ၾကားသိသမွ်
ထူးဆန်းသောဖြစ်ရပ်
ထူးဆန်းသောဖြစ်ရပ်
စကစ တက်မယ့် ဘယ်ညီလာခံမဆို ဝိုင်းဝန်းကန့်ကွက်သံတွေသော်သော်ညံနေတဲ့အချိန်မှာ Interpol ညီလာခံကြတော့ ဘာကန့်ကွက်သံ
မှမကြားရဘဲ စကစ ရဲချုပ်မောင်သန်းလှိုင်လည်း ညီလာခံမှာပျော်ပျော်ရွှင်ရွှင်ဘဲ တက်ခွင့်ရခဲ့တယ် ။
အပျော်တွေကလွန်ပြီး နိုင်ငံဖြတ်ကျော်မှုခင်းများအတွက် ရာဇဝတ်သားလွှဲပြောင်းရေးကို တက်တက်ကြွကြွလက်မှတ်ထိုးခဲ့တယ်။
ညီလာခံကြီးပြီးလို့ လေယဉ်ပေါ်ထိုင်မလို့ကြံတုန်း “အာဂျင်တီးနားတရားရုံးက စကစကိုတရားစွဲတဲ့အမှူလက်ခံလိုက်ပြီ” သတင်းလည်း
တက်လာရော ထိုင်ရမလို၊ထရမလိုဖြစ်သွားလေသလားမသိပါဘူး။
တရားရုံးကလည်း နောက်တပတ်မှာအမှုကိုစတင်ကြားနာတော့မှာမို့ တရားရုံးထုံးစံအရ တရားခံရော၊တရားလိုတွေရော ဖိတ်ကြားရတော့
မှာပါ ။တရားလိုကတော့ အာဂျင်တီးနားကိုရောက်နေပြီး သူ့အမှုလိုက်ရှေ့နေတွေနဲ့ တရားရုံးတက်ဘို့ အဆင်သင့်အနေအထားဖြစ်နေပါပြီ ။
တရားခံဟုစွပ်စွဲခံထားရတဲ့စကစလည်း မကြာခင်ရက်မှာတရားရုံးက ဆင့်ခေါ်စာ လက်ခံရရှိမှာသေချာမလွဲပါ ။
ပထမရုံးချိန်းဆိုတော့ စကစတဖွဲ့လုံး ကိုဗစ်လိုလို၊နှာစေးတာလိုလို၊ဖြစ်နေလို့ ခွင့်တိုင်ကောင်းတိုင်ပါလိမ့်မယ်။ခွင့်တိုင်ရင်လည်းတရားရုံးက
ကြည်ကြည်ဖြူဖြူလက်ခံပြီး ဒုတိယရုံးချိန်းရက်ကို ထပ်ပေးမှာပေါ့ ။
**မောင်သန်းလှိုင်လည်း နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုလွှဲပြောင်းရေးပူပူနွေးနွေးအားရပါးရလက်မှတ်ထိုးခဲ့တာဆိုတော့ ပထမဆုံးဝရမ်းကပ်ခံ
ရာဇဝတ်သားတွေကိုဘယ်လိုပုံ၊ဘယ်လိုနည်းတွေနဲ့လွှဲပြောင်းပေးမလဲဆိုတာလည်းစိတ်ဝင်စားစရာကောင်းလှပါပေရဲ့။**
**ကမ္ဘာကြီးက မင်းတို့လယ်တယ်ဆိုတာ ခြေရာခွက်ထဲမှာလည်နေတာပါ လို့ လက်တွေ့ပြလိုက်သလိုပါဘဲ။**
Crd
ထူးဆန်းသောဖြစ်ရပ်။