဆက်သွယ်အကြောင်းကြားပေးမည်ဖြစ်ကြောင်း “အောင်လံလွှင့်ချီ နွေဦးထီ” ဖေ့ဘွတ်ခ် ပေ့ခ်ျတွင်

ဖော်ပြထားသည်။


” နွေဦးထီကို ပြန်ထိုးကြတဲ့ CDM ဝန်ထမ်းတွေလည်း ရှိတယ်။ တချို့ဝန်ထမ်းတွေဆိုရင် နွေဦးထီက ရရှိလာတဲ့ချီးမြှင့်ငွေကို မယူဘဲ

တကယ်လိုအပ်နေတဲ့ CDM ဝန်ထမ်းတွေကို ပြန်လှူပြီး ရဲဘော်ရဲဘက်စိတ်နဲ့ တော်လှန်တိုက်ပွဲဝင်နေကြပါတယ်။ အောင်လံလွှင့်ချီ နွေဦး

ထီရဲ့ အောင်မြင်ရေးအတွက် ပြည်သူများအနေဖြင့် တော်လှန်ရေးအောင်စိတ်ဖြင့် အားပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်” ဟု NUG ၏

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ယမန်နေ့တွင် ပြုလုပ်သည့် အောင်လံလွှင့်ချီ

နွေဦးထီဖွင့်ပွဲ အခမ်းအနားတွင် ပြောသည်။


ဒီဇင်ဘာလအတွက် နွေဦးထီလက်မှတ်များကိုလည်း ယနေ့ နံနက် ၁၀ နာရီမှစတင် ရောင်းချသွားမည် ဖြစ်သည်။

ထီပေါက်ပါက ဆုငွေကို “ယူမှာလား၊ ပြန်လှူမှာလား” ဆိုသည့် ရွေးချယ်မှုကို သတ်မှတ်ထည့်သွင်းထားပြီး ထီရောင်းချရသည့် ငွေ ၇၀

ရာခိုင်နှုန်းကို CDM ဝန်ထမ်းများဆီ လွှဲအပ်သွားမည်ဖြစ်ကာ ၃၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီက အောင်ဘာလေထီ ရောင်းချရငွေ၏ ၇၀ ရာခိုင်နှုန်းထိ တိုးမြှင့်ပြီး ထီဆုများချီးမြှင့်မည်ဟု

ဆိုထားသော်လည်း ယခုလတွင် ကျပ်သိန်း ၅‚၀၀၀ ဆုသာ အမြင့်ဆုံးချီးမြှင့်နိုင်ခဲ့ကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲ၏ ထုတ်ပြန်ချက်

အရ သိရသည်။

အရပ်သားအစိုးရ လက်ထက် ဇန်နဝါရီလအထိ အောင်ဘာလေထီဖွင့်ပွဲတွင် အမြင့်ဆုံးအဖြစ် ကျပ်သိန်း ၁၅‚၀၀၀ ဆု အထိ ချီးမြှင့်ပေးနိုင်ခဲ့

သော်လည်း စစ်တပ်က အကြမ်းဖက် အာဏာသိမ်းယူပြီးနောက် အမြင့်ဆုံးထီဆုချီးမြှင့်ငွေသည် များစွာလျော့ကျလာခြင်းဖြစ်သည်။

NUG ၏ “ေအာင္လံလႊင့္ခ်ီ ေႏြဦးထီ” ကံထူးသူ ၇၈ ဦးရွိသည့္အနက္ ၅၅ ဦးက ဆုေၾကးေငြမ်ားကို ျပန္လည္လႉဒါန္း

အမ်ိဳးသားညီညြတ္ေရးအစိုးရ (NUG ) ၏ “ေအာင္လံလႊင့္ခ်ီ ေႏြဦးထီ” ကံထူးသူ ၇၈ ဦးရွိသည့္အနက္ ၅၅ ဦးက ဆုေၾကးေငြမ်ားကို ျပန္လည္လႉဒါန္းခဲ့ေၾကာင္း ယေန႔ ဒီဇင္ဘာလ ၁ ရက္တြင္ NUGက သတင္းထုတ္ျပန္သည္။

ဆုေၾကးအေနျဖင့္ တစ္ဆုလၽွင္ ေငြက်ပ္ ၁၅ သိန္း အညီအမၽွ သတ္မွတ္ထားၿပီး ၅၅ ဦး၏ ျပန္လည္လႉဒါန္းေငြပမာဏသည္ က်ပ္ေငြ ၈၂၅ သိန္း ျဖစ္သည္။

