အောင်ဆန်းသူရိယ သူရဲကေါင်းဘွဲ့တွေ ရာချီပေးရတော့မယ်
လတ်လတ်ဆတ်ဆတ် ရှေ့တန်းသတင်းတပုဒ်
သတင်းပေးတဲ့သူမှာ နေရာဒေသ ဓါတ်ပုံပါရှိတယ်
PDF အသက် ၃၀ ခန့် လူငယ် ရန်သူ့စစ်ကြောင်းကို မိုင်းသွားဆွဲတာ
အပိုင်တွယ်တာမို့ ရန်သူ့ဘက်ကတော့ အတုန်းအရုန်းကျကုန်တာပေါ့
ဘာ တခုမှားခဲ့လည်း မသိ သူ့ခြေတဘက်ပါထိသွားတယ်
ခြေထောက်က မပြတ်ဘဲ တန်းလန်းကြီးကျန်နေတာ
သူ့ဒါးနဲ့ သူ့ဘာသာ ခုတ်ဖြတ်ပြီး ပြန်ဆုတ်လာခဲ့သတဲ့
(စကစ စစ်တပ်နဲ့ သတ္တိချင်း ခုလိုယှဉ်ရဲသူတွေ ခလေးတွေမှ အများကြီးရယ်)
၁ မိုင်ခရီးကို ခြေ ၁ ပေါင်ကျိုး🦵 နဲ့ ဘယ်လိုပြန်ဆုတ်ခဲ့လဲ မစဉ်းစားရဲဘူး
သူမသေဘူး စိတ်ဓါတ်လည်း မကျတဲ့အပြင် သူ သတ်နိုင်ခဲ့တာကို ကျေနပ်နေတယ်
သမီးလေး ၁ ယောက်တောင် သူ့မှာ ရှိသေးသတဲ့လေ
အာဂ လူစွမ်းကောင်းကြားကြားချင်းဘဲ ကိုယ့်စိတ်ထဲမှာ ကြိတ်ပြီးဆုံးဖြတ်ပါတယ်
တော်လှန်ရေးအပြီး ပြည်တော်ပြန်ချိန်မှာဒီလိုမျိုး တော်လှန်ရေးရဲဘော်ဟောင်းတွေ ကျဆုံးသွားသူတွေ
လက်ရှိစစ်မှုထမ်း ခလေးတွေရဲ့ကိစ္စတွေကို နိုင်သမျှဝိုင်းလုပ်ပေးပါမယ်မြို့ပေါ် နယ်ဘက် တောရွာပါမကျန်
သူရဲကေါင်းဘွဲ့တွေ တသီချည်းရှိနေပါပြီတကယ်တိုက်ပြီဆိုရင် နောက်ထပ်လည်း လာလတ္တံ့တွေရှိဦးမှာ
တဘက်မှာလည်း လူမှုထူးချွန်တွေမှ အများကြီးCDM တွေလည်းရှိနေတုန်းဘဲ SP တွေလည်း ထုနဲ့ဒေး
ခုနောက်ဆုံး Bond ဝယ်တဲ့ကိစ္စရောဝက်ဝက်ကွဲနော် ဝိုင်းဝယ်လိုက်ကြတာမှာ
ပထမရက်ပိုင်းမှာဘဲ ဘဏ် ဆာဗာကျသွားတယ်(စင်ကပူသတင်းစာမှာပါ ပါခဲ့တယ်)
ဒါမျိုးက Internet မှာ နံပါတ် ဝမ်းလို စင်ကပူတောင် ၁၀ နှစ်မှ ၁ ခါလောက် ဖြစ်တောင့်ဖြစ်ခဲကြီး
ဟောခု ငွေတွေ ဒလဟောဝင်လာလို့ ချက်နိုင်ငံဘက်က ဘဏ်မှာပါ မျက်လုံးတွေပြူးပြီး
System ကိုခဏနားထားရတယ် ဒီဇင်ဘာ ၆ ရက်ထိ တပတ် ယာယီအရောင်းရပ်သတဲ့
နို့မိုဆို System Breakdown ဖြစ်ကုန်ရင် ဟိုးလေးတကျော်ကျော်ဖြစ်ဦးမှာ
ပြည်သူတွေ ညီချက် နာကျည်းချက် အောင်စိတ်တွေ ပြင်းထန်ချက်နော်ခု ခေတ်စားနေတဲ့စကါး ဘာတဲ့ဟ ⁉️
Treasury Bond ဝယ်တဲ့ *အမွေဆက်ခံသူနေရာမှာ NUG* တဲ့ဗျာ
ခုလိုမျိုး စွန့်လွှတ်အနစ်နာခံသူတွေကိုမှ’လူမှုထူးချွန်’ လို့ မခေါ်ထိုက်ပေဘူးလါး ⁉️
ကျွန်တော့်တူမ အိမ်အကူလေးနော်ဒေါ်လါ ၅၀၀ ဘိုးဝယ်တာ
အမွေဆက်ခံသူနေရာမှာ NUG တဲ့ဗျာကိုယ်တောင် နည်းနည်းရှက်သွားမိတယ်
ကိုင်း နောက်ဆို နိုင်မှာလား ရှုံးမှာလါး လို့ဘယ်သူလာမေးဦးမလဲ ⁉️ 🤷♀️