နိုဝင္ဘာလအတြက္ ထီေပါက္စဥ္ကို ေအာင္လံလႊင့္ခ်ီေႏြဦးထီ Page Messenger Chat Box တြင္ ထီေပါက္စဥ္ကိုေရြးကာ ထီတိုက္နိုင္ၿပီး ကံထူးသူမ်ားကို ေႏြဦးထီ ေအးဂ်င့္မ်ားမွ ဆက္သြယ္အေၾကာင္းၾကားေပးမည္ျဖစ္ေၾကာင္း “ေအာင္လံလႊင့္ခ်ီ ေႏြဦးထီ” ေဖ့ဘြတ္ခ္ ေပ့ခ္်တြင္ ေဖာ္ျပထားသည္။

” ေႏြဦးထီကို ျပန္ထိုးၾကတဲ့ CDM ဝန္ထမ္းေတြလည္း ရွိတယ္။ တခ်ိဳ႕ဝန္ထမ္းေတြဆိုရင္ ေႏြဦးထီက ရရွိလာတဲ့ခ်ီးျမႇင့္ေငြကို မယူဘဲ တကယ္လိုအပ္ေနတဲ့ CDM ဝန္ထမ္းေတြကို ျပန္လႉၿပီး ရဲေဘာ္ရဲဘက္စိတ္နဲ႔ ေတာ္လွန္တိုက္ပြဲဝင္ေနၾကပါတယ္။

ေအာင္လံလႊင့္ခ်ီ ေႏြဦးထီရဲ့ ေအာင္ျမင္ေရးအတြက္ ျပည္သူမ်ားအေနျဖင့္ ေတာ္လွန္ေရးေအာင္စိတ္ျဖင့္ အားေပးၾကဖို႔ ေမတၱာရပ္ခံအပ္ပါတယ္” ဟု NUG ၏ စီမံကိန္း၊ ဘ႑ာေရးႏွင့္ ရင္းႏွီးျမဳပ္ႏွံမႈ ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးတင္ထြန္းနိုင္က ယမန္ေန႔တြင္ ျပဳလုပ္သည့္ ေအာင္လံလႊင့္ခ်ီ ေႏြဦးထီဖြင့္ပြဲ အခမ္းအနားတြင္ ေျပာသည္။

ဒီဇင္ဘာလအတြက္ ေႏြဦးထီလက္မွတ္မ်ားကိုလည္း ယေန႔ နံနက္ ၁၀ နာရီမွစတင္ ေရာင္းခ်သြားမည္ ျဖစ္သည္။

ထီေပါက္ပါက ဆုေငြကို “ယူမွာလား၊ ျပန္လႉမွာလား” ဆိုသည့္ ေရြးခ်ယ္မႈကို သတ္မွတ္ထည့္သြင္းထားၿပီး ထီေရာင္းခ်ရသည့္ ေငြ ၇၀ ရာခိုင္ႏႈန္းကို CDM ဝန္ထမ္းမ်ားဆီ လႊဲအပ္သြားမည္ျဖစ္ကာ ၃၀ ရာခိုင္ႏႈန္းကို ဆုမဲအျဖစ္ ျပန္လည္ ေပးအပ္ခဲ့ျခင္း ျဖစ္သည္။

အာဏာသိမ္းၿပီးေနာက္ပိုင္းတြင္ စစ္ေကာင္စီက ေအာင္ဘာေလထီ ေရာင္းခ်ရေငြ၏ ၇၀ ရာခိုင္ႏႈန္းထိ တိုးျမႇင့္ၿပီး ထီဆုမ်ားခ်ီးျမႇင့္မည္ဟု ဆိုထားေသာ္လည္း ယခုလတြင္ က်ပ္သိန္း ၅‚၀၀၀ ဆုသာ အျမင့္ဆုံးခ်ီးျမႇင့္နိုင္ခဲ့ေၾကာင္း ေအာင္ဘာေလ သိန္းဆုဌာနခြဲ၏ ထုတ္ျပန္ခ်က္အရ သိရသည္။

အရပ္သားအစိုးရ လက္ထက္ ဇန္နဝါရီလအထိ ေအာင္ဘာေလထီဖြင့္ပြဲတြင္ အျမင့္ဆုံးအျဖစ္ က်ပ္သိန္း ၁၅‚၀၀၀ ဆု အထိ ခ်ီးျမႇင့္ေပးနိုင္ခဲ့ေသာ္လည္း စစ္တပ္က အၾကမ္းဖက္ အာဏာသိမ္းယူၿပီးေနာက္ အျမင့္ဆုံးထီဆုခ်ီးျမႇင့္ေငြသည္ မ်ားစြာေလ်ာ့က်လာျခင္းျဖစ္သည္။